လာရောက်လည်ပတ်ကြသူ အားလုံး ထူးနေမူးဘလော့မှ နွေးထွေးစွာ ကြိုဆိုပါသည်
Ads 468x60px
မိန်းမ အင်္ဂါ နှစ်ခုပါသော အမျိုးသမီး
Written By Unknown on Sunday 29 January 2012 | 00:20
မိန်းမ အင်္ဂါ နှစ်ခုပါသော အမျိုးသမီး
အသက် ၂၇ နှစ်အရွယ် အင်္ဂလန်နိုင်ငံသူ Hazel Jones ဟာ အမျိုးသမီး အင်္ဂါနှစ်ခု ၊ သားအိမ် နှစ်ခု ၊ သားအိမ်ပြွန် နှစ်ခု ပါရှိပါတယ်။
လက်ရှိအချိန်မှာ Jones ဟာ ITV ရဲ့ ရုပ်မြင်သံကြား အစီအစဉ်မှာ သူ့ရဲ့ အပျိုရည် နှစ်ခါပျက် ခြင်းအကြောင်းနဲ့ပတ်သက်ပြီး ဆွေးနွေးနေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့မိတ်ဆွေတွေကိုအားလုံးကို ပြောပြပါသေးတယ်
လို့ Jones က ITV အစီအစဉ် ကြေငြာသူ Willoughby နဲ့ Phillip Schofield ကိုပြောပြပါတယ်။
ကျွန်မထင်တာကတော့ ဒါဟာ အရမ်းအံ့သြဖွယ်ကောင်းပြီး ကြားရတဲ့သူတွေကိုဆွံ့အ စေတယ်လို့ Jones က ဆက်လက်ပြီး ပြောပြသွားပါတယ်။
ထို့နောက် Jones က ဒါကိုကြည့်ချင်တဲ့ မည်သည့် အမျိုးသမီးကိုမဆို ပြသဖို့ ၀န်လေးမှာမဟုတ်သလို နည်းနည်းလေးမှတောင် ရှက်မိမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။
အသက် ၁၈ နှစ်ပြည့်ပြီးသော သူများသာကြည့်ရန်။
ဒီ ထူးဆန်းအံသြဖွယ်ကောင်းတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး သူမ ၁၈ နှစ်အရွယ်အထိ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခဲ့သေးတယ်လို့ ပြောပြခဲ့ပါတယ်။
သူ့ကျောင်းနေဖက် သူငယ်ချင်းမိန်းကလေးတွေကို အမျိုးသမီး လစဉ်သုံးပစ္စည်း အတွက် ဘယ်….တစ်ခုကို (ဘယ်တစ်ခုကနေ လာနိုင်သလဲ) ဆိုတာကို မေးကြည့်ခဲ့သေးတယ်လို့ ပြောပြခဲ့ပါတယ်။ တစ်ကယ်တမ်းကျတော့ စိတ်ကသိကအောက် ဖြစ်စရာအခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်လို့ Jones က ပြောဆိုခဲ့ပါတယ်။
ကျွန်မရဲ့ဘ၀မှာ ထိတ်လန့်စရာ ကြွက်တက်ခြင်း အဖြစ်တွေကို ဆိုးရွားစွာ ကြုံတွေ့ခဲ့ရတယ်လို့ သူမက ဆက်လက်ပြောသွားခဲ့ပါတယ်။ဒါဟာ ခံထိုက်လို့ ခံရတာပဲလို့ သူမကပြောခဲ့ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သူမမှာ သားအိမ်က နှစ်ခုရှိတာကိုး လို့ ပြောခဲ့ပါတယ်။
ဒါဆိုရင် ကျွန်မ ကိုယ်ဝန်ဆောင်တဲ့အချိန် အခြားသားအိမ်တစ်ခုမှာ သန္ဓေမတည်မိအောင် ဆင်ခြင်ဖို့ ဗဟုသုတ တစ်ခု ရခဲ့ပါတယ်။
သူမ အဲဒီလို အမျိုးသမီး အင်္ဂါ နှစ်ခုပါတာကို လူတွေသိပြီး သိပ်မကြာခင် ပုရိသအကြိုက် မဂ္ဂဇင်း Vivid Entertainment ကနေပြီးတော့ ရုပ်ရှင်ရိုက်ဖို့ ဒေါ်လာ ၁ သန်းပေးပြီး ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒါကို သူမ ငြင်းဆန်ခဲ့ပါတယ်။
တွေးတွေးပြီးရယ်
Written By Unknown on Friday 27 January 2012 | 17:34
(၁)
စိတ်မနှံ့သူ (ယောက်ျား).... နင့်ကို ငါပြောစရာရှိတယ်။
စိတ်မနှံ့သူ (မိန်းမ)...... ဘာလဲ! ပြောလေ..
စိတ်မနှံ့သူ (ယောက်ျား).... (နား,နားကပ်ပြီး) နင်လျှောက်မပြောရဘူးနော်... ငါက ကွမ်ရင်မယ်တော်ရဲ့သား.
စိတ်မနှံ့သူ (မိန်းမ)..... ဟာ နင်လျှောက်မပြောနဲ့.. ငါ ဘယ်တုန်းက နင့်လိုသားမျိုးမွေးခဲ့လို့လဲ?
ကမ္ဘာ့အကြီးဆုံး Cargo လေယဉ်-Antonov 225
ကမ္ဘာ့အကြီးဆုံး Cargo လေယဉ်-Antonov 225
အံ့သြစရာလေယဉ်ကြီးပါပဲ ။ ဒီ Antonov 225 လေယဉ်ကြီးဟာ လေယဉ် တောင်ပံ တစ်ဖက်စီကို
faw faw ကတော့ ဆရာဘဲဟိဟိ..........
ငယ်ပေမဲ့ရော့မတွက်နဲ့နော်.........ကိုရီယားကနော်....
ပူစီချစ်သူတွေအတွက်
ကိုရီးယားဆိုတာလည်း တရုတ်ကဆင်းသက်လာတာတဲ့ တရုတ်နှစ်ကူးတော့ ကိုရီးယားလည်း
သူတို့ဓလေ့နဲ့ နှစ်ကူးလေ..အဲဒီတော့ ပိတ်ရက်တွေရှိလာပြန်ေ၇ာ...ပိတ်ရက်မှာ အလှုအတန်းတွေ
သွားသလို အောက်ဘက်ကလာလည်တဲ့ သူငယ်ချင်းတွေနဲ့ ဆုံဖြစ်ပြန်တယ်..မကြာသောကာလ
မှာ မြန်မာပြည်ပြန်ကြတော့မှာမို့ သူတို့တွေပျော်နေကြပြီလေ....ဆိုလ်းပါတ်ဝင်းကျင်လိုက်ပို့ လို့
ညဘက်ကျတော့လည်း ယမကာဝိုင်းလေးနဲ့ပေါ့....ပိတ်ရက်တွေမှာ အအေးဓါတ်ကလည်းပိုလို့
အနုတ်၁၃လောက်ထိ ဖြစ်ခဲ့တော့...ခန္ဓာကိုယ်အနွေးဓါတ် လိုတယ်လေ။ အချို.သူငယ်ချင်းတွေ
ကတော့ ပိတ်ရက်ခွင့်တစ်လလောက်ရလို့ အိမ်ပြန်ကြတယ်...လေဆိပ်ကိုကျနော်လိုက်ပို့ တာကို
ကျနော့်ကိုခင်တဲ့ သူတွေကလည်းကျနော်အိမ်ပြန်တယ်ထင်သွားကြတယ်..မညာပါဘူး...ပြန်ချင်
တာပေါ့ဗျာ...သို့သော်လည်း....ပိတ်ရက်မှာေ၇ာက်တတ်ရာရာသွားရင်း ပန်းချီပြခန်းလေးတစ်ခု
မှာ ကြောင်ပုံလေးတွေ လှလို့ရိုက်ခဲ့ပါတယ်...ရှုစားကြပါအုံးခင်ဗျာ.....
