ထူးထူးဆန်းဆန်းသူစွဲလမ်း အစီအစဉ်များတင်ဆက်ပြသလေ့ ရှိသည့် TLC ရုပ်သံအစီအစဉ်
ဟာ အများနဲ့ မတူတစ်မူထူးခြားသည့် ပြောင်းဆန်မှုန့် ကိုသာစားတတ်သည့် သူ၊ ဆံပင်အ
ခြောက်ခံစက်ဖြင့် သာအိပ်တတ်သည့် သူ စသည်ဖြင့်  ထူးထွေဆန်းပြားသည့် လူများ၏အကျင့်
စရိုက်များအားတင်ဆက်လေ့ ရှိပါတယ်...
ယခုသတင်းပါတ်တွင် စတင်မည့် အစီအစဉ်သစ်များတွင်တော့ ယခင်ပြသခဲ့ သည်များထက်ပိုမို
ဆန်းပြားသည့် အဖြစ်အပျက်များပါရှိမှာဖြစ်တယ်လို့ ကတိပေးထားပါတယ်...
တတိယနှစ်ပါတ်လည်အစီအစဉ်မှာဆိုယင် ထူးထူးဆန်းဆန်း ပလတ်စတစ်များကို စားရမှကျေ
နပ်သည့် ဆယ်ကျော်သက်ရွယ်ကာင်မလေး ကေလင်း ရဲ့ အကြောင်းလည်း ပါဝင်နေပါတယ်...
ကယ်လီဖိုးနီးယားပြည်နယ်၊ စက္ကရာမင်တို အရပ်မှ အသက် ၁၈ နှစ်အရွယ်ရှိ ဆယ်ကျော်သက်
မလေးဟာ လွန်ခဲ့ သည့် ၁၁ နှစ်အတွင်း သူမအနေဖြင့် ပလတ်စတစ်ပစ္စည်းပေါင်း ၆၀၀၀၀
ကျော်ကိုစားခဲ့ ပြီးဖြစ်သည်ဟု ယုံကြည်နေပြီး သူမဟာ သာမာန်အစားအစာထက် ပလတ်စတစ်
ကိုသာ ပိုပြီးစွဲလမ်းနေပါတယ်....
ရေသန့် ဗူးခွံများစားလို့ ကတော့ ကြိုက်သလောက်သာစားပါကွယ်...
ကောက်ပေးပါ့ မယ်...
Strange addiction: Kailyn, 18, from Sacramento, California, is hooked on eating plastic and believes she has eaten over 60,000 items over the past 11 years
နမူနာပြသည့် ရုပ်သံပြကွက်အတိုလေးတွင် သူမအား ရေပုလင်းခွံများမှသည် စီဒီချပ်ပြားများ
အထိ ပလတ်စတစ်ပစ္စည်းမျိုးစုံအား စားနေသည်ကိုတွေ့ ရှိရမှာဖြစ်ပါတယ်...
သူမစားခဲ့ သည့် ပစ္စည်းများစာရင်းတွင်တီဗီရီမုဒ်ကွန်ထရိုး ၁၂ခု၊ ပုတီးစေ့ ၅၀၀၀ ကျော်၊ ဖျော်
ရည်ခွက်များတွင် အသုံးပြုသည့် ပလတ်စတစ်မွှေတံ ၁၀၀၀ ကျော်၊ ပလတ်စတစ်ခရင်း ၁၀၀၊
ရေပုလင်းခွံ ၁၀ ဗူးခန့် ၊ ချိုလိမ်ကလည်း ၂ ခု၊ စီဒီဗူး ၃ခု၊ ပလတ်စတစ်အင်္ကျီချိတ် ၅၀ နှင့် ပ
လတ်စတစ် ခွက်အဖုံး ၂၅ ခု တို့ ပါဝင်ကြောင်း ရိုက်ကူးနေသည့် ရုပ်သံကင်မရာရှေ့ တွင်ပြော
ကြားခဲ့ ပါတယ်....
ပလတ်စတစ်ဟာ ကျွန်မလိုအပ်နေတဲ့ အရာတစ်ခုလို့ ခံစားရပါတယ် လို့ လည်းသူမက ၀န်ခံ
ပြောကြားခဲ့ ပါတယ်...
ပလတ်စတစ်ကိုဘာကြောင့် များနှစ်သက်စွဲလမ်းနေပါသလည်းလို့ မေးမြန်းခဲ့ ရာမှာတော့ သူမ
က ပလတ်စတစ်ရဲ့ ဖွဲ့ စည်းပုံ၊ ပုံသဏ္ဍာန်က အရသာထက်ပိုပြီးသူမကိုစွဲဆောင်စေပါတယ်လို့ 
ဖြေကြားခဲ့ ပါတယ်....
