လာရောက်လည်ပတ်ကြသူ အားလုံး ထူးနေမူးဘလော့မှ နွေးထွေးစွာ ကြိုဆိုပါသည်

Ads 468x60px

အရူးများနေ့

Written By Unknown on Saturday 31 March 2012 | 10:27

နှစ်စဉ် ဧပြီလ ၁ ရက်နေ့ကို ရောက်လာရင် နိုင်ငံတကာမှာတော့ အရူးများနေ့ ကျင်းပပါတယ်။ အဲဒီနေ့ကို ဧပြီအရူးနေ့လို့လည်း ခေါ်ကြပါတယ်။ တရားဝင် ရုံးပိတ်ရက် အားလပ်ရက်
မဟုတ်ပေမယ့် အစဉ်အလာမပျက် ကျင်းပကြပါတယ်။ အထူးသဖြင့် အဲဒီဓလေ့စတင်ဖြစ်တည်ခဲ့ရာ ကမ္ဘာအနောက်အခြမ်းမှာပေါ့။ ဒါပေမယ့်လည်း အဲဒီဓလေ့ကအရှေ့ကမ္ဘာမှာလည်း ကူးစက်နေပါပြီ။
ဧပြီအရူးနေ့ ဖြစ်တည်လာတဲ့ နောက်ခံသမိုင်းကြောင်းက ခိုင်ခိုင်လုံလုံ မရှိရှာပါဘူး။ပါးစပ်ရာဇ၀င်တွေပါပဲ။ ပြင်သစ်ပြည်က စတင်ခဲ့တယ်လို့ လည်း တချို့တလေကပြောကြပါတယ်။  

ခန္ဓာကိုယ် တစ်ပိုင်းပြတ် လူသား

၁၉၁၁ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့မှာ အမ်မီလီယာ နဲ့ ဂျွန် အက်ဟတ် တို.
ဇနီးမောင်နှံဟာ ဂျွန်ဂျူနီယာ နဲ့ ရောဘတ် လို.ခေါ်တဲ့ သားအမွှာနှစ်ဦး   မွေးဖွားခဲ့ပါတယ်။ ဂျွန်ဂျူနီယာမှာသာ ခါးအောက်ပိုင်းအစိတ်အပိုင်းတွေ ပါဝင်ခဲ့မယ်ဆိုရင် ဒီအမွှာညီအစ်ကိုနှစ်ယောက်ဟာ အတော်လေးဆင်တူမှာ   ဖြစ်ပါတယ်။ ခုတော့ ရောဘတ် မှာ ပြီးပြည့်စုံတဲ့ ကိုယ်ခန္ဓာရှိခဲ့ပေမဲ့ ဂျွန်ဂျူနီယာကတော့ ကိုယ်တစ်ပိုင်းပြတ် ကလေးငယ်လေးအဖြစ်နဲ့သာ   မွေးဖွားခဲ့ရပါတယ် ။     ဒီညီအစ်ကိုနှစ်ယောက်ဟာ    ဘဲတီမိုးမှာကြီးပြင်းခဲ့ ကြပါတယ် ။

ဂျွန် ဟာ သူ့ရဲ့အားနည်းချက်တွေကို မယုံကြည်နိုင်စရာ   ကောင်းလောက်အောင်အံတုနိုင်ခဲ့ပါ
တယ်။ အသက်တစ်နှစ်သားလောက်မှာ သူ.အစ်ကိုရောဘတ်က မတ်တပ်ရပ်ဖို. အနိုင်နိုင်ဖြစ်နေတဲ့အချိန် ဂျွန် က သူ့လက်တွေကို အသုံးချပြီး လမ်းလျောက်နေပါပြီ ။

ဂျွန် ကပိုပြီး လျှင်မြန်စွာ ဖွံ့ဖြိုးလာပြီး သူ့ရဲ့ လျှင်မြန်ဖြတ်လတ်မှု နဲ့ အမှီအခိုကင်းမှုတွေဟာ
သူ့မိသားစုနဲ့ သူငယ်ချင်းများကို အလွန်အံ့အားသင့်စေပါတယ် ။
၁၉၂၃ ခုနှစ် ရဲ့ တစ်ရက်မှာ သူတို.မြို့က ဘုရားကျောင်းမှာ မျက်လှည့်ပွဲတစ်ခု
လုပ်ခဲ့တယ် ။ အဲဒီမှာ မျက်လှည့်ဆရာက ပရိတ်သတ်ထဲက ၀င်ရောက်ကူညီပေးနိုင်မဲ့သူကို
ဖိတ်ခေါ်တဲ့အခါ ဂျွန်ဟာ တိရိစ္ဆာန်တစ်ကောင်လို လျှင်မြန်ဖြတ်လတ်စွာ စင်ပေါ်တက်သွားတော့ မျက်လှည့်ဆရာ ဂျွန် မက်အတ်စ်လန် ခမျာ အလွန်အမင်း အံ့သြတုန်လှုပ်သွားခဲ့ရတယ် ။  မျက်လှည့်ဆရာ မက်အတ်စ်လန် ဟာ ဂျွန်ကိုမြင်တော့

အံ့သြဖွယ်ရာ သေဆုံးပြီးသားလူရဲ့ Email ကိုလက်ခံရရှိလိုက်တဲ့မိသားစု

Written By Unknown on Thursday 22 March 2012 | 19:50


အံ့သြဖွယ်ရာ သေဆုံးပြီးသားလူရဲ့ Email ကိုလက်ခံရရှိလိုက်တဲ့မိသားစု


Jack Froese ဆိုတဲ့အသက် ၃၂ နှစ်ရှိတဲ့လူဟာ နှလုံး ခုန်မူမမှန်တဲ့ရောဂါတစ်မျိုးနဲ့သေဆုံးခဲ့ပြီးဖြစ်ပါတယ် ။ ဒါပေမယ့် သူန့လတ်တလော စကားပြောဆိုခြင်းတွေနဲ့လက်တလော သူ့လှုပ်ရှားမှုတွေကို အင်တာနက် မှာတွေ့ လိုက်ရလို့ မိသားစုတွေက ထိတ်လန့်တုန်လှုပ်ခဲ့ရတယ် ။



ဒီလူရဲ့ သူငယ်ချင်းတွေနဲ့မိသားစုတွေဟာ တမလွန်မှ ရောက်လာတဲ့ အီးမေလ်းတွေကြောင့် ထိတ်လန့် တုန်လှုပ် ခဲ့ရတယ် ။ တကယ်တော့ Jack Froese ဟာ လွန်ခဲ့တဲ့နှစ်ကတည်းက

သင့်ခန္ဓာကိုယ်နှင့်လိုက်ဖက်သော - ဂျင်းဘောင်းဘီ Style


လွတ်လပ်ပေါ့ပါးမှု အသွင်ကိုဆောင်ပြီး ဘယ်လိုပွဲမျိုးမဆို အဆင်ပြေစေတဲ့ ဂျင်းဘောင်းဘီတွေကို လူတိုင်းလိုလို
ဝတ်ဆင်တက်ကြပါတယ်။ ဂျင်းသားဟာ ကြာရှည်ခံခြင်း၊ ဆွဲဆောင်မှုရှိခြင်း၊ လွတ်လပ်ပေါ့ပါးခြင်း၊ အကြမ်းခံခြင်း၊
အစွန်းအထင်း ခံနိုင်ခြင်း၊ ရာသီဥတုဒဏ် ခံနိုင်ခြင်းစတဲ့ ကောင်းကျိုးတွေကြောင့် လူအများက ကြိုက်နှစ်သက်ကြ
တာပဲ ဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်ပုံစံနဲ့ လိုက်ဖက်တဲ့ ဂျင်းဘောင်းဘီ စတိုင်လေးတွေကို ရွေးချယ်ကြည့်ပါ။



သင်ဟာ ပိန်သွယ်သူဆိုရင်
ပိန်ပြီး သေးသွယ်သူတွေဟာ အောက်ရှူးဘောင်းဘီတွေနဲ့ သိပ်ပြီး လိုက်ဖက်မှု မရှိလှပါဘူး။ အောက်ရှူး ဂျင်းဘောင်း
ဘီမျိုးဆိုရင် အပေါ်က အင်္ကျီ ခပ်ပွပွနဲ့သာ လိုက်ဖက်ပါတယ်။ ပိန်ပြီး သေးသွယ်တဲ့အပြင် အရပ်ပါရှည်သူဆိုရင်တော့
တင်ပါးနေရာနားမှာ ကျပ်ပြီး ခြေသလုံးနေရာနားမှာ ကားသွားတဲ့ ဂျင်းဘောင်းဘီမျိုးနဲ့ လိုက်ဖက်ပါတယ်။ ခြေသလုံး
နေရာ နားလောက်ရှိတဲ့ ကွာတား ဘောင်းဘီတွေက သင့်ကိုပိုပြီး အရပ်ရှည်စေပါတယ်။