မွေးနေ့လက်ဆောင်
ပေးပို့သောမွေးနေ့လက်ဆောင်၁ဝဝ%အချစ် အသဲချိုချဉ်
ပါဝင်သောပစ္စည်း = စစ်မှန်ခြင်း၊ သတိရလွမ်းဆွတ်ခြင်း
သက်တမ်းကုန်ဆုံးရက် = တစ်သက်တာ
ရရှိနိုင်သောအာဟာရ = နွေးထွေးကြည်နူးခြင်း၊ ချမ်းမြေ့ပျော်ရွှင်ခြင်း၊ ကျန်းမာသန်စွမ်းခြင်း
ဘက်လိုက်ခြင်း
Written By Unknown on Tuesday 24 January 2012 | 05:29
သူပြောတာ ကိုယ်နားမလည်ရင် ပြောတဲ့လူ presentation ညံ့တာ၊ ကိုယ်ပြောတာ သူနားမလည်ရင် အဲဒီ့လူ ဒုံးဝေးတာ…
သူဆော်လို့ ကိုယ်ပြန်ဆော်ရင် မဟုတ်မခံတာ၊ ကိုယ်ဆော်လို့ သူပြန်ဆော်ရင် အာဃာတ ထားတာ…
သူများအယူအဆကို ကိုယ်က အဆိုးမြင်ရင်တောင် ဒါ ဝေဖန်ရေးလုပ်တာ၊ ကိုယ့်အယူအဆကို သူများက ဝေဖန်ရင်တော့ အဲဒါ အဆိုးမြင်တာ…
သူများနယ်ပယ်ကို ကိုယ့်ဘက်က ကျူးကျော်သိမ်းပိုက်တော့ နိုင်ငံတော်ကို တည်ထောင်သူ၊ ကိုယ့်နယ်ပယ်ကို သူများက ကျူးကျော်သိမ်းပိုက်တော့ နယ်ချဲ့…
ဘုရင်တွေ လူမျိုးခြားနဲ့ ယူရင် ချစ်ကြည်ရေး၊ သာမန်လူတွေ လူမျိုးခြားနဲ့ ယူရင် မျိုးဖျက်တဲ့သူ…
သူများ ဘာသာဝင်တွေ စည်းရုံးလာရင် သိမ်းသွင်း ဖြားယောင်းတာ၊ ကိုယ့်ဘာသာဝင်တွေက သွားစည်းရုံးရင် သာသနာပြုတာ…
ရဟန်းရုပ်တု နေရာရွေ့သွားတာကျ ဈာန်ကြွတာတဲ့။ လူ့ဓာတ်ပုံ နေရာရွေ့တာကျ သရဲခြောက်တာလို့ ပြောကြတယ်။
smile.........: -)
အကြောမာချက်ကတော့ ....ဟင်းဖြစ်နေတာတောင်...အေးရာအေးကြောင်းလုပ်နေနိုင်တုံး....
funny 1aaa
ပုံကောင်းကောင်းတစ်ခုရဖို့ ဆိုတာ လွယ်တယ်မထင်နဲ့ ...
ကလေးထက်ပိုအရေးကြီးတယ်...
မပိုင်ဘူးလားကွယ်တို့ ....
အညီအမျှပဲ...ဘယ်သူ့ ဘယ်သူမှ ပိုမရဘူး...
ငယ်ကတည်းက အိုင်တီနည်းပညာကို ဒီလိုပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်တာ...
ထမင်းမေ့ ဟင်းမေ့ ရုံတင်မက အ၀တ်အစားပါဝတ်ဖို့ မေ့ တာ...
Think the school run is bad? Children face Indiana Jones-style river crossing EVERY day after floods cut off their community
အင်ဒိုနီးရှားမှ သက်စွန့် ကြိုးပမ်းကျောင်းတက်ကြရသည့် ကလေးငယ်များ...
အမှတ်တမဲ့ ကြည့် လိုက်ယင်တော့အခုမြင်ရတဲ့ မြင်ကွင်းဟာ နာမည်ကျော် အင်ဒီယာနာဂျူံးနှင့် 
ကျိန်စာသင့် ကျောင်းတော် ဇတ်ကားထဲက ဇတ်ဝင်ခန်းနဲ့ ခပ်ဆင်ဆင်တူနေပါလိမ့် မယ်...
ဒါပေမယ့် တစ်ကယ့် လက်တွေ့ မှာတော့ အဖြစ်မှန်ဟာ အင်ဒိုနီးရှားနိုင်ငံ၊ လီဘက်ဒေသက က
လေးလူကြီးမရွေး နေ့ စဉ်အလုပ်သွားအလုပ်ပြန်၊ ကျောင်းသွားကျောင်းပြန် မဖြစ်မနေဖြတ်သန်း
သွားလာနေရတဲ့ ခရီးလမ်းကြောင်းတစ်ခုဖြစ်နေပါတယ်....
အသက်၅ နှစ်အရွယ်ကလေးကစတဲ့ ကျောင်းသားကျောင်းသူလေးများဟာနေ့ စဉ်မပျက်မကွက်
ကျောင်းသွားဖို့ ဆီဘာရန်းမြစ်ကိုဖြတ်ကူးဖို့ ဆောက်လုပ်ထားတဲ့ ပျက်စီးယိုယွင်းနေပြီဖြစ်တဲ့ ကြိုး
ဆိုင်းသစ်သားတံတားပေါ်မှာ အသက်ကိုဖက်နဲ့ ထုပ်ပြီး ကွာကျနေတဲ့ ပျဉ်တွေ၊ ကြိုးတွေကိုတွယ်
ကပ် ဆုပ်ကိုင်ကာ သွားလာနေကြရပါတယ်....
Perilous crossing: Students, some as young as five, hold on to the side steel bars of a collapsed bridge as they cross a river to get to school at Sanghiang Tanjung village in Lebak, Indonesia
 သက်စွန့် ကြိုးပမ်းပညာရှာကြရပါတယ်...
Perilous crossing: Students, some as young as five, hold on to the side steel bars of a
အိမ်သာထဲမှာ ၉၃၂ ရက်တာ...
စင်္ကာပူနိုင်ငံမှ အမျိုးသမီးကြီးတစ်ဦးဟာတစ်စုံတစ်ယောက်က သူမအားအတင်းအကြပ်ဖိထား
ကာ ထွက်ခွာခွင့်မပြုခဲ့ ဟုခံစားရနေသည်ဟုဆိုကာ ရေချိုးခန်းအိမ်သာထဲတွင် ရက်ပေါင်း ၉၃၂
ရက်တိုင်တိုင်နေထိုင်ခဲ့ ရပါတယ်...
အသက် ၅၈ နှစ်ရှိ အဆိုပါအမျိုးသမီးကြီးဟာ စိတ်ကရောဂါခံစားနေရတယ်လို့ ဆိုပါတယ်....
အသက် ၆၄ နှစ်ရှိပြီဖြစ်သည့် ခင်ပွန်းဖြစ်သူ အွန်ကန်အွန်ဟာ ရဲတပ်ဖွဲ့ ဝင်များ၊ အရေးပေါ်သူနာ
တင်ယာဉ်မှ ၀န်ထမ်းများအကူအညီဖြင့် သူမအား စိတ်ရောဂါဆေးရုံသို့ ကုသနိုင်ရန် ပို့ ဆောင်
နိုင်ခဲ့ ပါတယ်....
 အိမ်သာထဲမှာ ၉၃၂ ရက်တာ ဆိုပြီး ကိုယ်တိုင်ရေးအထုပ္ပုတ္တိရေးလိုက်ယင် 
ကမ္ဘာကျော်သွားနိုင်တယ်...
လာတော့ ပဲ ထိုအထဲမှာပဲ စားသောက်နေထိုင်အိပ်စက်နေခဲ့ တယ်လို့ မစ္စတာအွန် ကပြောကြား
ခဲ့ ပါတယ်....
သူမဟာ ရေချိုးခန်းအိမ်သာမှထွက်ခွာလာ၇န်ငြင်းဆန်ခဲ့ ပြီး တစ်စုံတစ်ယောက်က သူမအား
ကျောက်တုံးလေးများဖြင့် ပစ်ပေါက်ခြင်း၊ ရေများသူမကိုယ်ပေါ်သို့ တစ်စက်စက်ကျနေအောင်
ပြုလုပ်နေခဲ့ တယ်လို့ လည်း ပြောကြားခဲ့ တယ်လို့ မစ္စတာအွန်ကဆက်ပြီးပြောကြားခဲ့ ပါတယ်...
