Home » , » ကွာလာလမ်ပူတွင်ပေါက်ကွဲမှုဖြစ်ပွား.........

ကွာလာလမ်ပူတွင်ပေါက်ကွဲမှုဖြစ်ပွား.........

Written By Unknown on Tuesday, 10 January 2012 | 18:34



ကွာလာလမ်ပူ မြို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွား
Updated : 10 Jan, 2012

မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့ Jalan Duta တရားရုံး အဆောက်အဦးမှာ ပေါက်ကွဲမှု ၃ခု ဆက်တိုက် လိုလို ဖြစ်ပွားခဲ့တဲ့ အတွက် လူ ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်မှာ တရားရုံးရဲ့ တခါးပေါက် A မှ မီတာ ၃၀၀ အကွာမှာ ပထမ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရှေ့နေ တစ်ဦး အပါအ၀င် လူ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ပေါက်ကွဲမှု အပြီး ၂၅ မိနစ် အကြာမှာ တရားရုံးရဲ့ စားသောက်ဆိုင် အနီးမှာ ဒုတိယ ပေါက်ကွဲမှု ဖြစ်ပွားကာ လူ ၃ ဦး ဒဏ်ရာရရှိ သွားခဲ့ပါတယ်။


အဲ့ဒီနောက် ၁၀ မိနစ်ခန့်အကြာမှာ တရားရုံးရဲ့ တခါးပေါက် B ရဲ့ မီတာ ၁၅၀ အကွာမှာ တတိယ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပေါက်ကွဲမှု တွေကြောင့် ထိခိုက် ဒဏ်ရာ ရရှိသူတွေကို ကွာလာလမ်ပူ ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူစေခဲ့ကြောင်း ရဲချုပ် Datuk Mohmad Salleh က ပြောကြား ခဲ့ပါတယ်။ ပထမနဲ့ တတိယ ပေါက်ကွဲမှု ဖြစ်ပေါ်တဲ့ နေရာများမှ ရရှိတဲ့ အပိုင်းအစများ အရ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေကို ဘော ဘယ်ယာရင်တွေ၊ ဘက်ထရီတွေနဲ့ ၀ိုင်ယာတွေ အသုံးပြုပြီး ပြုလုပ်ထားတာ ဖြစ်ကြောင်း တွေ့ရှိ ရပါတယ်။ အဆိုပါ ပေါက်ကွဲမှု များနဲ့ ပတ်သက်ပြီး တာဝန်ရှိ သူတွေက စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေပြီး ယခုအချိန် အထိတော့ ဖမ်းဆီး ထိန်းသိမ်းမှုများ မရှိသေးကြောင်း သိရပါတယ်။
Share this article :

0 comments:

Post a Comment