ပန်းသီးပုံစံခန္ဓာကိုယ်
သင့်ခန္ဓာကိုယ်က ခါးနေရာနားမှာ တုတ်ပြီး တင်ပါးနေရာနားမှာ ရှူးတယ်ဆိုရင်တော့ ပန်းသီးပုံစံ ခန္ဓာကိုယ်ပါ။ ဒီလို
ခန္ဓာကိုယ်တွေက ချက်နေရာနားထိသာ ဝတ်ရတဲ့ ဂျင်းဘောင်းဘီမျိုးနဲ့ ဆွဲသားပါဝင်တဲ့ ဂျင်းသားမျိုးကို ရွေးချယ်သင့်
ပါတယ်။ ဒူးနေရာနားလောက်သာ ဝတ်ဆင်ရတဲ့ ကွာတားဘောင်းဘီမျိုးနဲ့ လိုက်ဖက်ပြီး ဂျင်းဘောင်းဘီအရှည်ကြီး

သြစတြေးလျ လယ်ကွင်းတစ်ခုလုံး ပင့်ကူမျှင်များဖုံး

 




ကျယ်ပြောလှသော သြစတြေးလျနိုင်ငံရှိ လယ်ကွင်းပြင်ကြီး တစ်ခုလုံးကို ပင့်ကူမျှင်များ ဖုံးလွှတ်းနေသော မြင်ကွင်း
ကြောင့် မြင်ရသူအများ အံ့သြခဲ့ရကြောင်း Metroသတင်းဌာနက မတ်လ၇ရက်နေ့တွင် ဖော်ပြသည်။ စိုက်ပျိုးရေးမြို့ဖြစ်
သော ဝက်ကာဝက်ကာတွင် လယ်ကွင်းများသည် သန်းပေါင်းများစွာသော ပင့်ကူများကြောင့် ပင့်ကူမျှင်ပင်လယ်ကြီး
အဖြစ် ပြောင်းလဲသွားခဲ့သည်။ သြစတြေးလျနိုင်ငံတွင် ရေလွှမ်းမိုးမှုဘေး ဒုက္ခကြီးကျရောက် ပြီးနောက် ထောင်ပေါင်း
များစွာသော နိုင်ငံသားများ ဒုက္ခကြုံတွေ့ခဲ့ရသည်။ ယင်းနောက် ပင့်ကူများလည်း အလုပ်ရှုပ်ကာ ရေဘေးမှ
လွတ်မြောက်ရေးအတွက် ပင့်ကူအိမ်များကို အပူတပြင်း ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်သည် ဟုဆိုသည်။

copy from : www.mmcfamily.org/

မျက်ဝန်းထဲမှာ အဖြေရှာ... ။

စနေ တနင်္ဂနွေ ပိတ်ရက် အားလပ်ရက် မှာ ပေါ့ပေါ့ပါးပါး လေးပေါ့ ။ အမြဲတမ်း မပေါ့မပါးကြီး ဖြစ်နေရတာ လူလည်းပင်ပန်း စိတ်လည်းပင်ပန်း တယ်မဟုတ်လား ။ တကယ်ဆိုရရင်တော့ ဘလော့ ထဲ မှာ စာရေးခြင်း ကို ပျင်းရိ ငြီးငွေ့  နေတဲ့ အတွက် ပို့ စ်တွေ ဆက်မရေးဖြစ်တော့တာ ။ ဘလော့လည်ခြင်းကိုလည်း သိပ်မလုပ်ဖြစ်တော့တာ ပါ ။ ဒီထက်ပိုမှန်ကန်စွာ ဆိုရမယ်ဆိုရင်တော့ ဖဘ လို့  ဆိုနေကြတဲ့ မျက်နှာစာအုပ် ပေါ်မှာပဲ အချိန်တွေ ကုန်နေမိလို့ ပါ ။ အရင်ကတော့ ဂိမ်းတွေ သည်းသည်းမဲမဲ ကစားတယ် ပေါ့ ။ ခုတော့ နဲနဲ အမြင်မှန်ရလာလို့  ဂိမ်းတွေနဲ့ အချိန်သိပ်မဖြုံးတော့ပါဘူး ။ လူမှုရေးကွန်ယက် ဆိုတဲ့အတိုင်း အဲဒီကွန်ယက်ကြီးထဲက တဆင့် ကမ္ဘာ့သတင်း မြန်မာ့သတင်း ပေါင်းစုံကို ဟိုဝင် ဒီထွက် ဖတ်မိ ခြင်း ၊ မိတ်ဆွေ အပေါင်း အသင်းများ နဲ့ လတ်တလောအကြောင်းအရာ အမြင်များ ဖလှယ်ခြင်း ၊ နောက်ပြောင်ခြင်း၊ အစရှိတာတွေနဲ့ အချိန် ကုန်တာ များပါတယ် ။ ကဲ..စကားကြော ရှည်နေတာနဲ့ လိုရင်း မရောက်တော့ဘူး ။ ပေါ့ပေါ့ပါးပါး ဖြစ်အောင်ပဲ ဆက်လက်ရှုစားကြတာပေါ့ ။

မျက်လုံးချင်းဆုံရင်ခုန်ရမဲ့ အရွယ် မှာတော့ တယောက်မျက်နှာ တယောက်ကြည့်ကာ နဲ့ ဒိန်းတပ်တပ် ဖြစ်လေ့ရှိကြတယ်။ အဲဒီအရွယ်ကနေ လွန်မြောက်လာကြတော့ မျက်ဝန်းထဲမှာ အဖြေရှာတတ်လာကြတယ် ။ တဦးနဲ့ တဦး စပြီး တွေ့ စုံ သိကြွမ်း ကြသူများ ဘယ်နေရာကို စပြီး ကြည့်လေ့ရှိကြသလည်း ။ လူတိုင်းတော့ အလေ့အကျင့်ခြင်း တူကြမယ် မဟုတ် ။ တချို့ က ခြေထောက် ကို စပြီးကြည့်တတ်ကြတယ်။ တချို့ ကျတော့ ခန္ဓာကိုယ် အချိုးအဆက် ကိုယ်လုံးကိုယ်ပေါက် ၊ တချို့ ကျ မျက်နှာပေါက်၊ တချို့ ကျ အဝတ်အစား အပြင်အဆင် စသဖြင့် ကြည့်တတ်ကြတယ် ။ တချို့ ကျ အထက်စီးကနေ မတူသလို မတန်သလို မျက်နှာပေးမျိုးနဲ့ တဖက်သားကို ကြည့်တတ်ကြတယ်။သန်ရာ သန်ရာ အကျင့် တမျိုးစီ ရှိတတ်ကြတာပေါ့ ။

ဘယ်နေရာကိုပဲကြည့်ပြီး အဓိပ္ပါယ် ဖေါ်ဖေါ် မျက်ဝန်းထဲက အရိပ် ကို တော့ လိမ်ညာ ဟန်ဆောင် ဖုံးကွယ်ထားလို့ မရစကောင်းပါဘူး ။ မျက်ဝန်း ဆိုတာ စိတ်ရဲ့ သဏ္ဍန် ကို ဖေါ်ဆောင်ပြလေ့ရှိကြတယ် ။ မျက်လုံးများမှတဆင့် ထိုသူ မှာ -စိတ်တည်ငြိမ် ရင့်ကျက်သူ၊ ဖြောင့်မတ်သူ ၊ စိတ်ထား ကောက်ကျစ်သူ ၊ စိတ် ဂဏာမငြိမ်သူ စသဖြင့် ခွဲခြား ကြည့်မြင်လို့ ရနိုင်ပါတယ်။

တချို့များ လူကဲခပ် သိပ်တော်ကြတယ် ။ လူတယောက်ကို ကြည့်လိုက်တာနဲ့ သူ့ ဝမ်းထဲမှာ အူ ဘယ်နှစ်ခွေ ရှိသလည်းဆိုတာကိုတောင် အတပ်သိ တယ်ဆို ပဲ ။ အဲသလောက်ကြီးကတော့ လွန်တာပေါ့ လို့ ပဲ ပြောရမလို။
အဲဒီတော့ မလွန် ရလေအောင် ကိုယ့်မျက်ဝန်းရိပ်ပဲ ကိုယ်ပြန်ကြည့်ကြတာပေါ့ ။ကဲ.. စကြည့်ကြမယ် ။
တကယ်လို့ သင်ဟာ ကုမ္ပဏီကြီး တခုနဲ့ ပတ်သက်နေတဲ့သူတယောက် ဆိုကြပါတော့ ။ သင် ဟာ အဲဒီ ကုမ္ပဏီကြီး မှာ ဘယ် အဆင့်အတန်း ဖြစ်ပါသလည်း ဆိုတာ ခန့် မှန်းကြ ရအောင်.။အပေါ်မှာ ပြထားတဲ့ ပုံတွေ