သူမဟာ စိတ်ကျန်းမာရေးဆေးရုံမှာကုသခံခဲ့ ပြီးနောက် အခြေအနေများတိုးတက်ကောင်းမွန်
လာခဲ့ ကာ အိမ်သို့ ပြန်ရောက်လာကတည်းက အိမ်သာထဲသို့ သွားရောက်နေထိုင်ရန်မပြောဆို
ခဲ့ တော့ ပါဘူး....
A Singaporean woman spent 932 days on the toilet as she felt “someone” was holding her down and preventing her from leaving.
The woman, 58, was said to be suffering from depression. Her husband Ong Kean On, 64, with the help of the police and ambulance staff, managed to send her to the Institute of Mental Health for treatment.
Ong said his wife had not left the toilet since May 25 in 2009 and that she ate, drank, and slept on the toilet.
He added that she refused to leave the washroom and complained that “someone” threw stones at her and also that water was dripping on her. Her condition has improved after she received treatment at the institute and she had not insisted on sitting on the toilet since returning home.
ဘဝအမောတွေ ပြေစေဖို့ (၁)
Written By Unknown on Sunday 22 January 2012 | 06:21
ချက်ကောင်းထိတယ်ဆိုတာ ဒါမျိုးထင်ပါ့
ယိစ်...... ဂျွမ်းဘားမယ်တွေ အကြောပျော့တာလောက်တော့ ပျင်းသနားတယ် ။
တော်လိုက်တဲ့ ကန်ထရိုက် ဗျာ  LoL
မျက်နှာချင်းဆိုင်ဆိုတာ ဒါမျိုးထင်ပါ့
အဆင်မပြေတော့လဲ .... အဆင်ပြေသလို ကြည့်လုပ်ရတာပေါ့
ကလေးတွေများ ငယ်ငယ်တည်းက မလွယ်ဘူး
ခပ်တည်တည်နဲ့ Faw နေတာ LoL
သူတို့ ဒေါသထွက်တာလဲ အထာကျတယ်နော် :)
ဖခင်မေတ္တာဆိုတာ ဒါမျိုးထင်ပါ့
သိနေပေမယ့်လဲ သမီးလေးကို ငဲ့ညာပြီး.....
ဘယ်ကောင်တွေ ပူပေါင်းကို ဘယ်လိုမှုတ်မှုတ် နာကတော့ နှာခေါင်းနဲ့ မှုတ်တယ်ကွာ !
ဒို့ အဆိုတော် ဒေါက်တာကြီး ငယ်ငယ်တုန်းက ဒီလိုပုံစံပဲ နေမယ်ထင်တယ်နော်
ဘ၀အမောတွေ ပြေပါစေဗျာ....
အချစ် ! အချစ် ! အချစ် !
အချစ် ! အချစ် ! အချစ် !
(၁)
လူတစ်ယောက်ကို ဗွေမယူတာလွယ်ပေမယ့် လူတစ်ယောက်ကို ခွင့်လွှတ်ဖို့ရာခက်တယ်။
လူတစ်ယောက်ကို စွန့်လွှတ်တာလွယ်ပေမယ့် လူတစ်ယောက်ကို မေ့ဖို့ရာခက်တယ်။
လူတစ်ယောက်ကို နှစ်သက်တာလွယ်ပေမယ့် လူတစ်ယောက်ကို တကယ်ချစ်ဖို့ရာခက်တယ်။
လူတစ်ယောက်ကို ယုံကြည်တာလွယ်ပေမယ့် လူတစ်ယောက်ကို စိတ်ချလက်ချ ယုံကြည်ဖို့ရာခက်တယ်။
လူတစ်ယောက်ကို ခင်မင်တာလွယ်ပေမယ့် လူတစ်ယောက်ကို နားလည်ဖို့ရာခက်တယ်။
လူတစ်ယောက်ကို အဖော်ပြုတာလွယ်ပေမယ့် လူတစ်ယောက်ကို ရိုးမြေကျ အဖော်ပြုဖို့ရာခက်တယ်။
လူတစ်ယောက်ကို ရွေးချယ်တာလွယ်ပေမယ့် လူတစ်ယောက်ကို ရွေးယူဖို့ရာခက်တယ်။
ချစ်သူချောကလက်
ချစ်သူချောကလက်
ဂျပန်က ရာသီစာပစ္စည်းတွေ ထုတ်လုပ်တာ မြန်တယ်လို့ဆိုရမယ်။ အထိမ်းအမှတ်နေ့တစ်ခုခု မရောက်ခင် အဲဒီပစ္စည်းတွေက ဈေးကွက်ပေါ်ရောက်နှင့်နေတတ်တယ်။ အခုလည်း ချစ်သူများနေ့ မရောက်သေးဘူး.. ဒါပေမယ့် နှစ်သစ်လွန်တာနဲ့ ချစ်သူများနေ့နဲ့ ပတ်သက်တဲ့ပစ္စည်းတွေက ဈေးကွက်ပေါ် ရောက်နေပါပြီ။ အောက်ကပုံတွေက ဂျပန်နိုင်ငံကိုဘေမြို့က Frantzလို့ခေါ်တဲ့ဆိုင်တစ်ဆိုင်က ချစ်သူများနေ့အတွက် ထုတ်လုပ်လိုက်တဲ့ "ကိရိယာချောကလက်"တွေ ဖြစ်ပါတယ်။ မနှစ်ကလည်း အဲဒီလိုပစ္စည်းတွေ ထုတ်လုပ်ခဲ့ပြီး အရောင်းသွက်ခဲ့တာကြောင့် ဒီကနှစ်မှာလည်း ထုတ်လုပ်လိုက်တယ်လို့ဆိုပါတယ်။
တကယ်တော့ ဖေဖော်ဝါရီလ ၁၄ရက်နေ့ဟာ အနောက်နိုင်ငံရဲ့ချစ်သူများနေ့ဖြစ်တယ်။ အဲဒီလိုနေ့မျိုးမှာ အနောက်နိုင်ငံနဲ့ တချို့နိုင်ငံမှာတော့ ယောက်ျားလေးက မိန်းကလေးတွေကို လက်ဆောင်ပေးလေ့ရှိတယ်။ ဒါပေမယ့် ဂျပန်မှာတော့ မိန်းကလေးတွေက ယောက်ျားလေးတွေကို လက်ဆောင်ပေးကြပြီး မတ်ခ်ျလ ၁၄ရက်နေ့ကျမှ ယောက်ျားလေးက မိန်းကလေးကို လက်ဆောင်ပြန်ပေးကြတယ်လို့ သိရပါတယ်။
ဒါကြောင့် Frantz က ဖေဖော်ဝါရီ ၁၄ရက်နေ့မှာ ယောက်ျားလေးတွေအတွက် လက်ဆောင်ပေးလို့ကောင်းတဲ့ ဒီလို tools ချောကလက်တွေကို ထုတ်လုပ်လိုက်တာဖြစ်တယ်။
ဒီလို ကိရိယာအစုံလိုက် ချောကလက်တွေရှိသလို
ဒီလို တစ်ခုချင်းလဲ ရနိုင်သတဲ့
အရုပ်ကလေးတွေနဲ့ အားဖြည့်လိုက်တော့ ချောကလက်တွေက ပိုအသက်ဝင်သွားပါတယ်
မိမိဝမ်းဗိုက်ခွဲစိတ်မှုကို ကိုယ်တိုင်ပြုလုပ်ခဲ့သော အံ့ဖွယ်ခွဲစိတ်ဆရာဝန်
မိမိဝမ်းဗိုက်ခွဲစိတ်မှုကို ကိုယ်တိုင်ပြုလုပ်ခဲ့သော အံ့ဖွယ်ခွဲစိတ်ဆရာဝန်
၁၉၆၁ ခုနှစ် ဧပြီလရဲ့ ၂၉ ရက်နေ့မှာ 6th Soviet Antarctic Expedition ရဲ့ အသက် ၂၇ နှစ်အရွယ် ဆရာဝန် တစ်ဦးဖြစ်သူ Leonid Rogozov ဟာ ညဖာက် ၀မ်းဗိုက်မှာ နာကျင်မှု ဝေဒနာကိုခံစားခဲ့ရပြီး အဖျားတွေလည်း တက်လာခဲ့ပါတယ် ။ နောက်တစ်ရက်မှာလည်း ဝေဒနာဟာတဖြည်းဖြည်း ဆိုးသထက်ဆိုးလာခဲ့တယ် ။ ဧပြီ ၃၀ ရက်နေ့ ရဲ့ ည Novolazarevskaya station မှာ ဆရာဝန်ဆိုလို့ သူတစ်ဦးတည်းရှိနေခဲ့တယ် ။ အဲဒီခွဲစိတ် ဆရာဝန်ဟာ Local anesthesia လို့ခေါ်တဲ့ ထုံဆေးကို အသုံးပြုပြီး သူတစ်ဦးတည်း မိမိကိုယ်ကိုယ်
လူ့ဘ၀ဆိုတာ...............
