.: ယခုနှစ် အတွင်း ကားအစီးရေ ၇သန်း ရောင်းချနိုင်ရန် ဟွန်ဒိုင်း ကုမ္ပဏီ ရည်မှန်း လုပ်ဆောင်နေ
တောင်ကိုရီးယား အခြေစိုက် ဟွန်ဒိုင်း မော်တော်ကား ကုမ္ပဏီကြီးဟာ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ အနှံ့အပြားကို ကားအစီးရေ ၇ သန်း စံချိန်တင် ရောင်းချ နိုင်ဖို့ ရည်မှန်းချက်ထား လုပ်ဆောင် နေပါတယ်။ ဟွန်ဒိုင်း ကုမ္ပဏီရဲ့ အကြီးအကဲ Chung Mong Koo က သူ့ရဲ့ ၀န်ထမ်းတွေ ဆီကို နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား ပြောကြားရာမှာ ကမ္ဘာ့ မော်တော် ကားဈေးကွက်ဟာ ယခုနှစ်မှာ တိုးတက်မှု နှေးကွေးပြီး ယှဉ်ပြိုင်မှု ပြင်းထန် နိုင်တာကြောင့် ရောင်းချမှုနဲ့ ထုတ်လုပ်မှု ကဏ္ဍတို့ကို ပိုမိုပူးပေါင်း လုပ်ဆောင်ဖို့ တိုက်တွန်း လိုက်ပါတယ်။ဟွန်ဒိုင်း ကုမ္ပဏီဟာ တောင်ကိုရီးယားရဲ့ အကြီးဆုံး မော်တော်ကား ကုမ္ပဏီကြီး ဖြစ်ပြီး ၎င်းရဲ့ Kia အမျိုးအစား ကားရောင်းချ ရမှုနှုန်း မြင့်မားခဲ့တဲ့ အတွက် ကမ္ဘာ့ကား ထုတ်လုပ်တဲ့ ကုမ္ပဏီများ စာရင်းရဲ့ နံပါတ် ၅ နေရာမှာ ရှိပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဟွန်ဒိုင်း ကုမ္ပဏီဟာ ကမ္ဘာအနှံ့ကို ကားအစီးရေ ၆.၆ သန်း ရောင်းချ နိုင်ခဲ့ပါတယ်။ ဟွန်ဒိုင်း ကုမ္ပဏီဟာ တရုတ်နဲ့ ဘရာဇီးလ် နိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၉ နိုင်ငံမှာ စက်ရုံခွဲ ၃၀ ရှိကြောင်း သိရပါတယ်။






0 comments:
Post a Comment