လက်သည်းလှလှပုံဖော်ကြရအောင်

Written By Unknown on Monday 19 March 2012 | 08:43

ဒီနေ့တော့ လက်သည်းလေးတွေကို ချယ်ရီပန်းပုံလေးဖော်ပြီးဆိုးနည်းကိုပြောပြချင်ပါတယ်..... လက်သည်းပုံဖော်ဖို့လိုအပ်တဲ့ပစ္စည်းတွေကတော့ ... ပန်းနုရောက်လက်သည်းနီ.. နို့စိမ်းရောင်လက်သည်းနီ.... နို့နှစ်ရောင်ခေါ်မလားပဲ အဖြူဖွေးဖွေးမဟုတ်တဲ့အဖြူရောင်လက်သည်းနီ... ပန်းရောင် Acrylic ရေဆေး...... အ၀ါရောင် Acrylic ရေဆေး.... အနက်ရောင် Acrylic ရေဆေး.... အဖြူရောင် Acrylic ရေဆေး...နဲ့ လက်သည်းပန်းချီဆွဲတဲ့စုတ်တံ တစ်ချောင်း... Base coat နဲ့ top coat တို့လိုအပ်ပါတယ်..... ဒါကတော့ လိုအပ်တဲ့ပစ္စည်းတွေပုံပါ... ပထမဆုံး မွှေးကတော့ လက်သည်းက သိပ်မကာင်းပဲ ကွဲထွက်တတ်လို့ Sally Hansen လက်သည်းအားဆေးကို အရင်ဆုံးဆိုးလိုက်ပါတယ်.... ဒီ continouous treatment ဆိုတဲ့အားဆေးကိုသုံးပါတယ်... ပြီးတဲ့အခါ ဒုတိယအဆင့်အနေနဲ့ ပန်းနုရောင်လက်သည်းဆိုးဆေးကို ဆိုးပါတယ်.... တတိယအဆင့်ကတော့ လက်သည်းတစ်ဝက်ကို နို့နှစ်ရောင်လက်သည်း ဆိုးဆေးဆိုးပါတယ်....

ဘာကြောင့် မိခင်တွေက သူတို့ရင်သွေးတွေကို နမ်းရသလဲ ?

ဘာကြောင့် မိခင်တွေက သူတို့ရင်သွေးတွေကို နမ်းရသလဲ ?



သန္ဓေသားလောင်း ရင်သွေးငယ်တွေဟာ မိခင်ရဲ့ ရေမွှာရေတွေပြည့်နှက်နေတဲ့ ၀မ်းကြာတိုက်ထဲမှာ ကိုးလ လုံးလုံးနေ ထိုင်ခဲ့ရပါတယ် ။ ဒါကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်ခုခံအားစနစ် Immune system ဟာ အပြည့်အစုံ ဖွံ့ဖြိုးခြင်းမရှိသေးပါဘူး ။

မီးဖွားပြီးလို့ မိခင်က ရင်သွေးကို ပထမဆုံး နမ်းရှံ့ လိုက်တဲ့အခါမှာ - - - မိခင်မှာ ကလေးငယ်ရဲ့ အရေပြား ကနေတဆင့် ( ညစ်ပေမှု - ရနံ့ - လိုအပ်ချက် ) စတာတွေရဲ့ နမူနာ sample ကိုရရှိသွားပါတယ် ။ အဲဒီအချိန် ကစလို့ မိခင်ရဲ့ ခန္ဓာကိုယ်တွင်းခုခံအားစနစ်မှာ ကလေးငယ်တွေအတွက် သင့်တော်တဲ့ ကလေးငယ်တွေ ကိုတိုက် မယ့်ရောဂါပိုးတွေကို တိုက်ထုတ်ပေးမယ့် ခုခံအားစနစ် Immune system ပေါ်ပေါက် လာရပါတယ် ။

နောက်တစ်ရက်မှာတော့ ရင်သွေးအတွက် လိုအပ်တဲ့ ၊ သင့်တော်တဲ့ ရင်သွေးငယ်ရဲ့ ခုခံအားစနစ်ကို ဖြည့် ဆည်းပေး မယ့် နို့ရည်ကို စတင်ပြီး မိခင်မေတ္တာနဲ့ ထုတ်လုပ်ပါတော့တယ် ။

မိခင်နို့ရည်ဆိုတာ အနမ်းတစ်ပွင့်ကနေစပြီး မိခင်ရဲ့ မေတ္တာတရားတွေနဲ့ပြည့်နှက်နေတဲ့ ကလေးငယ်အတွက် လုံခြုံစိတ် ချကာကွယ်ပေးတဲ့ ခန္ဓာကိုယ်ခုခံအားစနစ်တစ်ခုဖြစ်ပါတယ် ။



copy from : http://www.thettantcho.com

ဟာသမှတ်စုလေးများ............

Written By Unknown on Saturday 17 March 2012 | 00:17

 မင်းလောက်ကတော့အပျော့ပေါ့ကွာ



 မင်းအလှည့်ကြတော့ရပါတယ်


စာကြည့်ခြင်းအကျိုးများလူရုပ်တောင်မပေါ်ချင်တော့ဘူးဟူးးးးးးးးးးး



 ပျော်ရာမှာမနေရတော်ရာမှာနေရပါလားနော်...............

ဟန်ချက်ညီညီ အတွဲညီညီ ..

Written By Unknown on Friday 16 March 2012 | 17:35


တချို့ ကပြောကြတယ် ၊ အရင်တုံးက သူမပြောကြားခဲ့ဖူးတဲ့ စကားတွေ နဲ့ ခုလုပ်ရပ်ဟာ ရှေ့ နောက်မညီဘူး ၊ ၁၈၀ ဒီဂရီပြောင်းလဲသွားပြီတဲ့..။
ခု ဒီဗီယို ဖိုင်ကလေးကိုကြည့်ပြီး နှိုင်းယှဉ်မိလိုက်တယ် ။ တရုပ်ပြည်က တင်ဆက်တဲ့ ဆပ်ကပ်ပြပွဲလေးတခု ပါ ။ သိချင်ရင် ကလစ် လုပ်ကြည့်ပါ ..

ခနော်ခနဲ့ အထောက်အတိုင်လေးသာရှိတဲ့ လှုပ်ယိုင်ယိုင် ကြိုးကလေးတချောင်းအပေါ်မှာ ဟန်ချက်ညီညီ ရပ်တည်နိုင်ဖို့ ရယ် ၊ တောင်ဆိတ်ကြီး (သူမ) ခန္ဓာကိုယ် အပေါ်မှာ အငြိမ်မနေ ဗီဇ

ဂိမ်းဆော့ရင်းအသက်ပေးရသူ................



အကြိတ်အနယ် အသည်းအသန် အပြင်းအထန် အသေအကြေ အသေအလဲ ..ဒီစကားလုံး အားလုံးဟာ ပြင်းထန်စွာ ပြုလုပ်မှုတရပ်ကို ဆိုလိုရင်းဖြစ်ကြောင်း သိကြမှာပါ ။ အသေအကြေ အသေအလဲ ဆိုတဲ့အထဲက “သေ” ဆိုတဲ့ စကားလုံး တလုံးပါရှိနေတာမို့  ပိုပြီး ပြင်းထန်တဲ့ သဘောများရှိနေမလား လို့  စဉ်းစားစရာ ဖြစ်ရပ်တခု မကြာမှီရက်ပိုင်းအတွင်းမှာ ဖြစ်လာခဲ့တယ် ။ တကယ့်ကို အသေအကြေပါပဲ ။ အဖြစ်ကဒီလို..