Written By Unknown on Thursday 12 January 2012 | 19:17
တွေးတွေးပြီးရယ်............
လူတစ်ယောက် စားသောက်ဆိုင်တစ်ဆိုင်မှာ အစားသွားစားတယ်။ အစားစားနေချိန်မှာ မတော်တဆ ဇွန်းပြုတ်ကျသွားတယ်။ ဘေးမှာရပ်နေတဲ့ စားပွဲထိုးက ချက်ချင်းပဲ ဘောင်းဘီအိတ်ထဲကနေ ဇွန်းတစ်ချောင်းထုတ်ပေးတယ်။ ဒါကို သူကတအံ့တသြနဲ့ စားပွဲထိုးကို မေးတယ်။
"ဘာဖြစ်လို့ ဇွန်းကို ဘောင်းဘီအိတ်ထဲ ထည့်ထားရတာလဲ?"
စားပွဲထိုး....
"ကျွန်တော်တို့အထက်က အကြံပေးလူကြီးတွေက ကျွန်တော်တို့ရဲ့အလုပ်ကို ပိုတိုးတက်ကောင်းမွန်အောင်ဆိုပြီး အပြောင်းအလဲ လုပ်လိုက်တယ်။ စားသုံးသူတွေ မတော်တဆ ဇွန်းပြုတ်ကျသွားရင် ကျွန်တော်တို့ ကိုယ်ပေါ်ကနေ ချက်ချင်းထုတ်ပေးနိုင်အောင် စီစဉ်ထားတယ်။ ဒီလိုပြောင်းလဲလိုက်တာနဲ့ အလုပ်ရဲ့တိုးတက်နှုန်းက ၃၁% ရှိသွားပါတယ်။ ဒါဟာ မီးဖိုထဲထိ ဇွန်းသွားယူမယ့် အသွားအလာချိန်ကို သက်သာစေပါတယ်"
"အင်း သိပ်ကောင်းတဲ့ အကြံပါပဲ"
ဒီလိုနဲ့ စားသောက်ပြီးငွေရှင်းဖို့ ကောင်တာဆီ သူသွားလိုက်မယ်။ အဲဒီမှာ စားပွဲထိုးတွေရဲ့ ဘောင်းဘီဇစ်မှာ ကြိုးတစ်ချောင်းချိတ်ထားတာကို သူတွေ့လိုက်တယ်။ တအံ့တသြနဲ့ သူမေးကြည့်ပြန်တော့ စားပွဲထိုးက...
"အကြံပေးသူတွေက ဇစ်မှာကြိုးချိတ်ထားခြင်းအားဖြင့်
တွေးတွေးပြီးရယ်............
အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန် ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အမေက ရေကူးကန်ဘေးမှာ ထောင်ထားတဲ့ဆိုင်းပုဒ်ကို အမြန်ယူပြီး ကွယ်ပေးလိုက်တယ်။ ဆိုင်းပုဒ်ပေါ်မှာရေးထားတဲ့ "အန္တရာယ်ရှိသည်။ အနက် ၂မီတာ ကျွမ်းကျင်သူများသာ" ဆိုတဲ့စာကြောင့် လူတွေပြုံးစိစိဖြစ်ကုန်ကြတယ်။ ဒါကိုအမေတွေ့တော့ ဆိုင်းပုဒ်ကို တစ်ဖက်အမြန်လှည့်လိုက်တယ်။ ဆိုင်းပုဒ်နောက်မှာ ရေးထားတာက "အမျိုးသားသီးသန့်၊ အထဲမဝင်ခင် အကျီင်္ချွတ်ပါ" ဆိုတာဖြစ်တယ်။
ကယောင်ကတမ်းနဲ့အမေ နောက်ဆိုင်းပုဒ်တစ်ခုယူပြီး သမီးကိုကွယ်ပေးလိုက်တယ်။ ဆိုင်းပုဒ်ပေါ်က "လူကြီး ၁ဝဝ၊ ကလေး ၅ဝ၊ အယောက်၂ဝအထက် အထူးလျော့ဈေး" ဆိုတဲ့စာကြောင့် လူတွေ ရယ်ကျဲကျဲဖြစ်ကုန်ကြတယ်။ နောက်ဆိုင်းပုဒ်တစ်ခုကို အမေ ယူလိုက်တယ်။ အဲဒီဆိုင်းပုဒ်ကြောင့် အမေ မူးလဲမတတ်ဖြစ်သွားတယ်။ ဆိုင်းပုဒ်ပေါ်ရေးထားတာက "မနက်၉နာရီမှ ည၁ဝနာရီထိ၊ အများသုံးနေရာဖြစ်သောကြောင့် သန့်ရှင်းမှုကို ဦးစားပေးပါ" ဆိုတာကြောင့်ဖြစ်တယ်။
လူတွေ ရယ်ကျဲကျဲဖြစ်ကုန်တာကြောင့် အမေ နောက်ဆိုင်းပုဒ်တစ်ခုကို ယူလိုက်ပြန်တယ်။ ဒီဆိုင်းပုဒ်ကြောင့် အမေမူးလဲသွားတယ်။ လူတွေ ဝါးလုံးကွဲရယ်ကြတော့တယ်။ ဆိုင်းပုဒ်ပေါ်မှာ ရေးထားတာက "အမွေးအမျှင်များ ပိတ်ဆို့မှုမဖြစ်စေရန်၊ နောက်လူများ အသုံးပြုအဆင်ပြေစေရန်၊ အသုံးပြုနေစဉ်အတွင်း ဦးထုပ်ဆောင်းပါ" ဆိုတာပဲဖြစ်တယ်။
တွေးတွေးပြီးရယ်............
အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန် ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အမေက ရေကူးကန်ဘေးမှာ ထောင်ထားတဲ့ဆိုင်းပုဒ်ကို အမြန်ယူပြီး ကွယ်ပေးလိုက်တယ်။ ဆိုင်းပုဒ်ပေါ်မှာရေးထားတဲ့ "အန္တရာယ်ရှိသည်။ အနက် ၂မီတာ ကျွမ်းကျင်သူများသာ" ဆိုတဲ့စာကြောင့် လူတွေပြုံးစိစိဖြစ်ကုန်ကြတယ်။ ဒါကိုအမေတွေ့တော့ ဆိုင်းပုဒ်ကို တစ်ဖက်အမြန်လှည့်လိုက်တယ်။ ဆိုင်းပုဒ်နောက်မှာ ရေးထားတာက "အမျိုးသားသီးသန့်၊ အထဲမဝင်ခင် အကျီင်္ချွတ်ပါ" ဆိုတာဖြစ်တယ်။
ကယောင်ကတမ်းနဲ့အမေ နောက်ဆိုင်းပုဒ်တစ်ခုယူပြီး သမီးကိုကွယ်ပေးလိုက်တယ်။ ဆိုင်းပုဒ်ပေါ်က "လူကြီး ၁ဝဝ၊ ကလေး ၅ဝ၊ အယောက်၂ဝအထက် အထူးလျော့ဈေး" ဆိုတဲ့စာကြောင့် လူတွေ ရယ်ကျဲကျဲဖြစ်ကုန်ကြတယ်။ နောက်ဆိုင်းပုဒ်တစ်ခုကို အမေ ယူလိုက်တယ်။ အဲဒီဆိုင်းပုဒ်ကြောင့် အမေ မူးလဲမတတ်ဖြစ်သွားတယ်။ ဆိုင်းပုဒ်ပေါ်ရေးထားတာက "မနက်၉နာရီမှ ည၁ဝနာရီထိ၊ အများသုံးနေရာဖြစ်သောကြောင့် သန့်ရှင်းမှုကို ဦးစားပေးပါ" ဆိုတာကြောင့်ဖြစ်တယ်။
လူတွေ ရယ်ကျဲကျဲဖြစ်ကုန်တာကြောင့် အမေ နောက်ဆိုင်းပုဒ်တစ်ခုကို ယူလိုက်ပြန်တယ်။ ဒီဆိုင်းပုဒ်ကြောင့် အမေမူးလဲသွားတယ်။ လူတွေ ဝါးလုံးကွဲရယ်ကြတော့တယ်။ ဆိုင်းပုဒ်ပေါ်မှာ ရေးထားတာက "အမွေးအမျှင်များ ပိတ်ဆို့မှုမဖြစ်စေရန်၊ နောက်လူများ အသုံးပြုအဆင်ပြေစေရန်၊ အသုံးပြုနေစဉ်အတွင်း ဦးထုပ်ဆောင်းပါ" ဆိုတာပဲဖြစ်တယ်။
I Love You
I Love You
အသက်အရွယ် အမျိုးမျိုးရှိတဲ့ ယောက်ျားသားသူငယ်ချင်းတချို့ အရက်စုသောက်နေကြတယ်။ အဲဒီထဲမှာ ယောက်ျားတချို့က အထူးအဆန်းလေး စမ်းသပ်ကြည့်ချင်ကြတာနဲ့ ကိုယ့်မိန်းမဆီ "နင့်ကို ငါချစ်တယ်"ဆိုတဲ့ မက်ဆေ့ရေးပို့ကြဖို့ အကြံထုတ်တယ်။ သူတို့ရေးပို့ပြီးနောက် အသက်အရွယ်မတူတဲ့ မိန်းမတွေဆီကရတဲ့ အဖြေကို အောက်ပါအတိုင်း တွေ့ရတယ်။
အသက်(၂ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- နင့်ကိုလည်း ငါချစ်တယ်!
