ချစ်သူချောကလက်
ဂျပန်က ရာသီစာပစ္စည်းတွေ ထုတ်လုပ်တာ မြန်တယ်လို့ဆိုရမယ်။ အထိမ်းအမှတ်နေ့တစ်ခုခု မရောက်ခင် အဲဒီပစ္စည်းတွေက ဈေးကွက်ပေါ်ရောက်နှင့်နေတတ်တယ်။ အခုလည်း ချစ်သူများနေ့ မရောက်သေးဘူး.. ဒါပေမယ့် နှစ်သစ်လွန်တာနဲ့ ချစ်သူများနေ့နဲ့ ပတ်သက်တဲ့ပစ္စည်းတွေက ဈေးကွက်ပေါ် ရောက်နေပါပြီ။ အောက်ကပုံတွေက ဂျပန်နိုင်ငံကိုဘေမြို့က Frantzလို့ခေါ်တဲ့ဆိုင်တစ်ဆိုင်က ချစ်သူများနေ့အတွက် ထုတ်လုပ်လိုက်တဲ့ "ကိရိယာချောကလက်"တွေ ဖြစ်ပါတယ်။ မနှစ်ကလည်း အဲဒီလိုပစ္စည်းတွေ ထုတ်လုပ်ခဲ့ပြီး အရောင်းသွက်ခဲ့တာကြောင့် ဒီကနှစ်မှာလည်း ထုတ်လုပ်လိုက်တယ်လို့ဆိုပါတယ်။
တကယ်တော့ ဖေဖော်ဝါရီလ ၁၄ရက်နေ့ဟာ အနောက်နိုင်ငံရဲ့ချစ်သူများနေ့ဖြစ်တယ်။ အဲဒီလိုနေ့မျိုးမှာ အနောက်နိုင်ငံနဲ့ တချို့နိုင်ငံမှာတော့ ယောက်ျားလေးက မိန်းကလေးတွေကို လက်ဆောင်ပေးလေ့ရှိတယ်။ ဒါပေမယ့် ဂျပန်မှာတော့ မိန်းကလေးတွေက ယောက်ျားလေးတွေကို လက်ဆောင်ပေးကြပြီး မတ်ခ်ျလ ၁၄ရက်နေ့ကျမှ ယောက်ျားလေးက မိန်းကလေးကို လက်ဆောင်ပြန်ပေးကြတယ်လို့ သိရပါတယ်။
ဒါကြောင့် Frantz က ဖေဖော်ဝါရီ ၁၄ရက်နေ့မှာ ယောက်ျားလေးတွေအတွက် လက်ဆောင်ပေးလို့ကောင်းတဲ့ ဒီလို tools ချောကလက်တွေကို ထုတ်လုပ်လိုက်တာဖြစ်တယ်။

0 comments:
Post a Comment