ဒီနိုင်ငံမှာတင်မဟုတ်ပါ ။ဒီခေတ်ကြီးမှာ အီး ခေတ်လို့ ဆိုတဲ့ အတိုင်း လူတိုင်းလိုလို အတွက် အရာရာမှာ အီး နဲ့ ပါတ်သက်တဲ့ အသုံးအဆောင်များစွာ နဲ့ ခွဲခြားလို့ မရနိုင်လောက်အောင် တွယ်နှောင်ရစ်ပတ်နေလျှက်ရှိကြပါပြီ ။ အင်တာနက်ခေတ် ဆိုတော့ ဂိမ်းကစားနည်းမျိုးစုံမှာတောင် တဖက် နဲ့ တဖက် လူမမြင် လူမသိကြပေမဲ့ ၊အွန်လိုင်းကနေ ဆော့ကစားကြ လို့ ရတယ် ။ ဒီအတိုင်း ကစားရတာ ငြီးငွေ့ လာကြ လို့ လားတော့ မပြောတတ် ၊နောက်ပိုင်းကျတော့ အလောင်းအစား ပုံစံမျိုးနဲ့ ဆော့ကစားကြတယ် ။ လောင်းကစားဆန်ဆန် ဂိမ်းမျိုးစုံကိုထွင်ကြတဲ့ ကုပ္မဏီတွေကလည်း သူ့ ထက်ငါ အပြိုင်အဆိုင် ရင်ဖို ရင်ထိတ်စရာ ကစားနည်းတွေကို တီထွင်ထုတ်လုပ်လာကြတော့ အဲလိုဂိမ်းတွေကို စွဲစွဲလန်းလန်း ဆော့လာကြသူများလည်း တိုးပွားလာကြတယ်ပေါ့ ။ တချို့ လူငယ်တွေများဆို ကျောင်းပြေးပြီးတော့ အင်တာနက်ဂိမ်းဆိုင် အင်တာနက်ကော်ဖီဆိုင်တွေမှာ အချိန်ဖြုန်း ငွေဖြုန်း လာကြတယ် ။ အိမ်က မိဘတွေခမျာမတော့ ငါ့သားလေး ငါ့သမီးလေး ကျောင်းတက်တယ် စာကြိုးစားတယ် ထင်နေကြမှာ ။

ဟိုးတလောက သတင်းထဲမှာ ပါလာတဲ့ အသေအလဲ ကစားတဲ့ အဖြစ်ရဲ့ အကျဉ်းချုပ်ကတော့ အသက် ၂၃ နှစ် အရွယ် လူငယ်တယောက်၊ နှစ်သစ်မကူးခင် ကာလအတွင်းမှာ အလုပ်ပြုတ်သွားခဲ့ပြီးနောက် စိတ်ပြေလက်ပျောက်လား ဒီကစားနည်းကို အသေစွဲနေလို့ ပဲလား မသိ ။ သူ ဆော့နေကြ ဂိမ်းဆိုင်ကို လာပြီး နေ့မအိပ် ညမအိပ် ဂိမ်းဆော့ပါသတဲ့ ။သူဆော့တဲ့ ဂိမ်းအမည်က “ League of Legends,”အတိုကောက် LOL လို့ခေါ်ကြ သတဲ့။ စိတ်လှုပ်ရှားဖွယ် ကစားနည်းကြောင့်လား ၊ သူ့ နဂို ရောဂါအခံကြောင့်ပဲလား မသိ ။ ၂၄ နာရီနီးပါး ဂိမ်းဆော့နေလိုက်တာ ... သူ့ ဘေးမှာ ဝင်ဆော့နေကြသူတွေ သာ ပြောင်းသွားတယ် သူကတော့ ထိုင်ရာမထ ၊ နောက်ဆုံးကျမှ ဆိုင်က အလုပ်သမားတယောက် သတိထားကြည့်မိချိန်မှာ သူ အသက်ပျောက်နေခဲ့ပြီ ။ တောင့်တင်းညိုမဲနေပြီ ။ ထိုင်ခုံပေါ် မှီရက် ဘယ်လက်က ကီးဘုတ်ကိုင် ညာလက်ကကြွက်( မောက်စ် ) ကို ဆုပ်ကိုင်ရက် နဲ့ ၊ အသက် ဘယ်အချိန်ထွက်လို့ ထွက်သွားမှန်း ဘယ်သူမှ မသိလိုက်ကြပါဘူး တဲ့..။ သူ့  အလောင်းဟာ တောင့်တင်းနေတာမို့  ရေခဲတိုက် ပို့ဖို့ ကားပေါ်တင်ရာမှာတောင် အတော်လေး ကသီလင်တ ဖြစ်ခဲ့ရပါသတဲ့ ။သက်ဆိုင်ရာ တာဝန်ရှိသူတွေ စစ်ဆေးကြည့်ရာ မှာ ၊ သူ့ ရဲ့ အိတ် အတွင်းမှာ နှလုံးရောဂါနဲ့ ပတ်သက်တဲ့ ဆေးထုတ်ကိုတွေ့ ရပါသတဲ့ ။
(သေတဲ့သူက အတောင့်လိုက် မဲပြာနေပြီ ၊ ရှင်နေသူတွေကတော့ ဂိမ်းအဆော့မပျက် ....ဆက်လက်၍ အသေအလဲ ဆော့လျှက် )

အင်တာနက်ဆိုင်တွေမှာ နာရီပိုင်း နဲ့

ရာသီသွေးမပေါ်ခြင်း - အပိုင်း ၂

ရာသီသွေးမပေါ်ခြင်းအကြောင်းနဲ့ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့အကြောင်းတွေ ဖော်ပြပေးပြီးသွားတဲ့နောက် ယခုအ ခါ ရာသီသွေးမပေါ်ခြင်းအပိုင်း ၂ ကို ဆက်လက်တင်ပြလိုက်ရပါတယ် ။

စုံစမ်းစစ်ဆေးမှုများအကြောင်း

ရာသီသွေးမပေါ်ခြင်းအကြောင်းကို ဘာကြောင့်မပေါ်ရသလဲ စုံစမ်းဖို့အတွက် လူနာရဲ့ ရောဂါ ရာဇ၀င် (Proper history taking ) ၊ တစ်ကိုယ်လုံးစမ်းသပ်ခြင်း ( Physical Examination ) နဲ့ အတွင်းပိုင်း စမ်းသပ်ခြင်း ( Vaginal Examination ) တို့လုပ်ရပါမယ် ။အဲဒီလိုလုပ်လို့ ကိုယ်ဝန်လည်းမရှိဘူး ဆိုရင်တော့ လူနာအ တွက် လောလော ဆယ် စိတ်အေးရပါပြီ ။ ဒါပေမယ့် အကြောင်းအရင်းမှန်ကိုစုံစမ်းဖို့အတွက် ဒီထက်ပိုတဲ့ စမ်းသပ် မှုတွေလုပ်ဖို့ လိုပါဦးမယ်

သွေးစစ်ဖောက်ခြင်း ( Blood for CP ) ကို လုပ်ဖို့လည်းလိုပါတယ် ။ အကယ်၍ လည်ပင်း အကျိတ် လက္ခဏာ များရှိခြင်း (သို့မဟုတ် ) Hyperthyroidism လို့ များ သံသယရှိမယ်ဆိုရင်တော့ သိုင်းရွိုက်ဂလင်းန် ရဲ့ အလုပ်လုပ်ဆောင်မှုအခြေအနေကို သိရဖို့အတွက် Thyroid function test လုပ်ပေးဖို့လိုပါတယ် ။ ဒါ့အပြင် Adrenal gland ရဲ့ အလုပ်လုပ်ဆောင်မှုအခြေအနေကို သိရဖို့အတွက်လည်း Adrenal function test လုပ်ဆောင်ပေးဖို့လိုပါတယ် ။ တခြားအဖြစ်များတဲ့ရောဂါတွေဖြစ်တဲ့ တီဘီအတွက် လည်း သလိပ်စစ်ခြင်း ဓါတ်မှန် ရိုက်ခြင်း စတာတွေလုပ်ဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံကြည့်ပြီး အားနည်းနေသလား ပိန်ချုံးနေ သလား စတာတွေကို ဆန်းစစ်ဖို့လည်းလိုပါတယ် ။



Vaginal Examination လုပ်ခြင်းဖြင့်သိနိုင်တာတွေကတော့ တခါတရံ အမျိုးသားဟော် မုန်းတွေသိပ် များနေ လို့ သွေးမဆုံးသော်လည်း သားအိမ်ရဲ့အရွယ်ဟာ ရှိသင့်ရှိထိုက်တဲ့ အရွယ်မဟုတ်ပဲ သေးသွားခြင်း (Atropic changes ) ကိုတွေ့ရတတ်ပါတယ် ။ History taking မှာလည်းပဲ အလွန်ပဲ အသုံးတည့်တာတွေရှိတတ်ပါတယ် ။ ဥပမာ ကလေးမွေးပြီးသွေးသွန်ခြင်းကို

အပန်းဖြေစရာပုံရိပ်ကမ္ဘာ...

Written By Unknown on Thursday 15 March 2012 | 13:09


အဓိပ္ပါယ်ရှိတဲ့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းမြောက်များစွာကို ကိုယ်စားပြုတယ်လို့ ဆိုလေ
တာမို့ ဘလော့ဂ်ကြွလာပ၇ိတ်သတ်များ အပျင်းပြေစေ၊ အတွေးရစေဖို့  အင်တာနက်က တွေ့ မိ
သမျှ ၊ တစ်ချို့ လည်း ဖော်ဝါ့ ဒ်မေးကရတဲ့ ပုံလေးတွေတင်ပြလိုက်ပါတယ်...


အောက်ကစာသားများကတော့ မိမိရဲ့ စိတ်ကူးအတွေးများမို့ တစ်ခါတစ်လေမူရင်းပုံနဲ့ ရည်ရွယ်ရာ
ချင်းလွဲချော်သွားတာမျိုးလည်းရှိနိုင်ပါတယ်...
ဖြည့် စွက်၊ ဖြန့် ထွက်တွေးပြီး ပြုံးပျော်နိုင်ပါစေသတည်း...