အသက်(၃ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- ရှင်သောက်တာများသွားပြီထင်တယ်!
အသက်(၄ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- ရှင် နေကောင်းပါတယ်နော်!
အသက်(၅ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- ရှင် လူမှားပို့လိုက်တာလား! ပြန်လာရင် ရှင်နဲ့ကျုပ်တွေ့မယ်!
အသက်(၆ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- အငြိမ်းစားယူပြီး ရှင်အားယားနေလည်း တောင်သွားတက်ပါလား!
အသက်(၇ဝ)အရွယ် မိန်းမကမက်ဆေ့မပြန်ဘဲ သားဆီ ချက်ချင်းဖုန်းဆက်တယ်။
"သား... သားဖေဖေ နေမကောင်းဘူး။ ဆရာဝန်မြန်မြန် သွားပြပါ"
အသက်(၈ဝ)အရွယ် မိန်းမကမက်ဆေ့မပြန်ဘဲ သူ့ဘာသာသူ ရွတ်နေတယ်။
"အင်း... ဒီနေ့ သူဆေးသောက်ဖို့ မေ့သွားပြီထင်တယ်!"
တွေးတွေးပြီးရယ်............
တရုတ်ပြည်မှာ အငယ်ထားတာ ခေတ်စားသတဲ့...
ထိုင်ဝမ်ကျွန်းကလူတစ်ယောက် လွန်ခဲ့တဲ့ငါးနှစ်က တရုတ်ပြည်မှာ အငယ်တစ်ယောက်ထားခဲ့တယ်။ အငယ်အတွက် ၄သိန်းတန်အိမ်တစ်လုံး ဝယ်ပေးခဲ့ပြီး လစဉ်လတိုင်း ယွမ် ၃ ထောင်ပေးသုံးခဲ့တယ်။ ဒီတစ်နှစ်မှာ အငယ်နဲ့ သူလမ်းခွဲလိုက်တယ်။ ဝယ်ထားတဲ့အိမ်ကိုရောင်းတော့ ၁၂သိန်းရတယ်။ တွက်ကြည့်တော့ အငယ်ကို ၆နှစ်အလကားတွဲလိုက်ရပြီး ၆သိန်းမြတ်သွားတယ်။ အိမ်မြေရောင်းဝယ်ရေးကို သူကျေးဇူးတင်တယ်။ အငယ်ထားတာဟာ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ သူဆိုတယ်။
အဲဒီလိုနဲ့ ထိုင်ဝမ်ပြန်ရောက်လို့ ဒီအကြောင်းကို မယားကြီးကသိတော့ သူ့ကိုနားရင်းအုပ်ပြီးဆူတယ်။
"ဘာဖြစ်လို့ အငယ်တစ်ယောက်ပဲ ထားခဲ့သလဲ" တဲ့...
ရဲဘော်တို့ အားလုံးသတိ...............
"ရဲဘော်တို့ အားလုံးသတိ"
ရဲဘော်တွေ အားလုံးတန်းစီနေကြတယ်။ ခေါင်းဆောင်က စစ်သားတစ်ယောက်ရှေ့သွားပြီး ရင်ဘတ်ကိုပုတ်လိုက်တယ်။
"လေ့ကျင့်ထားတဲ့ ကြွက်သားတွေ တော်တော်တောင့်လာပြီ.. ရဲဘော်ဆက်လုပ်"
"ဟုတ်ကဲ့ ဗိုလ်ကြီး ကျွန်မက အမျိုးသမီးစစ်သားပါ"
funny
တွေးတွေးပြီးရယ်............
တစ်ခါက ညတစ်ညမှာ လူတစ်ယောက်ဟာ အရက်မူးပြီးအိမ်ပြန်လာတော့ ဝက်တဲကို နေအိမ်အမှတ်နဲ့ဝင်ပြီး ဝက်မဘေးမှာဝင်ခွေရင်း ပြောလိုက်တယ်။
"မိန်းမ... ငါ့ကိုရေတစ်ခွက်လောက် ခပ်ပေးစမ်းပါ!"
လူသံကြားတော့ ဝက်မက "အီ.." လို့ အသံတစ်ချက်ပြန်ပေးတယ်။ ဒါကို အဲဒီလူက ဝက်မကို လက်နဲ့ တစ်ချက်စမ်းကြည့်ရင်း ပြောလိုက်တယ်။
"မခပ်ပေးဘူးဆိုလဲ နေပေါ့ကွာ.. မင်းက ဘာညည်းတာလဲ? မင်းအင်္ကျီကလဲ အမွေးတွေနဲ့ ကြယ်သီးကလဲ နှစ်တန်းတောင်ပါလား?"
