Home » , » အနာဂတ် ပြည့်တန်ဆာလုပ်ငန်းကို ရိုဘော့များ သိမ်းပိုက်မည်

အနာဂတ် ပြည့်တန်ဆာလုပ်ငန်းကို ရိုဘော့များ သိမ်းပိုက်မည်

Written By Unknown on Saturday, 5 May 2012 | 12:08

မကြာတော့မည့်တစ်နေ့တွင် ပြည့်တန်ဆာများရဲ့ မြေအောက် အမှောင်လုပ်ငန်းများကို ရိုဘော့များက သိမ်းပိုက်သွားနိုင်ဖွယ် ရှိသည်ဟု သုတေသနပြုသူများက ယုံကြည်လာကြသည်။
သြစတြေးလျ စီမံခန့်ခွဲမှု သုတေသန ပါမောက္ခ Ian Yeoman နှင့် လိင်မှုဗေဒပညာရှင် (sexologist) Michelle Mars တို့ နှစ်ဦးရဲ့ လေ့လာချက်အရ၊ ၂၀၅၀ ခုနှစ်တွင် မိန်းမပျက်ကဲ့သို့ ၀တ်စားပြုမူသော ရိုဘော့များသည် အမြတ်အစွန်းရမည့် လိင်လုပ်ငန်းတွေမှာ နေရာယူလာပြီး၊ ပုရိသအပေါင်းရဲ့ မျက်လုံးတွေ ကျွတ်ထွက်လုလု စွဲဆောင်နိုင်စွမ်းရှိမည်ဟု ခန့်မှန်းထားသည်။



Futures ဂျာနယ်မှာ ၄င်းတို့နှစ်ဦး ရေးသားချက်အရ အနာဂတ် ပြည့်တန်ဆာရုံများနှင့် လိင်ဖျော်ဖြေသည့် ကလပ်များတွင် ရိုဘော့ အမျိုးသမီးများနှင့် ပြည့်နှက်နေမည်ဟု ဆိုသည်။ ရိုဘော့များကို လူမျိုးပုံစံအမျိုးမျိုး၊ ခန္ဓာကိုယ်အချိုးအစားမျိုးစုံ၊ အသက်အရွယ်နှင့် ဘာသာစကား အမျိုးမျိုး၊ လိင်ပိုင်းဆိုင်ရာ အသွင်သဏ္ဍန်မျိုးစုံဖြင့် ဖောက်သည်များ စိတ်ချမ်းသာဖို့ ဖန်တီးထားနိုင်လိမ့်မည်ဟု ခန့်မှန်းသည်။


Yeoman နှင့် Mars တို့နှစ်ဦး ပူးတွဲရေးသားသည့် အနာဂတ် ပြည့်တန်စာလုပ်ငန်း စာတမ်းအရ ၂၀၄၀ ပြည့်လွန်နှစ်များအထိ လိင်လုပ်ငန်းများကြောင့် လူကုန်ကူးမှုများနှင့် လိင်ကြောင့်ဖြစ်သော ကူးစက်ရောဂါများ ပိုမိုများပြားလာမည်။ ၄င်းဖြစ်ရပ်များကို ကာကွယ် ဖြေရှင်းဖို့အတွက် ၂၀၅၀ ခုနှစ်ပိုင်းတွင် ရိုဘော့ ပြည့်တန်ဆာ အများအပြားကို အစားထိုး အသုံးပြုလာကြလိမ့်မည်ဟု ခန့်မှန်းထားသည်။

ဝင့်ထန်း

copy from : http://www.maukkha.org
Share this article :

0 comments:

Post a Comment