မူရင်းဓါတ်ပုံရိုက်ကူးသူကိုဖော်ပြပြီးဂုဏ်မပြုနိုင်ပေမယ့် ထိုပုံများရိုက်ခဲ့ ပြီးကိုယ်ကျိုးမဖက်ပဲ အင်တာနက်မှာ တင်ထားနိုင်တာကိုက နည်းတဲ့ စိတ်ထားမြင့် မြတ်မှုမဟုတ်ပါဘူး....
မူရင်းရိုက်ကူးသူမသိပဲ ကြားကတစ်ယောက်ယောက်က ကူးတင်တယ်ဆိုယင်တော့ လည်းမ
တတ်နိုင်ပေဘူးပေါ့ ...သို့ သော်စီးပွားရေးအရမဟုတ်ပဲ ၀ါသနာအရ၊ အပျော်ဗဟုသုတအနေနဲ့ 
တင်တာမို့ သိခဲ့ လျှင်တောင်မှခွင့် လွှတ်နိုင်မယ်ထင်ပါတယ်...
ထိုထိုဓါတ်ပုံဆ၇ာများကို လေးစားစွာ ဂုဏ်ပြုပါတယ်...

ကျွန်တော်ရိုက်တဲ့ ပုံတော့ တစ်ပုံမှမပါဝင်ပါဘူး...
အလိုရှိသလိုကူးယူအသုံးပြုနိုင်ပါတယ်...


မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား...
ဒီနေ့ သာစလုပ်လိုက်ပါလေ...သင်အောင်မြင်ပါလိမ့် မယ်...
အလွယ်ဆုံးဆင်ပုံဆွဲနည်း...
နိုင်ငံတိုင်းမှာ ပြည်သူ့ အမတ်တွေဥပဒေပြုကြတာ..
ရွှေပြည်ကြီးက အစိတ်သားအချို့ လည်း

အပန်းဖြေစရာ ပုံရိပ်ကမ္ဘာ



အဓိပ္ပါယ်ရှိတဲ့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းမြောက်များစွာကို ကိုယ်စားပြုတယ်လို့ ဆိုလေ
တာမို့ ဘလော့ဂ်ကြွလာပ၇ိတ်သတ်များ အပျင်းပြေစေ၊ အတွေးရစေဖို့  အင်တာနက်က တွေ့ မိ
သမျှ ၊ တစ်ချို့ လည်း ဖော်ဝါ့ ဒ်မေးကရတဲ့ ပုံလေးတွေတင်ပြလိုက်ပါတယ်...


အောက်ကစာသားများကတော့ မိမိရဲ့ စိတ်ကူးအတွေးများမို့ တစ်ခါတစ်လေမူရင်းပုံနဲ့ ရည်ရွယ်ရာ
ချင်းလွဲချော်သွားတာမျိုးလည်းရှိနိုင်ပါတယ်...
ဖြည့် စွက်၊ ဖြန့် ထွက်တွေးပြီး ပြုံးပျော်နိုင်ပါစေသတည်း...

မူရင်းဓါတ်ပုံရိုက်ကူးသူကိုဖော်ပြပြီးဂုဏ်မပြုနိုင်ပေမယ့် ထိုပုံများရိုက်ခဲ့ ပြီးကိုယ်ကျိုးမဖက်ပဲ အင်တာနက်မှာ တင်ထားနိုင်တာကိုက နည်းတဲ့ စိတ်ထားမြင့် မြတ်မှုမဟုတ်ပါဘူး....
မူရင်းရိုက်ကူးသူမသိပဲ ကြားကတစ်ယောက်ယောက်က ကူးတင်တယ်ဆိုယင်တော့ လည်းမ
တတ်နိုင်ပေဘူးပေါ့ ...သို့ သော်စီးပွားရေးအရမဟုတ်ပဲ ၀ါသနာအရ၊ အပျော်ဗဟုသုတအနေနဲ့ 
တင်တာမို့ သိခဲ့ လျှင်တောင်မှခွင့် လွှတ်နိုင်မယ်ထင်ပါတယ်...
ထိုထိုဓါတ်ပုံဆ၇ာများကို လေးစားစွာ ဂုဏ်ပြုပါတယ်...

ကျွန်တော်ရိုက်တဲ့ ပုံတော့ တစ်ပုံမှမပါဝင်ပါဘူး...
အလိုရှိသလိုကူးယူအသုံးပြုနိုင်ပါတယ်...



 ဇနီးချောချော၊ သမီးချောချော ရှိတဲ့ အခန်းဆိုတာသေချာတယ်...
 အတုအပသတိပြုဖွယ်...
 ပွင့် လင်းအနုပညာနှင့် ...
 ပြသူ၊ မြင်သူ၊ ကြည့် သူ၊ ခံစားအားပေးသူ၊ ရိုက်ကူးသူများ....

၂၀ ကီလိုဂရမ်အလေးချိန်ပဲရှိတော့တဲ့အသက်၂၀အရွယ်ပိန်ချင်သူကလေး


၂၀ ကီလိုဂရမ်အလေးချိန်ပဲရှိတော့တဲ့အသက်၂၀အရွယ်ပိန်ချင်သူကလေး

သူမ နာမည်က Ksenia Bubenko လို့ေါ်ပါတယ် အသက် ၂၀ နှစ်အရွယ် ဒီအမျိုးသမီးဟာ ကိုယ်အလေး ချိန်လျော့ပြီပိန်ပိန်ပါးပါးလေးဖြစ်ချင်ခဲ့တယ် ။ ပေါင်ချိန်များစွာ ကျအောင် ကြိုးစားပြီးတဲ့အခါမှာလည်းး သူမက ပိန်ချင်သထက်ပိန်တာကို စွဲလန်းလာခဲ့တယ် ။ အခု သူမ ၂၀ ကီလိုဂရမ်ပဲရှိပါသတဲ့ ။



--------------------------------------

အစွန်းရောက်လွန်းတော့လည်း အရိုးစုကြီးလိုပါပဲ ။ ဘုရားဟောတာ

ရာသီသွေးမပေါ်ခြင်းအကြောင်း (အပိုင်း ၁)

ရာသီသွေးမပေါ်ခြင်းအကြောင်း (အပိုင်း ၁)

ရာသီသွေးမပေါ်ခြင်းအကြောင်း (အပိုင်း ၁)

ဒီတစ်ခါဖော်ပြပေးမယ့်အကြောင်းအရာကတော့ ရာသီသွေးထိမ်ခြင်း ရာသီသွေးမပေါ်ခြင်း အကြောင်းဖြစ် ပါတယ် ။ ပျိုဖော်ဝင်စအချိန်ကစပြီး သွေးဆုံးပြီးတဲ့အချိန်အထိ သိထားသင့်တဲ့ သိထားရမယ့် အကြောင်းအရာ တစ်ခု လည်းဖြစ် ပါသည် ။ အိမ်ထောင်သားမွေး ကိုယ်ဝန်ရှိတဲ့အရွယ်ရော ဆယ်ကျော်သက်အရွယ်တွေရော သိသင့်တဲ့ အကြောင်းအရာမို့ ရေးသားဖော်ပြပေးလိုက်ရပါတယ် ။



ရာသီသွေးမပေါ်ခြင်းကို မီးယပ်ထိမ်ခြင်း ၊ မီးယပ်သွေးမပေါ်ခြင်း ၊ မီးယပ်သွေးငုပ်ခြင်း ( Amenorrhea ) စသဖြင့်အမျိုးမျိုးခေါ်ကြပါတယ် ။ တချို့ ဒီလို

ကျန်းမာလှပသောဆံပင်ရရှိရေး

 ဆံပင်သည်လူတို့၏အလှအပနှင့် ကျန်းမာရေးအတွက်   ဖြစ်တည်နေခြင်း   ဖြစ်သည်။   ရှေးအဆက်ဆက်မှမြန်မာများ တန်ဖိုးထား ခဲ့သောဆံကေသာ၏ကောင်း ခြင်းငါးဖြာနှင့် ညီသည်ဖြစ်စေ၊ မညီသည် ဖြစ်စေ။ အဓိကအရေးကြီးသည်မှာ ကာယကံရှင် စိတ်ချမ်းသာရေးပင်ဖြစ်သည်။ ဤသို့ဆိုလျှင် မည်သို့သော ဆံပင်များသည် ကျွန်ုပ်တို့၏စိတ်ကို ချမ်းသာမှုပေးနိုင် မည်နည်း။





လှပသောဆံပင်များပင်ဖြစ် ပေမည်။သို့ရာတွင်ကျန်းမာမှုရှိမှသာ လှပ နိုင်မည်ဖြစ်၍

Apple မှ ထုတ်လုပ်မည့် Bluetooth လက်စွပ်

Written By Unknown on Wednesday 14 March 2012 | 23:34

ပုံမှာမြင်တွေ့နေရတာကတော့ Apple ကုမ္ပဏီမှ မကြာမီထုတ်လုပ်တော့မဲ့ Bluetooth လက်စွပ် iRing ဖြစ်တယ်လို့ သိရ ပါတယ်။ iRing ဟာ Wireless Bluetooth connectivity နဲ့ iPod, iPhone စတာတွေကို ချိတ်ဆက်အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။










အသုံးပြုလို့ရမဲ့ function ကတော့ Playback နဲ့ အသံကို ထိန်းချုပ်ခြင်း (Control) တို

အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။

Written By Unknown on Monday 12 March 2012 | 22:43

အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။
အဲဒီ အက္ခရာတွေကို ဒီလိုနံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .


A=1, B=2, C=3, D=4, E=5,

F=6, G=7, H=8, I=9, J=10,

K=11, L=12, M=13, N=14, O=15

P=16, Q=17, R=18, S=19, T=20

U=21, V=22, W=23, X=24, Y=25, Z=26

အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့ နံပါတ်တစ်ခုစီ ရှိသွားပါပြီ။
ကဲ ဘ၀မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။




၁။ အလုပ်ကြိုးစားခြင်း (Hard Work)

H+A+R+D+W+O+R+K

8+1+18+4+23+15+18+11= 98 %

အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ ၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။



၂။ ဗဟုသုတ (Knowledge)

K+N+O+W+L+E+D+G+E

11+14+15+22+12+5+4+7+5 = 96 %

ဗဟုသုတပြည့်စုံခြင်းကတော့ ၉၆ % အောင်မြင်နိုင်ပါတယ်။




၃။ ချစ်ခြင်းတရား (Love)

L+O+V+E

12+15+22+5 = 54 %

ချစ်ခြင်းတရားဟာ အောင်မြင်ဖို့ ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။




၎။ ကံတရား (Luck)

L+U+C+K

12+21+3+11 = 47 %

ကံတရားကတော့ အောင်မြင်ခြင်းနဲ့ ၄၇ ရာခိုင်နှုန်းပဲ ပတ်သက်ပါတယ်။

ဒါဆိုရင်တော့ မဟုတ်သေးဘူး။ ၁၀၀ ရာခိုင်နှုန်း အပြည့်ရနိုင်မယ့် အကြောင်းတရား တခုခုတော့ ရှိရမယ်။

သိပြီ ပိုက်ဆံ . . . ။




၅။ ပိုက်ဆံ (Money)

M+O+N+E+Y

13+15+14+5+25 = 72 %

မဟုတ်ပြန်ဘူး . . . ပိုက်ဆံကလည်း ၇၂ ရာခိုင်နှုန်းပဲ စွမ်းဆောင်နိုင်တယ်။ ဒါဆိုရင်




၆။ ခေါင်းဆောင်မှု အရည်အသွေး (Leadership)

L+E+A+D+E+R+S+H+I+P

12+5+1+4+5+18+19+8+9+16 = 89 %

ခေါင်းဆောင်မှုကောင်းရင်တော့ ၈၉ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။
ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ အဲဒီတော့ ပြဿနာရဲ့ အဖြေကို စိတ်နေစိတ်ထားလေး ပြောင်းပြီး
စဉ်းစားကြည့်ရအောင်။ ဟုတ်ပြီ . . . စိတ်နေစိတ်ထား။




၇။ စိတ်နေစိတ်ထား (Attitude)

A+T+T+I+T+U+D+E

1+20+20+9+20+21+4+5 = 100 %

ရပါပြီ . . . ဘ၀ကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့ စိတ်နေစိတ်ထားပါပဲ။
“Attitude is everything ” လို့ ဆိုပါတယ်။ ကိုယ့်ရဲ့ စိတ်နေစိတ်ထားကို ပြောင်းလိုက်တာနဲ့ ဘ၀တစ်ခုလုံး
ပြောင်းလဲနိုင်ပါတယ်။ အခု အဖြေကို သိရပါပြီ။


ကဲ . . . ဘာဆက်လုပ်ကြမလဲ . . . ။

မာဒီစီးဘန့်ဇ် ကိုယ်ပျောက် မော်တော်ယာဉ်လာပြီ





ကားတစ်စီးလုံး ရှိမှန်း မသိရအောင် ကိုယ်ယောင် ဖျောက်နိုင်တဲ့ ကိုယ်ပျောက်ကားကို ဂျာမနီ သိပ္ပံပညာရှင်တွေက

ချစ်ခြင်းနှင့်ရေစက်ဆုံခြင်း

ချစ်ခြင်းနှင့်ရေစက်ဆုံခြင်း
၁။ သူမပျင်းနေချိန်မှာအဖော်ပြုပေးပါ 
၂။ သူမ၀မ်းနည်းချိန်မှာနှစ်သိမ့်ပေးပါ
၃။ ယောက်ျားလေးကတက်ကြွစွာဦးဆောင်ပါ
၎။ မိန်းကလေးကိုချိန်းဆိုပြီးအပြင်ထွက်လည်ပါ
၅။ မိန်းကလေးမှဦးဆောင်ဆောင်၇ွက်မှုမလုပ်ပါစေနဲ့
၇။ ချစ်သူကိုကောင်းကောင်းမွန်မွန်ဆက်ဆံပါ
၈။ ချစ်သူဆန္ဒကိုလိုက်လျောပါ
၉။ သူမကိုစိတ်ထိခိုက်ဝမ်းမနည်းပါစေနဲ့
၁၀။ သူမအနိုင်ကျင့်ခံ၇ချိန်မှာချက်ချင်းသူမကိုကာကွယ်စောင့်ရှောက်ပါ
၁၁။ ချစ်သူအကြောင်းကိုကွယ်ဝှက်မထားပါနဲ့ 
၁၂။ ချစ်သူကိုသစ္စာမဖောက်ပါနဲ့
၁၃။ ချစ်သူက မှားတယ်ထင်ရင် ရှင်းပြတာကို လက်ခံပေးပါ. ပြီးမှဆုံးဖြတ်ပါ
၁၄။ ယောကျာ်းလေးတစ်ယောက်ရဲ့ လုပ်ဆောင်နိုင်မှုကို လေးစားပေးပါ၊ ဦးဆောင်ခွင့်ပေးပါ
၁၅။ စကားဝိုင်းဟာ အပြန်အလှန် အဆိုပြူခွင့်၊တင်ပြခွင့်များနဲ့ ရှိပါစေ
၁၆။ တစ်ယောက်ရဲ့ဝါသနာကို တစ်ယောက်နားလည်ပေးပါ၊ ပါဝင်ပေးပါ

ဒါဆိုရင် သင်တို့ ရဲ့ ချစ်ခြင်းဟာ ရေစက်ဆုံခြင်းအဖြစ်သို့ ပြောင်းလဲသွားပါလိမ့်မည်။

အမွှေးပါသော ထူးဆန်းသော ထရောက်ငါး


အမွှေးအမျှင်တွေပါတဲ့ ထူးဆန်းသော ထရောက်ငါးကို မြောက်အမေရိက အထူးသဖြင့် Canada , Montana ,
Wyoming , Colorado နဲ့ Great lakes တို့မှာ တွေ့နိုင်ပါတယ် ။ ဒီငါးတွေဟာ စိတ်ကူးယဉ် ပုံပြင်ဆန်တဲ့ ငါးတစ်မျိုး
လည်း ဖြစ်ပါတယ် ။ ပုံပြင်တွေအရဆိုရင်တော့ သူတို့ နေထိုင်ကျက်စားရာ ရေပြင်တွေ ကန်တွေနဲ့ ပင်လယ်တွေဟာ
အရမ်းကို အေးလွန်းတဲ့အတွက် ဒီငါးတွေဟာ သူတို့ကို သူတို့ အနွေးဓါတ်ရစေရန်အတွက် အမွှေးအမျှင်တွေ ထွက်
ပေါ်လာရခြင်းဖြစ်တယ်လို့ ဆိုပါတယ် ။ နောက်ပုံပြင်တစ်ခုကတော့ အမွှေးအမျှင်တွေ အပြည့်ပါတဲ့ ခရားအိုး လေးလုံး

ရေအောက်........ဖုန်း(Phone)