funny
ရွာတစ်ရွာမှာ သူ့ကိုယ့်သူအပျိုကြီးဆိုပြီး ဂုဏ်ယူမဆုံးတဲ့ အမျိုးသမီးကြီးတစ်ဦးရှိတယ်။ အပျိုကြီးဟာ သူမသေဆုံးခင် အုတ်ဂူလုပ်သူကိုရှာပြီး သူ့အုတ်ဂူမှတ်တိုင်မှာ "မွေးလာလဲအပျို၊ ရှင်တော့လဲအပျို၊ သေတော့လဲအပျို" ဆိုပြီးရေးပေးဖို့ မှာခဲ့တယ်။
သူ ဆုံးသွားတော့ ဂူလုပ်သူက သူ့တပည့်တွေကို အပျိုကြီးရဲ့ဆန္ဒအတိုင်း မှတ်တိုင်လုပ်ပေးဖို့ပြောတယ်။ အဲဒီမှာ မှတ်တိုင်ထွင်းသူက မှတ်တိုင်မှာ စာရှည်ရှည်ကြီးမထွင်းချင်လို့ သူ့သဘောနဲ့သူ ထွင်းပေးလိုက်တယ်။ "ပါကင်ပိတ် ပြန်အမ်းသည်"
ထက်မြက်သူနဲ့ ညံ့ဖျင်းသူ
ထက်မြက်သူနဲ့ ညံ့ဖျင်းသူ
ထက်မြက်သူက နားထောင်ကောင်းသူတစ်ဦးဖြစ်တယ်။
ညံ့ဖျင်းသူက မပြတ်ညည်းတွားတိုင်တန်းတယ်။
ထက်မြက်သူက သင့်လျော်တဲ့အချိန်မှာ တုံးအချင်ဟန်ဆောင်တယ်။
ညံ့ဖျင်းသူက ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုထက်မြက်သူလုပ်တယ်။
ထက်မြက်သူက ဘဝရဲ့အသေးစိတ်အချက်အလက်ကို မှတ်သားတယ်။
ညံ့ဖျင်းသူက တစ်ဖက်သားရဲ့အားနည်းချက်တိုင်းကို မှတ်သားတယ်။
ထက်မြက်သူက ကိုယ့်ကိုယ်ကို ဟာသလုပ်တယ်။
ညံ့ဖျင်းသူက တစ်ဖက်သားကို ဟာသလုပ်တယ်။
ထက်မြက်သူက ဆင်းရဲနွမ်းပါးချိန်မှာလည်း အိနြေ္ဒထိန်းနိုင်တယ်။
ညံ့ဖျင်းသူက ချမ်းသာကြွယ်ဝချိန်မှာ ဝင့်ကြွားဂုဏ်မောက်တယ်။
ထက်မြက်သူက အချစ်ဆုံးရှုံးသွားလည်း ကိုယ်ကိုယ်တိုင် မဆုံးရှုံးအောင်နေတယ်။
ညံ့ဖျင်းသူက အချစ်ဆုံးရှုံး/မဆုံးရှုံးလည်း ကိုယ့်ကိုယ်ကို အမြဲဆုံးရှုံးတယ်။
ထက်မြက်သူက မကောင်းတဲ့အတိတ်ကို လက်လွတ်ပြီး ရှေ့ကိုခရီးဆက်တယ်။
ညံ့ဖျင်းသူက အတိတ်မှာတင် နစ်ပြီး အနာဂတ်ကို လျစ်လျူရှုတယ်။
ထက်မြက်သူက တခြားသူရဲ့အစွမ်းအစကို အောက်ကျို့သင်ယူတယ်။
ညံ့ဖျင်းသူက တခြားသူရဲ့ရှေ့မှာ ကိုယ့်အစွမ်းအစကို ကြွားဝါတယ်။
ထက်မြက်သူက သင်ယူဖို့ရာအားသန်တယ်။ ကိုယ့်ထက် မသိသူဆီကလည်း သင်ယူဖို့ဝန်မလေးဘူး။
ညံ့ဖျင်းသူက လူတွေနဲ့အမြဲငြင်းခုန်တယ်။ ကိုယ့်ထက် မသိသူနဲ့လည်း ငြင်းခုန်ရန်ဖြစ်တယ်။
ထက်မြက်သူက ပေးဆပ်ဖို့နားလည်တယ်။ ညံ့ဖျင်းသူက ရယူဖို့ပဲကြံတယ်။
ထက်မြက်သူက အရှုံးထဲက အတွေ့အကြုံ၊ သင်ခန်းစာကိုယူတယ်။
ညံ့ဖျင်းသူက အရှုံးထဲကနေ ကိုယ့်ကိုယ်ကို လက်လွတ်ဆုံးရှုံးတယ်။
ထက်မြက်သူက ကိုယ့်စိတ်ကူးအိပ်မက်တွေ အကောင်အထည် မပေါ်မချင်း ကြံ့ကြံ့ခံတယ်။
ညံ့ဖျင်းသူက ဘာလုပ်လုပ် ဇွဲလုံ့လမရှိဘူး။
ထက်မြက်သူက ကံတရားကဆိုးတယ်လို့ တစ်ခါတလေမှာထင်မြင်မိလည်း အပြုဆောင်စိတ်ဓာတ်နဲ့ ရင်ဆိုင်ဖို့နားလည်တယ်။ ညံ့ဖျင်းသူက ကံတရားကဇာတ်မြူးလို့ ထင်မြင်မိလည်း နောက်ဆုံးမှာ မပြုံးမရယ်နိုင်ဖြစ်ရတယ်။
ထက်မြက်သူက ဘယ်အချိန်မှာစတင်မယ်၊ ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကိုသိတယ်။
ညံ့ဖျင်းသူက မရေမရာချိန်မှာစတင်ပြီး ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကို နားမလည်ဘူး။
ထက်မြက်သူက မွေးရာပါ ပါရမီတစ်ဝက်ရှိလည်း ကျန်တစ်ဝက်ကို ကျင့်ယူရတယ်ဆိုတာကိုနားလည်တယ်။
ညံ့ဖျင်းသူက မွေးရပါ ပါရမီရှိလည်း နောက်ပိုင်းမှာ တုံအ ညံ့ဖျင်းအောင်ကျင့်တယ်။
ရင်လှိုင်းခတ်သံ
ရင်လှိုင်းခတ်သံ
ဘာတွေနောက်ဆံ တင်းနေတာလဲအချစ်ရယ်
အဲဒီလူတွေက မေတ္တာမဝလို့၊ လိပ်ပြာမလှတာပါ
သူတို့အတွက်နဲ့တော့ ကမ္ဘာကြီးရဲ့သိက္ခာ
ထပ်မကျတော့ပါဘူး...လာပါကွယ်
အချိန်ရဲ့ ငါတို့အပေါ်လွှမ်းမိုးခြင်းကို လျော့ချကြစို့။။
မပြီးဆုံးသေးတဲ့ ငါတို့ရဲ့ဇာတ်ဝင်ခန်းတွေကို
ဟိုးနေပူပူထဲ ဖြန့်လှမ်းထားလိုက်စမ်းပါ
သူတို့ကိုကြည့်ရတာ ညောင်နာနာနဲ့
အလင်းရောင်ရဖို့ လိုနေတယ်
ဒီနေ့ကစပြီး လောကထဲကို ရင်ကော့ဝင်ကြမယ်။။
ဝေးခြင်း၊နီးခြင်းနဲ့ လွတ်ကင်းတဲ့နေရာကို
ရှာဖွေကြစို့ အချစ်ရေ...
လောကရဲ့သံစဉ်တော်တော်များများကို
သိသိသာသာရော မသိမသာပါ
ငါတို့ယဉ်ပါးခဲ့ပြီးပြီပဲလေ။။
တကယ်ဆိုဘာမှ မလိုအပ်တော့ပါဘူး
နင့်မျက်ဝန်းထဲမှာ ငါ့နှလုံးသားကိုမြင်ရုံနဲ့တင်
ငါတို့ရဲ့နေ့စွဲတွေ ခမ်းနားခဲ့ပြီပဲ
အထူးအထွေပြင်မနေနဲ့တော့ နင်ပင်ပန်းလိမ့်မယ်။။
ကျောတစ်ခင်းစာ နေရာကနေလဲ
ကြယ်စုံတဲ့ညကို ခံစားခွင့်ရှိသေးတာပဲလေ
ဒီလောက်ကြီးလဲ မမျှော်စမ်းပါနဲ့တော့
တစ်ခါတလေကျ ရောင့်ရဲခြင်းက ပိုပိုပြီးလှတယ်။။
ခဏလေးဖြစ်ဖြစ် ဆုံနိုင်ခွင့်အတွက်
ရေခဲရိုက်ပြက္ခဒိန်တချို့ကို မီးမြှိုက်အရည်ကျိုပစ်ချင်တယ်
တကယ်ဆို...ငါတို့အတွက်
အညာကတမာတွေ မချိုသေးပါဘူး။။
ဟိုးမှာတွေ့လား ခရောင်းလမ်း
တို့နှစ်ယောက် စိတ်တူ၊ကိုယ်တူ ဖြတ်သန်းကြမယ်
လာစမ်းပါကွယ်...
ငါ့လက်ဖျံကအားပေးစကား၊ နင့်နှလုံးသားထိနွေးစေရမယ်
ဘာမှမပြောပဲ ငါတို့တွေနားလည်လိုက်ကြရအောင်။။
ပြန်ဆုံကြစို့ အချစ်ရယ်
ငါတို့နှစ်ယောက်ရဲ့ ကံတွေမကုန်ချင်သေးဘူး
သုံးစားမရတဲ့ မာနတွေ၊ ဟိုးဝေးဝေးမှာ ပစ်ထားခဲ့စမ်းပါ
တို့ထက်မိုက်တဲ့သူတွေ ကောက်ယူသွားကြလိမ့်မယ်
တစ်နေ့မှာတော့ သူတို့လည်း စာတတ်လာမှာပေါ့။။
အခုထိတော့..ငါလည်း
အစရှာမရတာနဲ့ပဲ ဟောဒီညကိုဆွဲခွာပစ်လိုက်ချင်တယ်
နေ့ကြောင့် ညဖြစ်တာလား၊ ညကြောင့် နေ့ဖြစ်တာလား
နင့်အတွက်နဲ့ အိပ်ပျက်တဲ့ညတွေမှာ
ရင်ထဲ အလွမ်းတွေ လူးလွန့်နေလိုက်တာများ
လေဟုန်စီးတဲ့ ကြိုးမဲ့စွန်လို
အိုးးးထိန်းချုပ်ရ ခက်လိုက်တာကွယ်။။
၁၅ ရက်ဖြင့် အပြီးတည်ဆောက်သည့် အထပ် ၃၀ ရှိဟိုတယ်...
