Home » , » Yahoo ကုမ္ဗဏီ CEO အသစ်ခန့်အပ်.

Yahoo ကုမ္ဗဏီ CEO အသစ်ခန့်အပ်.

Written By Unknown on Wednesday, 4 January 2012 | 20:15

Yahoo ကုမ္ပဏီအနေဖြင့်  လွန်ခဲ့သည့် စက်တင်ဘာလက အလုပ်ထုတ်ပစ်ခဲ့သည့် ယခင် CEO အဟောင်ြး ဖစ်သူ Bartz ၏နေရာတွင် လူသစ်တစ်ဦးကို ခန့်အပ်လိုက်ပြီဖြစ်သည်။ အဆိုပါ အမှုဆောင်ချုပ် သစ်မှာ PayPay ဥက္ကဋ္ဌဖြစ်သူ Scott Thompson ပင်ဖြစ်ပြီး ဆိုးရွားနေသည့် စီးပွားရေး
အခြေအနေများကို ပြန်လည် ထိန်းေ ကျာင်းနိုင် ရန် မျှော်လင့်ထားကြောင်းလည်း သိရသည်။

Yahoo ကုမ္ပဏီမှာ စက်တင်ဘာလက Bartz ကို အလုပ်ထုတ်ခဲ့အပြီးတွင် ယင်းနေရာ၌ ယာယီ အမှုဆောင်ချုပ်အဖြစ် ယခင်က CFO အဖြစ်ဆောင်ရွက်ခဲ့သူ Tim Morse  ကိုခန့်အပ်ခဲ့ကာ ကုမ္ပဏီကို အုပ်ချုပ်စေခဲ့ခြင်း ဖြစ်သည်။ ယခုလို အသစ်ခန့်အပ်ခြင်းကြောင့် ကုမ္ပဏီကို အခြားသော လူများထံသို့ရောင်းချမည့် လုပ်ရပ်များ ပြုလုပ်ခြင်းထက် ကိုယ်တိုင် ပြန်လည်ထူထောင်နိုင်ရန် အတွက်ကြိုးစား မည့် လက္ခဏာကို ပိုမိုပြသနေကြောင်းလည်း ကျွမ်းကျင်သူများမှ သုံးသပ်ထားကြောင်းလည်း သိရသည်။ Yahoo ကုမ္ပဏီမှာ ဘဏ္ဍာရေး အခြေအနေများ ဆိုးရွားလာနေသဖြင့် ကုမ္ပဏီကိုရောင်းချမည့် လေသံပစ်နေခဲ့ပြီး လက်ရှိတွင် ကုမ္ပဏီရှိ ရှယ်ယာအချို့ကို ကိုပိုင်ဆိုင်သော တရုတ်နိုင်ငံမှ Alibaba   နှင့် ဂျပန်မှ ကုမ္ပဏီခွဲမှ ဝယ်ယူရန် လိုလားလျက်ရှိကြောင်းလည်း သိရသည်။
Share this article :

0 comments:

Post a Comment