ရေအောက်ဖုန်းရုံ ဆိုလို့ရေအောက်ထဲမှာ လုပ်ထားတာလို့ မထင်ပါနဲ့ ။ ရေအောက်ထဲက ဒီဇိုင်းလေး အတိုင်းလုပ်ထား
တာပါ ။ ထွင်လဲထွင်တက်ပါ့နော် ။ ဒါပေမေ့ တစ်မျိုးတော့ဆန်းသား ။ ရေအောက်ဒီဇိုင်းလေးကို ကြည့်ပြီး ဖုန်းဆက်လို့
ရတာပေါ့နော် ။ တည်ရှိတာကတော့ ပြင်သစ်မှာ ဖြစ်ပါတယ် ။ ကမ္ဘာလှည့် ခရီးသည်တွေအတော်များများလည်း ဒီဖုန်း
ရုံလေးကို စိတ်ဝင်တစားလာ ကြည့်ကြတယ်လို့ သိရပါတယ် ။ ကဲ ဒို့တွေလည်း သွားကြည့်ကြရအောင်နော့ ။

copy from : www.mmcfamily.org

ကမ္ဘာပေါ်မှာရှိတဲ့ အကြီးဆုံးတွင်းနက်ကြီး

တောင်အာဖရိကမှာရှိတဲ့ kimberley big hole


ဒီနေရာကို ကမ္ဘာပေါ်မှာရှိတဲ့ အကြီးဆုံး တွင်းနက်ကြီးလို့ ယူဆရပါတယ်။ အနက်အားဖြင့်တော့ ၁၀၉၇ မီတာနက်ပြီး
၁၉၁၄ မှာ ဒီတွင်းနက်ကြီးကို မပိတ်ခင် အထိတော့ စိန် ၃ တန်လောက် ထွက်ရှိခဲ့တယ်လို့သိရပါတယ်။ အကယ်၍ဒီ
တွင်းနက်ကြီးကို လူတွေကသာ ဖန်တီးမယ်ဆိုရင် မြေကြီးပေါင်း ၂၂.၅ မီလီယံတန်လောက်
ဖယ်ရှားပစ်ရမယ်လို့သိရပါတယ်။


Monticeelo




Monticeelo Utach မှာရှိတဲ့ bingham canyon


ဒီနေရာဟာ ကမ္ဘာပေါ်မှာ လူတွေတူးခဲ့တဲ့ အကြီးမားဆုံးတွင်းကြီး ဖြစ်မယ်လို့ ယူဆရပါတယ်။ ဒီတွင်းနက်ကြီးပြု

ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကိုအထောက်အကူပြုတယ်။




ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ ကိုရော သိပါသလား။သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့

You Raise Me Up : Guitar lesson

Written By Unknown on Friday 9 March 2012 | 23:44

Learn to play : Soleares

Written By Unknown on Thursday 8 March 2012 | 19:09

Easy lessons to play Classical guitar

Romance guitar lesson for all

သတိုးသမီးမင်္ဂလာဝတ်စုံပုံအမျိုးမျိုး




ကိုယ်ဝန်ရှိပြီးမှအိမ်ထောင်ပြုဖြစ်သူသတိုးသမီးတွက်ဝတ်စုံးလားဘဲ

လက်စွပ်ဝတ်ဆင်ပုံအကြောင်း

သိတဲ့သူလဲရှိပါလိမ့်မယ်နော်....မသိတဲ့သူလဲရှိပါလိမ့်မယ်...

လက်တစ်ချောင်းစီပေါ် ၀တ်ဆင်ထားတဲ့လက်စွပ်တွေမှာ မတူတဲ့အဓိပ္ပာယ်တွေရှိသတဲ့။
ပြောကြားချက်အရ ဘယ်ဖက်လက်သူကြွယ်မှာရှိတဲ့ သွေးကြောတစ်ချောင်းက နှလုံးသားနဲ့ဆက်သွယ်ထားတယ်။
 ဒါကြောင့် မင်္ဂလာဆောင်တဲ့အခါ မင်္ဂလာဇနီးမောင်နှံက လက်ထပ်လက်စွပ်ကို ဘယ်ဖက်လက်သူကြွယ်မှာ ဝတ်ဆင်

HIV ရောဂါ ခံစားမှူနှစ် ၂၀ ပြည့်ပြီဖြစ်သော်လဲ ကျန်းမာနေသူ (ရောဂါရှင်များ အားတက်ဖွယ်)




အမေရိကန်နာမည်ကျော် ဘတ်စကက်ဘောသမား မက်ဂျစ်ဂျွန်ဆင်သည်အိတ်ခ်ျအိုင်ဗွီပိုး ရှိသည်မှာ နှစ် ၂၀ ပြည့်ခဲ့ပြီဖြစ်သော်လည်းကျန်းမာစွာ ဆက်လက်ရှင်သန်နိုင်ခြင်း အထိမ်းအမှတ် အဖြစ် နိုဝင်ဘာလ ၇ရက်နေ့တွင် လော့စ်အင်ဂျလိစ်ရှိ စတေပယ်လ်စင်တာခန်းမဆောင်တွင် အခမ်းအနားကျင်းပခဲ့သည်။
အမေရိကန် အင်န်ဘီအေ ဘတ်စကတ်ဘောသမိုင်းတွင် သုံးကြိမ်တိတိ တန်ဖိုးအရှိဆုံး
ကစားသမားဆု ရရှိခဲ့ဖူးသူ ဂျွန်ဆင်၏ ပိုးရှိလျက် ဆက်လက်ရှင်သန်နိုင်မှုမှာ
အိတ်ခ်ျအိုင်ဗွီ/အေ့ဒ်စ် ဝေဒနာ ရှင်များအတွက် အားတက်ဖွယ်ဖြစ်ကြောင်း
အမေရိကန်မီဒီယာများက ချီးကျူးဖော်ပြခဲ့ကြသည်။ အိတ်ခ်ျအိုင်ဗွီ/
အေ့ဒ်စ်တိုက်ဖျက်ရေးနှင့် ကူးစက်မခံရရေး အတွက် သတိပြုရန်ဦးဆောင်
လှုံ့ဆော်သူ တစ်ဦးဖြစ်ခဲ့ပြီး မက်ဂျစ်ဂျွန်ဆင် ဖောင်ဒေးရှင်းကို

သွေးချို ရောဂါ ဝေဒနာရှင်များ အနေဖြင့် အကောင်းမြင်စိတ် ရှိရန် အဓိက လိုအပ်

Written By Unknown on Monday 5 March 2012 | 01:50


သွေးချို ရောဂါသည်ဖြည်းဖြည်း ချင်း ဖြစ်ပွား တတ်သောကြောင့် မိမိ ကိုယ်ကို ထိန်းသိမ်းခြင်း သည်သာ အ ကောင်းဆုံး ဖြစ်ကြောင်း  ပါမောက္ခ ဦးနေ၀င်း(ဆေးပညာ) ကပြောသည်။
“သွေးချို ရောဂါဖြစ်ပြီး အချိန် အတော်ကြာတော့ သွေးချိုပမာဏ ပြန်ကျ သွားတာမျိုးဖြစ်တတ်တယ်။ ဒါကို Honeymoom Period လို့ ခေါ်တယ်။ ဒါပေမဲ့ သွေးချိုဟာ ပျောက်သွားတယ်လို့တော့မရှိဘူး။ အကောင်းမြင် စိတ်နဲ့ ကိုယ့်ကိုယ်ကို ထိန်းသိမ်း ဖို့လိုအပ်တယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။ သွေးချို ရော ဂါမှာ သွေးတွင်းရှိ Insulin မထွက် ခြင်းကြောင့် ဖြစ်ပွားခြင်းနှင့် Insulin အလုပ်မလုပ်သောကြောင့်ဖြစ် ပွားခြင်းဟူ၍ နှစ်မျိုးရှိပြီး နံပါတ်တစ် အမျိုးအစားမှာ အချိုအလွန်အကျွံ စားသုံးခြင်းကြောင့်ဖြစ်ပြီး ဒုတိယအ မျိုးအစားမှာ ကျန်းမာရေးနှင့် မလျော် ညီသော လူနေမှုပုံစံမျိုးကြောင့်ဖြစ် ကြောင်း၊ သွေးချိုရောဂါရှင် ၉၅ ရာ ခိုင်နှုန်းသည် အဆိုပါ ဒုတိယအမျိုး အစားကြောင့်ဖြစ်ကြောင်း၊ ဝေဒနာ ရှင်အနေဖြင့် မိမိအခြေအနေပေါ် အကောင်းမြင် စိတ်မရှိပါက ကျန်းမာ ရေးနှင့် လျော်ညီသောလူနေမှု ပုံစံမျိုး မဖြစ်ကြောင်း၊ စိတ်ဓာတ် ကျဆင်း၍ စားချင်ရာစား၊ နေချင်တိုင်း နေ၍ ရောဂါပိုမို ဆိုးရွားနိုင်ကြောင်း ဦးနေ ၀င်းက ဆက်လက် ပြောသည်။
သွေးချိုရောဂါ ကုသရာ၌ insulin ထိုးဆေးဖြင့်ကုသခြင်း၊ သွက် လက်ဖျပ်လက်သော လူနေမှုပုံစံသို့ ပြောင်းလဲခြင်း၊ အချိုစာ နှင့် အဆီ စာများရှောင်ကြဉ်ခြင်း၊ ဆေးဝါး သောက်သုံးခြင်း၊ လေ့ကျင့်ခန်းပုံမှန် လုပ်ခြင်း တို့ဖြင့် ကုသနိုင်ကြောင်း၊ ဆေးထိုးကုသမှုမှာ မြန်မာ နိုင်ငံ၌ နည်းပါးကြောင်း၊ ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်းသည် ရောဂါမဖြစ်ပွား ဖို့ ကာကွယ်ရာ ၌ ရာခိုင်နှုန်း ၅၀ ထိ ရောက်မှု ရှိကြောင်း သိရသည်။