၁၅ ရက်ဖြင့် အပြီးတည်ဆောက်သည့် အထပ် ၃၀ ရှိဟိုတယ်...
ဒီဟိုတယ်သစ်ကြီးကတော့ မထင်မှတ်နိုင်စရာဇတ်ကြောင်းနဲ့ ပါပဲ...
ဟိုတယ်အထပ်ပေါင်း ၃၀ ကို ၁၅ ရက်နဲ့ အပြီးတည်ဆောက်ခဲ့ တာပါပဲ....
တရုတ်နိုင်ငံ၊ဟူနန်ပြည်နယ်၊ ချန်ရှားမြို့ ကုန်းတွင်းပိုင်းတွင်တည်ရှိသည့် အဆိုပါဟိုတယ်အားတည်ဆောက်
ရေးကာလတိုအတွင်း အလုပ်သမားတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒါဏ်ရာရရှိမှုပင်မရှိခဲ့ ဟုဆိုပါတယ်.
မိအေးက (၂)ခါနာ
မိအေးက (၂)ခါထဲနာတာ..နမ်းမဝက (၃)ခါနာ
ကျမရဲ့ DELL အမျိုးအစား ကွန်ပျူတာလေး လွန်ခဲ့တဲ့ တစ်ပတ်လောက်က စက်သံတွေကျယ်လောင်စွာမြည်ပါတယ်၊ အလုပ်ပိတ်ရက်တွေခံနေတာမို့ ဆိုင်မပို့ဖြစ်ပဲ အဲဒီအတိုင်းပဲ ၂ရက်လောက် ဆက်သုံးဖြစ်လိုက်ပါတယ်။ ၃ရက်မြောက်တဲ့နေ့မှာတော့ စက်သံဟာလုံးဝပျောက်သွားတာကြောင့် ကျမလည်း ဝမ်းသာနေတာပေါ့။
မကြာပါဘူး (၁၀)မိနစ်၊ (၁၅)မိနစ်လောက်နေတော့ ကွန်ပျူတာရဲ့အောက်ဖက် ပန်ကာရှိတဲ့နေရာက အရမ်းပူလာပါတယ်၊ ပူတာမှ မီးပူ ပူသလိုမျိုးကို ပူလာတာပါ။ အဲဒါနဲ့ စက်ကို ဆိုင်ပို့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကွန်ပျူတာ အကြောင်းနားလည်တဲ့သူငယ်ချင်းများကလည်း ပြောပါတယ်၊ ပန်ကာက ဖြစ်တာ၊ ပန်ကာလဲလိုက်ရင် ကောင်းသွားမှာပါတဲ့။
အဲဒါနဲ့ပဲ ကျမစဉ်းစားမိလိုက်တာက ပို့ရမယ့်ဆိုင်ပါ။
ဒီ DELL ကွန်ပျူတာကို ကျမနေတဲ့“ပါ့ပို့စ်”မြို့မှာရှိတဲ့ ကွန်ပျူတာအရောင်းဌါနကနေ လွန်ခဲ့တဲ့(၁)နှစ်ကျော်ကျော်က ဝယ်ခဲ့ပါတယ်။ ဆိုင်က ထုတ်ပေးလိုက်တဲ့ ဘောက်ခြာမှာ (၂)နှစ်အတွင်း စက်ပျက်ခဲ့လျှင် အခကျေးငွေ မယူပဲ အလကားပြင်ပေးမယ်ဆိုတဲ့ ဝန်ဆောင်မှုပါပါတယ်။
ဒါပေမယ့် အဲဒီဆိုင်က ပြင်ပေးမှာမဟုတ်ဘူးနော်၊ ဘာလို့လဲဆိုတော့ အဲဒီဆိုင်က ကွန်ပျူတာပေါင်းစုံကိုရောင်းတဲ့ဆိုင်။ သူတို့ရဲ့ဆိုင်က ဝယ်တဲ့ စက်မှန်သမျှ (၂)နှစ်အတွင်းမှာ ပျက်ခဲ့လျှင် သူတို့ဆိုင်ကို ပို့ရပါတယ်။ သူတို့ကနေတဆင့် ပတ်သက်ရာ DELL, TOSHIBA, ACER,APPLE,...အစရှိတဲ့ ဆိုက်ပရပ်စ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ နီကိုဆီးယားမြို့က ပင်မကုမ္ပဏီတွေဆီကို ပြန်ပို့ပြီး ပြင်စေပါတယ်။ အဲဒီလိုပြင်တဲ့အခါ ၂ပတ် ကျော်လောက်အချိန်ပေးရပါတယ်။
ငွေမကုန်ပေမယ့် (၂)ပတ်ကျော် (၃)ပတ်ဆိုတဲ့အချိန်ဟာ ကျမအတွက် သိပ်ကိုကြာလွန်းတာကြောင့် ကျမတို့မြို့မှာရှိတဲ့ ကျမတို့ကုမ္ပဏီက ကွန်ပျူတာတွေပျက်ရင် ပြင်တဲ့ ဆိုင်ကို ပို့လိုက်ပါတယ်။
ပန်ကာ လဲယုံပဲဆိုတော့ အလွန်ဆုံးကြာရင် ၃/၄ ရက်ပေါ့။
အဲဒီလို ပို့ရာမှာလည်း ကျမကိုယ်တိုင်သွားပို့စရာမလိုပဲ ဆိုင်ကို ဖုန်းဆက်လိုက်ပြီး ဆိုင်ကဝန်ထမ်းက ကျမဆီကနေလာယူသွားတာပါ။
နောက်တစ်ရက်မှာတော့ ကျမရဲ့ကွန်ပျူတာက ပန်ကာပျက်သွားတဲ့အကြောင်း၊ လဲရမယ်ဆိုတဲ့အကြောင်းနဲ့ ၄၈ယူရိုကျတဲ့အကြောင်းကို ဖုန်းဆက်အကြောင်းကြားပါတယ်။
စက်ပျက်ပြီဆိုမှတော့ ပြင်ရတော့မှာပေါ့။ ၄၈ယူရိုဆိုလည်း ပေးရတော့မှာပေါ့။ ကျမရဲ့ကွန်ပျူတာလေး အချိန်တိုတိုအတွင်းမှာ ကျမဆီ ပြန်ရောက်လာဖို့က အဓိကပဲလေ။ ပိုက်ဆံမကုန်တဲ့ DELL ကုမ္ပဏီကို တိုက်ရိုက်ပို့ခဲ့မယ်ဆိုရင် (၂ )ပတ်ကျော် (၃)ပတ်စောင့်ရမှာမို့ အချိန်တိုတိုအတွင်းမှာ ပြန်ရနိုင်မယ့် ဒီဆိုင်ကို ပိုက်ဆံအကုန်ခံပြီး အားကိုးခဲ့တာပါ။
ဒီကွန်ပျူတာလေးဟာ ကျမရဲ့အဖော်လေးပါ။
သူက ကျမရဲ့အထီးကျန်တဲ့အချိန်တွေကို ဖျောက်ဖျက်ပေးခဲ့တယ်။ ကျမအတွက် FACEBOOK ရှိတယ်၊ BLOGSPOTရှိတယ်၊ G TALK ရှိတယ်၊ INTERNET MOVIESရှိတယ်..။ သူမရှိရင် မနေတတ်တော့တဲ့ကျမ ငွေကုန်တာထက် စက်ကလေး ကျမရဲ့လက်ထဲအမြန်ပြန်ရောက်ဖို့ကိုသာ ဆန္ဒရှိနေခဲ့တာ။
ဒီနေ့ဆိုရင် ကျမနဲ့ ကျမရဲ့စက်လေး ခွဲနေရတာ (၃)ရက်ရှိနေပြီ။ ကျမရဲ့စက်ကလေး ကျမဆီကို ပြန်လာဖို့ အချိန်တန်ပြီ။ ဒါနဲ့ပဲ စက်ဆိုင်ကိုဖုန်းဆက်ပြီး မေးလိုက်ပါတယ်။ စက်ဆိုင်က ပြန်ပြောလိုက်တာကတော့....
