
ဂျို့မြို့ ဧ၀ံဂေလိဘုရားရှိခိုးကျောင်း အပြင်ဘက်တွင် ကားဗုံးတစ်လုံးပေါက်ကွဲပြီး မြင်ကွင်း။
ဓာတ်ပုံ - အေအက်ဖ်ပီ
နိုက်ဂျီးရီးယားနိုင်ငံတွင် ခရစ်ယာန် ဘုရားကျောင်းများအား ပစ်မှတ် ထား၍ ခရစ္စမတ်နေ့က ဗုံးခွဲတိုက်ခိုက်မှုများနှင့် အသေခံ ကားဗုံးခွဲ တိုက်ခိုက်မှုများ ကြောင့် အနည်းဆုံး လူ ၄၀ ခန့် သေဆုံးခဲ့ပြီး အစ္စလာမ္မစ်ဝါဒီတို့က ၎င်းတို့၏လက်ချက်ဟု ကြေညာခဲ့သည်။
အစ္စလာမ္မစ်ဂိုဏ်း ဘိုကိုဟာရမ်ကို အစိုးရက အပြစ်တင်၍ ဂိုဏ်း၏ ပြောရေးဆိုခွင့်ရှိသူဟုဆိုသူက အဘူဂျာမြို့တော်ပြင်ပ ခရစ်ယာန်ဘုရား ကျောင်းတစ်ကျောင်းနှင့် အခြားသော သွေးထွက်သံယို တိုက်ခိုက်မှုများ အတွက် တာဝန်ရှိသည်ဟု ပြောသည်။
ယင်းအကြမ်းဖက် တိုက်ခိုက်မှုများသည် အာဖရိက၏ လူဦးရေအထူထပ် ဆုံးနိုင်ငံအား ကြောက်ရွံ့မှုနှင့် ဒေါသကို တိုးပွားလာစေကာ ကမ္ဘာ တစ်ဝန်း ပြစ်တင်ရှုံ့ချမှုများကို ဖြစ်စေသည်။
အမေရိကန်အစိုးရကလည်း အဓိပ္ပာယ်မဲ့သော အကြမ်းဖက်မှုအဖြစ် ဝေဖန် ရှုံ့ချကာ ဗာတီကန်ကလည်း မျက်ကန်း မုန်းတီးမှုဟု ပြစ်တင်ခဲ့သည်။
နိုက်ဂျီးရီးယားသမ္မတ ဂွတ်လပ် ဂျိုနသန်က အကြမ်းဖက်တိုက်ခိုက်မှု များသည် ၎င်းတို့၏ စုပေါင်းလုံခြုံရေးနှင့် လွတ်လပ်ခွင့်ကို အကြောင်းမဲ့ စော်ကား ခြင်းဖြစ်သည်ဟုပြောကာ တရားခံများကို ဖမ်းဆီးရုံးတင်မည်ဟုကတိ ပြုသည်။
၎င်း၏ လုံခြုံရေးအကြံပေးက တိုက်ခိုက် မှုများအတွက် ဘိုကိုဟာရမ် အဖွဲ့ကို ပြစ်တင်ရှုံ့ချခဲ့သည်။ ယင်း တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းမှ အထွက် ၀တ်ပြုဆုတောင်းရန် လာသူအများ အပြား အသတ်ခံရ၍ အချို့မှာ ၎င်းတို့၏ မော်တော်ယာဉ်အတွင်း မီးလောင်ခဲ့ရသည်။
၎င်းက အဘူဂျာအနီး ဗုံးခွဲမှု နောက်ကွယ်တွင် လူနှစ်ဦးဖမ်းဆီးခဲ့သည်ဟုပြောသည်။
နိုက်ဂျီးရီးယား အာဏာပိုင်များ မွတ်စလင်အများစုနေထိုင်ရာ မြောက်ပိုင်းနှင့် ခရစ်ယာန်အများစု နေထိုင်ရာ တောင်ပိုင်းအတွင်း ခွဲခြားခြင်းခံရသော နိုင်ငံတွင် ဘိုကိုဟာရမ်အဖွဲ့ဝင်များကို ဖမ်းဆီးရန် တောင်းဆို၍ စစ်တပ်က ထိုးစစ်ဆင် ဖြိုခွင်းခဲ့သော်လည်း အကြမ်းဖက်တိုက်ခိုက်မှုများကို တားဆီး နိုင်စွမ်းမရှိခဲ့သည်ကို တွေ့ရသည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့က တိုက်ခိုက် မှုတစ်ခုတွင် အသေခံ ဗုံးခွဲတိုက်ခိုက် သူတစ်ဦးက ဒါမာတူရူမြို့ အရှေ့ မြောက်ပိုင်းရှိ လျှို့ဝှက် ရဲအဆောက် အအုံရှေ့တွင် စစ်တပ်ယာဉ်တန်းတစ်ခု ကို ယာဉ်တစ်စီးဖြင့် အတင်းဝင်ရောက် တိုက်ခိုက်ခဲ့သည်။
ယင်းဖြစ်စဉ်တွင် အသေခံဗုံးခွဲတိုက်ခိုက်သူနှင့် လုံခြုံရေး အဖွဲ့ဝင်သုံးဦး သေဆုံးခဲ့သည်။ တိုက်ခိုက်မှုပြီးနောက် မြို့တော် ပြင်ပ ဘုရားကျောင်းဝန်းကျင်တစ်ဝိုက် ပေါက် ကွဲမှုကြောင့် ၀ရုန်းသုဉ်းကားအခြေ အနေကို ရောက်စေခဲ့သည်။
ဒေါသ ဖြစ်နေသော လူငယ်များက မီးစတင် ရှို့ကာ ရဲစခန်းအနီးသို့ အတင်းပြေးသွားကာ ခြိမ်းခြောက်ခဲ့ကြသည်။
အရေးပေါ်ကယ်ဆယ်ရေးသမားများ သည် သေဆုံးသူများနှင့် ဒဏ်ရာရရှိ သူများကို သယ်ဆောင်ရန် လူနာ တင်ကားများကို ခေါ်ဆောင်ခဲ့သည်။
ထို့နောက် ယင်းဒေသတွင် အခြေအနေ တည်ငြိမ်သွားသည်။






0 comments:
Post a Comment