ဧရာဝတီဘဏ် (မြဝတီ) က ယူရိုငွေ၊ စင်ကာပူဒေါ်လာ နှင့် အမေရိကန် ဒေါ်လာ တို့ကို တရားဝင် လဲလှယ် ပေးမည်





မြ၀တီမြို့တွင် ဖေဖော်ဝါရီ ၂၃ ရက်က ထပ်မံ ဖွင့်လှစ် လိုက်သော ၁၉ ခုမြောက် ပုဂ္ဂလိကဘဏ်တစ် ခုဖြစ် သည့် ဧရာဝတီ ဘဏ်ခွဲက ငွေ လွှဲပြုလုပ်ရာတွင် ကျပ် ၁၀၀ လျှင် ပြား ၂၀ နှုန်းသတ်မှတ်ဆောင်ရွက် မည်ဖြစ်သော် လည်း ယခင်ဖွင့်လှစ် ထားသော ပုဂ္ဂလိကဘဏ်အချို့ နှင့်ပြန်လည် ညှိနှိုင်းကာ ဧရာဝတီ (မြ၀တီဘဏ်ခွဲ)မှလွှဲလျှင် ၁၅ ပြား နှုန်းနှင့် အခြားမြို့များ ကလွှဲလျှင် ပြား ၂၀ နှုန်း သတ်မှတ်လုပ်ဆောင် ပေးမည်ဖြစ်ပြီး နိုင်ငံခြားငွေ(ဘတ်) လဲလှယ်မှုကိုလည်း မကြာမီတရား ၀င်လဲလှယ် ပေးသွားမည်ဖြစ်ကြောင်း ယင်းဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းဇော်က မြန်မာပို့စ်သို့ထုတ် ဖော်ပြောကြားသည်။
ထိုသို့ ငွေလဲလှယ်ပေးရာတွင် တာချီလိတ်၊ မြ၀တီနှင့် မူဆယ်မြို့ တို့တွင် ထိုင်းဘတ်ငွေနှင့် တရုတ် ယွမ်ငွေ များကို လဲလှယ် ပေးသွားမည် ဖြစ်ပြီး လတ်တလောအနေဖြင့် ယူရို ငွေ၊ စင်ကာပူဒေါ်လာနှင့် အမေရိ ကန်ဒေါ်လာ တို့ကို လဲလှယ်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။
“ဒီဒေသကို အထူးဒေသအနေနဲ့ လာရောက်ဖွင့်လှစ်ပေးတာဖြစ်ပါတယ်။ နိုင်ငံခြား သား ၀င်ရောက်မှု တွေလည်း ရှိနေပြီ။ ဘဏ်ရဲ့ဝန်ဆောင်မှု လုပ်ငန်း တွေဖြစ်တဲ့ငွေလွှဲ၊ ငွေချေးနဲ့ အပ်ငွေ လုပ်ငန်း တွေအပြင် အခြား ၀န်ဆောင်မှု လုပ်ငန်း တွေကို အမြန်ဆုံး ဖြစ်အောင် ဆောင်ရွက် ပေးသွားမှာပါ။ ထိုင်းငွေ ကြေးလဲလှယ်မှု ကိုတော့ မကြာမီလုပ် ပေးသွား ဖို့ရှိပါတယ်”ဟု ယင်းကထပ် လောင်းပြောကြားသည်။

သူငယ်ချင်းများ အားလုံးအတွက် နောက်ဆုံးပေါ်ပိန်နည်း

မိန်းကလေးပဲဖြစ်ဖြစ် ယောကျာင်္းလေးပဲဖြစ်ဖြစ် ... လှချင်တဲ့သူတွေချည်းပဲနော်.... မလှချင်တဲ့သူတယောက်မှ မရှိဘူး....ဒီခေတ်မှာ ရွှိုင်းနေအောင် ပြင်လို့ရတဲ့နည်းတွေ မှိုလိုပေါက်နေပြီလေ....မျက်နှာကို ကြည်လင်အောင် ဂျီးချွတ်မလား.... နုနေအောင် မွိုက်ချာရိုက်ဇာ   နေ့တိုင်းလိမ်းမလား    ....ဖြူနေအောင် whitening အလှကုန်တွေ လိမ်းချင်လား...


 တွန့်နေတာတွေ ပျောက်အောင် Q 10 တို့ Vitamin E တို့ပဲ သုံးမလား...မျက်နှာတင်မက ခန္ဓာကိုယ်မှာလဲ အရွယ်စုံ ဆိုက်စုံတွေ အတွက် ဒီဇိုင်းစုံနဲ့ ဖုံးအုပ် တန်ဆာဆင်မလား... လှနည်း အမျိုးမျိုးရှိလာကြပါပြီ....

အဲ... ဒါပေမယ့် ယောက်ကျားမိန်းမမရွေး... အသက်ကဖြိုလာတဲ့ အရာ တခုကို ရင်ဆိုင်ရတာကတော့ "ဝခြင်း" ပါပဲ.....

မျက်နှာလေး သွယ်ရင်ကောင်းမှာပဲတို့... မေးစေ့အောက်က အဆီတွေ ကျချင်တာတို့.... ဗိုက်ခေါက်ကျချင်တာတို့..... ဂုတ်ပိုးတွေ ထပ်နေပြီတို့... အသက်ကြီးလေ ပိန်ချင်လေ ဖြစ်လာကြတယ်လေ....

ဒါကြောင့် အပိုတွေ ပြောမနေတော့ပါဘူး... နောက်ဆုံးပေါ် ပိန်နည်းတွေ အင်တာနက်မှာ ဖွထားသမျှ မျှလိုက်မယ်...

မထင်ရဘူးနော်.... နည်းတွေကတော့ တော်တော် အူကြောင်ကြောင်နဲ.လွယ်တယ်... ဒါပေမယ့် ထိရောက်တယ် ဆိုပဲ... စမ်းကြည့်ကျမယ်....

အလကားရတာပဲနော့လေ....

Japanese Morning-Banana Dietခုဆို ဂျပန်မှာ ငှက်ပျောသီးဝယ်ယူ ရရှိနိုင်ဘို့ မနက်စောစောဈေးပြေးနေရပြီ ဆိုပဲ...

banana နော် banana


အရင်က လုံးဝ မထင်ရှားသာမာန် ငှက်ပျောသီးဟာ ခုချိန်မှာ ပိန်ရေးအတွက် အရမ်းကို အသုံးဝင်နေတယ်ဆိုတာ သိလာကြပြီးနောက်ပိုင်း... ငှက်ပျောသီး တင်သွင်းတဲ့ ကုန်သည်တွေကလဲ... တင်သွင်းလို့ မလောက်နိုင်လောက်အောင်   ဈေးကွက်က အရမ်းတောင်းဆိုလာကြတယ်တဲ့...

Hitoshi Watanabe ဆိုသူ အသက် ၃၁ နှစ်ရှိပြီ ဖြစ်တဲ့ ဘွဲ့ရအလုပ်လက်မဲ့လူငယ် တယောက်ဟာ ဒီနည်းဟာ အကောင်းဆုံးဆိုတာ ကို ၂၀၀၆ ခုနှစ်မှာ တွေ့ရှိခဲ့ တယ်တဲ့...

သူ့ကောင်မလေး Sumiko ဆိုတဲ့မိန်းကလေးက ဆေးဆိုင်မှာ ဆေးရောင်းတဲ့ အလုပ်လုပ်ရင်း... တရုတ် တိုင်းရင်ဆေး ပညာ သင်ကြားခဲ့ရတာကတော့... ဘာဖိအားမှ ပေးစရာမလိုတဲ့ အရိုးရှင်းဆုံးပိန်နည်းကတော့ မနက်စောစောမှာ ငှက်ပျောသီးစားပြီး ရိုးရိုးရေတခွက်သောက်လို့ရှိရင် ဇီဝချေဖျက်နုန်း အလွန်မြင့်မားပြီး... နေ့လည်စာနဲ့ ညစာ ဘယ်လောက်စားစား..... ပိန်နိုင်ပါတယ်လို့ဆိုပါတယ်....