“ကျမရဲ့ကွန်ပျူတာဟာ DELLအမျိုးအစားဖြစ်တဲ့အတွက် နီကိုဆီးယားမြို့မှာရှိတဲ့ DELL ကုမ္ပဏီကိုပို့ပြီး ပန်ကာလဲခိုင်းထားပါတယ်”တဲ့...
သူတို့လဲပေးတာထက် သက်ဆိုင်ရာ ကုမ္ပဏီက လဲပေးတာ ပိုကောင်းအောင်လို့ပါတဲ့...
ပြီးတော့ ကျမက ကုမ္ပဏီနဲ့ပတ်သက်နေတဲ့လူဖြစ်တဲ့အတွက် ကျမရဲ့စက်ကို သေခြာအောင် ပြန်စစ်ဆေးချင်လို့ပါတဲ့...
ပြီးတော့...... ကျမကို ကြေကွဲစေတဲ့ စကားတစ်ခွန်းကတော့..
(၃)ပတ်ကြာပါမယ်...တဲ့လေ..
အောင်မလေး...လုပ်ရက်လိုက်ကြတာ...
အဲဒီလိုကြာမှာဆိုးလို့ အလကားပြင်ပေးတဲ့DELL ကုမ္ပဏီကိုတောင်မပို့ပဲ ပိုက်ဆံအကုန်ခံပြီး ဒီစက်ဆိုင်ကို ပို့တာပေါ့လို့...........
ခုတော့...ခုတော့... မိအေး.. မိကလိုရီ... မိနမ်းမဝ...နာနေတာ..နာနေတာ...
၂ခါတောင်မကဘူး.. ဗိုက်ပါ နာနေရပြီ...
မိအေးက (၂)ခါပဲ နာခဲ့ရတာ၊ အင်္ဂါနေ့ညက အဆာအိမ်အောင့်လို့ အရေးပေါ်ဌါနကိုရောက်သွားခဲ့ရတာနဲ့ဆိုရင် ကျမက(၃)ခါနာခဲ့ရတာ..။
တုန်းလိုက်တဲ့ ကျမ..
အ လိုက်တဲ့ ကျမ...
နုံလိုက်တဲ့ ကျမ...
တိုင်နဲ့ခေါင်းနဲ့သာပြေးဆောင့်လိုက်ချင်တယ်..၊ ဒါပေမယ့်လည်း မဆောင့်ဖြစ်ပါဘူး၊ နာမှာကြောက်လို့...။
မိန်းမသားများအတွက်...တစ်ဆောင်းသစ်ပြန်ပြီ
တစ်ဆောင်းသစ်ပြန်ပြီ
မှုံပြာရီ..
ရာသီတွေပြောင်း..
တစ်ဆောင်းသစ်ပြန်ပြီ..... တဲ့....
ရင်ဆီက လာတဲ့အသံ
ကြေကွဲဟန်အပြည့်..ဆွေးရိလှိုက်မော..
လေထဲ မှာ လွင့်မျောခဲ့..
ကိုသန်းလှိုင် ရဲ့ ခံစားချက်..
လွမ်းအသက်.. တမ်း လျှက် ဆိုနေ...
မောင်.. ရေ...
ကျမတို့ တစ်တွေမတော့..
အေးမြတဲ့ အတိတ်.. နိမိတ်ပုံ ဒီဆောင်း...
ပြန်ပြောင်းလို့ တွေးမိတိုင်း..
အချစ် ကိုင်း အချစ်ပင် အစ ပျိုး
အချစ်မိုး စွေ.. အချစ်တွေ ဆတိုး..
တစ်မိုးအောက် တစ်ယောက်
အချစ်သာတစ် ဘ၀.. နှလုံးသား အလှ... စချစ်ခဲ့ကြ...
ခုလို.. အေးမြမြ.. ဟေမန္တ ... ဒီလို ဆောင်း အစ မှာ မဟုတ်လား...
နှင်းရည်စိုလူး.. ရာသီ ဦး မှာ..
ဖူးပုရစ်ချီ .. ဝေစည် သီခဲ့...
ပန်းတွေ ရဲ့ ဘုရင်မ.. ပင်မြင့်စံ.. သဇင်အလှ..
မြတ်နိုးခြင်းသင်္ကေတ ...
မောင်............ ကျမ ကို
ရှာကာ ပန်ပေး...
အဲဒိ ရနံ့ ကလေး...
ရင်ထဲ မှာ .. မွှေး နေဆဲ ပါ .. မောင်....
ဟော... ခု.. တစ်ခါ... တစ်ဆောင်း သစ်လာတော့..
နှင်းကဗ္မလာနဲ့.. ပွင့်လာမဲ့..
အချစ်သဇင်.. ကျမ ပန်ချင်သေးတယ်....
မိန်းကလေး သဘာဝ.. ပန်း ကြိုက်တတ် ပါရဲ့..
ဒါပေမဲ့.. မောင် .. ရေ..
သဇင်.. ဆို.. သဇင်မှ.. ပါ ပဲ ကွယ်....
နှင်းနုလွှာ ခြုံဆိုင်း.. ချစ်စရာ...ဆောင်း အရိုင်း တစ်ခု
မောင်.. နဲ့... ခဏ ဝေး... ကာလကလေး ကြုံ တုန်းကပေါ့..
နှလုံးသား ကြွေ ပြုန်းမတတ်..
အလွမ်း .. ညတွေ.. ရှည်ခဲံ့ လိုက်တာများ... ဆို...
မဲဇာ ကို.. ရောက်ခဲ့ ရသလိုမျိုး...
ဒွေးချိုး ကလေး တွေ.. လေးချိုး ကလေးတွေ...
ကဗျာ ပန်းပွင့်.. ကာရံ ဆင့်ချွေ....
အလွမ်းကလေး တွေ..မောင့်.. ရဲ့ ရှေ့ မှောက်...
တောင်ပံ ပေါက်လို့ ..ရောက်ခဲ့ ဖူးတာ.. နော်....
ည.. အရိပ်...
နှင်းသိပ် တိုး ကြွေ...ပြည့်နေတဲ့ လ.. ၀င်းပ ပ လှ..
ဒီ ဆောင်းကာလ.. လပြည့် ည တစ်ခု မှာပဲ ပေါ့..
မောင်... မှတ်မိ ရဲ့လား...
ရွှန်းလဲ့ တောက်တောက်.. လ.. ရောင် အောက်မှာ...
နှင်းတွေ စို လက်..မြက်ခင်း ထက်မှာ..
လက်ချင်း တွဲ ယှက်.. ချစ်တဲ့ အကြောင်း
အပ်ကြောင်း ထပ်ထပ်.. လုပြောခဲ့ ကြ ... မေတ္တာခြုံ
မောင့် ရင်ငွေ့ လှုံ.. လုံလိုက် ပုံ များ..
အသဲကလေး တွေ အရည်ပျော်..
အလွမ်း နဲ့ အမုန်း.. ဘယ်မှာ. ပုန်းနေသလဲ..
အဲဒီ တုန်း က.. ကျမ သိပ်ပျော်ခဲ့ တာပဲ ကွယ်...
ဟော................
တိုးညှင်း သဲ့..သဲ့...
ဝေ့ ၀ဲ လာတဲ့ အသံ...
မှုံ ပြာရီ... ရာသီတွေ.. ပြောင်း.... တစ်ဆောင်း သစ်ပြန်ပြီ....... တဲ့..
အဲဒိအဆိုတော် ကလေး.. လွမ်း လို့ ငို နေ...
ကျ မတော့.. မောင့် အချစ် နဲ့ ..ပျော်နေ......။
ချစ်စရာပုံလေးများ.........
Written By Unknown on Tuesday 10 January 2012 | 19:33
Meaning of Friendship
Fun & Info @ Keralites.net
Fun & Info @ Keralites.net
Fun & Info @ Keralites.net
Fun & Info @ Keralites.net
Fun & Info @ Keralites.net
Fun & Info @ Keralites.net
Fun & Info @ Keralites.net
Fun & Info @ Keralites.net
Fun & Info @ Keralites.net
Fun & Info @ Keralites.net
Fun & Info @ Keralites.net
Fun & Info @ Keralites.net
Fun & Info @ Keralites.net