ဘာဂါမကြိုက်၊ ဂျေဒိုးနတ် မခုံမင်...ဗူးခွံကိုသာ တွယ်တာမိပါတဲ့ 
အိုနှမငယ်...
Favourite snack: Kailyn believes she has eaten over 60,000 plastic goods, and will even choose it over food
စားလိုက်ယင်ကျွတ်ကျွတ်လေးဖြစ်နေပြီး မာဆတ်ဆတ်နေပေမယ့် ချောမွေ့ တဲ့ တည်ဆောက်
ပုံလည်းရှိတာမို့ နှစ်သက်မိပါတယ်လို့ သူမကဆိုပါတယ်...
ဒါစားနေရယင်ကို အဟာရမြောက်နေတော့ တာပါပဲ...
Staple diet: One of the things Kailyn eats most frequently are cocktail swords for drinks
တီဗီရမုဒ်ရဲ့ ပုံသဏ္ဍာန်၊အရသာကိုက သူမကိုအကြိုက်ဆုံးအစားအစာတစ်ခုဖြစ်နေစေပါတယ်...
အဲဒီအကြိုက်ဆုံးအစားအစာကိုစားရမယ်ဆိုယင် ပထမဦးဆုံးခလုပ်ကလေးတွေကို ကိုက်ဖဲ့ ပြီး
စားရတာပါပဲလို့ လည်းသူမကဆိုပြန်ပါသေးတယ်...
သူမအနေနှင့် မကြာခဏ စားနေမိတဲ့ ပလတ်စတစ်ပစ္စည်းကတော့ သူမအလုပ်လုပ်နေသည့် 
စားသောက်ဆိုင်တွင် ရှိသည့် အဖျော်ယမကာမွှေတံကလေးများပင်ဖြစ်ပါတယ်...
" ကျွန်မက စားသောက်ဆိုင်ရဲ့ ဧည့် ကြိုတစ်ယောက်လေ...ဒါကြောင့် ဒီ ဓါးပုံစံပုလတ်စတစ်မွှေ
တံကလေးတွေကတော့ ဒီမှာအလွယ်တကူကို အများကြီးရနေနိုင်တာပါပဲ...
အဲဒါလေးတွေကိုတော့ ကျွန်မအကြိုက်ဆုံးပါပဲ...စိတ်မညစ်တဲ့ သာမန်နေ့ တစ်နေ့ ဆိုကျွန်မဖြင့်
၁၅ ကြိမ်လောက်စားဖြစ်ပါတယ်..." လို့ သူမကရှင်းပြခဲ့ ပါတယ်...
တစ်ပါတ်၊ တစ်ပါတ် သည်လောက်များပြားသည့် ပလတ်စတစ်များအား စားသောက်နေခဲ့သည့်
သူမရဲ့ အကျင့် ဆန်းဟာ ကျန်းမာရေးကိုထိခိုက်နိုင်တယ်ဆိုတာ သူမ၀န်ခံခဲ့ ပါတယ်...
ယခုနှစ်တွင်တင်ဆက်မည့် ထူးဆန်းထွေလာ၊ စွဲလမ်းရာ အစီအစဉ်မှာ ကေလင်း ရဲ့ ထူးထူးခြား
ခြားစွဲလမ်းနှစ်သက်မှုက အထူးဆန်းဆုံးတော့ မဟုတ်သေးပါဘူး...
အာကင်ဆော့ ပြည်နယ်မှ နာသန်နီယယ် ဆိုသည့် လူတစ်ဦးရဲ့ သူ၏ကားအပေါ်အမျိုးသမီးတစ်
ဦးလိုနှစ်သက်မြတ်နိုးစွဲလမ်းနေသည့် အဖြစ်ဆန်းဖြင့် ရုပ်သံအစီအစဉ်ကို စတင်ခဲ့ တာဖြစ်ပါ
တယ်...
ဒါတွေစားတာကျန်းမာရေးနဲ့ မညီညွတ်ကြောင်းသိပေမယ့် လည်း...
တွယ်တာလွမ်းတော့ လည်းခက်နေမိပါတယ်...
Concern: The teenager is aware that her plastic addiction could be harmful to her health
သမီးတစ်ဦးအကြောင်းနှင့် ကြောင်စားသည့် အစာလုံးလေး ၉၀၀ အားနေ့ စဉ်စားသုံးနေသည့်
သူတစ်ဦးအကြောင်းလည်းပါဝင်ပါသေးတယ်...
from ကိုပီတာ






0 comments:
Post a Comment