လာရောက်လည်ပတ်ကြသူ အားလုံး ထူးနေမူးဘလော့မှ နွေးထွေးစွာ ကြိုဆိုပါသည်

Ads 468x60px

ကမ္ဘာ့အကျော်အမော် တရုတ် အားကစားသမားများ

Written By Unknown on Wednesday 29 February 2012 | 17:35

တရုတ်က စီးပွားရေးမှာတင် စူပါပါဝါဖြစ်လာရုံ မဟုတ်ဘဲ၊ အားကစားမှာလည်း ကမ္ဘာ့အင်အားကြီးဖြစ်အောင် တည်ဆောက် နေသည်။ ပြီးခဲ့တဲ့ ပေကျင်းအိုလံပစ်မှာ တရုတ်အားကစားသမားတွေက အခြားနိုင်ငံတွေထက် ရွှေတံဆိပ်ပိုမို ရရှိခဲ့ကြသည်။လာမယ့် ဇူလိုင်လ လန်ဒန်မှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲမှာလည်း တရုတ်က ရွှေတံဆိပ် အများဆုံးရဖို့ အသားကုန် ပြန်ဆင်နေကြသည်။


အထူးသဖြင့် လန်ဒန် အိုလံပစ် အမျိုးသမီးပြိုင်ပွဲအရပ်အရပ်မှာ ရွှေတံဆိပ်အားလုံးကို တရုတ်အမျိုးသမီးတွေက အားလုံး သိမ်းကျုံးရယူဖို့ ပြင်ဆင်နေခြင်း ဖြစ်သည်။
တရုတ်အစိုးရ အားကစား အကယ်ဒမီကျောင်းကလည်း တစ်နေ့ကို ရှစ်နာရီနှုန်းနဲ့ တစ်ပတ်ကို ခြောက်ရက် မောင်းသည်။ ၄င်း အားကစားသိပ္ပံကျောင်းက နာမည်ကြီး တရုတ်အားကစားသမားအများအပြား မွေးထုတ်ပေးခဲ့သည်။ ယခုလည်း တရုတ် ပြည်နယ်အသီးသီးက ကျေးလက်တောရွာတွေဆင်းပြီး ဇရှိတဲ့ အားကစားသမားတွေကို လိုက်လံရှာဖွေ လစာ ထိုက်ထိုက်တန်တန်ပေး လေ့ကျင့်ပေးနေသည်။
အောက်တွင် ကမ္ဘာကျော်ခဲ့သော တရုတ် အားကစားသမားအချို့ကို ဖော်ပြလိုက်ပါသည်။



Guo Jingjing က ရေကူးကန်ပျဉ်ချပ်ပေါ်ကနေ လေထဲခုန် ဂျွန်းဘားကစားရင်း ဒိုင်ဗင်ထိုးရာမှာ ပရိသတ်ကို ရင်သတ်ရှုမောစေသူ ဖြစ်သည်။ အိုလံပစ် ရွှေတံဆိပ်လေးခုနဲ့အတူ နိုင်ငံတကာဆုများစွာ ဆွတ်ခူးထားသည်။

Ma Long က စားပွဲတင် တင်းနစ်မှာ ကမ္ဘာ့နံပါတ်တစ် နေရာ ရယူထားသည်။ စားပွဲတင်တင်းနစ် ကမ္ဘာ့ထိပ်တန်း ၁၀ ဦးမှာ Ma Long နှင့် အခြား တရုတ်ကစားသမား ၅ ဦးက ထိပ်ဆုံးမှာ နေရယူထားသည်။

sungha jung & trace bundy

Written By Unknown on Friday 24 February 2012 | 18:56

Music (river flows in you)

Music(right here waiting)

စပျစ်သီးသန္ဓေ(Molar Pregnancy)အကြောင်း သိကောင်းစရာ





ဒီတစ်ခါတော့ အမျိုးသမီးတွေအတွက် စပျစ်သီးသန္ဓေအကြောင်းကို တင်ပြပေးလိုက်ပါတယ် ။ စပျစ်သီးသန္ဓေကို Molar Pregnancy လို့လည်းခေါ်ကြပါတယ် ။ ရှားပါးတဲ့ဖြစ်စဉ်တစ်ခုတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် အဖြစ် လည်း မများပါဘူး ။ တစ်ချို့ကတော့ ဒီရောဂါအကြောင်းကို ကြားဖူးယုံသာကြားဖူးပြီး တချို့ကတော့ လုံးဝကို မ သိကြ ပါဘူး ။ စပျစ်သီးသန္ဓေကို နောက်တစ်မျိုး Vesicular Mole လို့လည်းခေါ်ကြပါသေးတယ်

စီးပွားရေးတွက်........................

Chilli ငရုတ်သီး အရသာ

Written By Unknown on Wednesday 22 February 2012 | 07:43

သမီး အစ်ကို ဘာရောဂါဖြစ်နေမှန်းမသိလို့။ သူက အရင်တုန်းကတော့ ကွမ်းစားတယ်။ မစားတာ နှစ်လလောက်တော့ ရှိပါပြီရှင့်။ သူအခု အစပ်စားလို့ မရတဲ့ ရောဂါ ဖြစ်နေပါတယ်ရှင့်။ အရောင်တင်လေး နည်းနည်းလေးပါရင်ကို လျှာကော လည်ချောင်းကော အာခေါင်ကော စပ်နေပါတယ်။ လျှာကွဲတာလည်း မဟုတ်ဘူးလို့ ပြောပါတယ်ရှင့်။ နည်းနည်းလေး စားမိရင် ချွေးသီးချွေးပေါက်တွေ ကျလာပါတယ်။ မခံမရပ်နိုင်အောင် စပ်တယ်ပြောလို့ အစပ်မစားပဲ နေနေရပါတယ်။ ဘာဖြစ်မှန်းလည်း မသိပါဘူးရှင့်။ သူ့အသက်က ၂၅ နှစ်ပါ။

Neonatal jaundice မွေးစကလေး အသားဝါခြင်း


ဆရာရှင့် သမီးအစ်မက ၂ဝ ရက်နေ့က မန္တလေးက (့) ဆေးရုံမှာ ယောက်ျားလေး မွေးခဲ့ပါတယ်ရှင့်။ ဘေးအခန်းနဲ့ မျက်နှာချင်းဆိုင်အခန်းက ကလေးတွေက အသားဝါ ပါလို့ ဓာတ်ကင်တာကို တွေ့ ရပါတယ်။ အစ်မရဲ့ ကလေးကတော့ ၃ ရက်နေမှ သွေးဖောက်ကြည့်တော့ အသားဝါပါလို့ သွေးလဲရပါတယ်ရှင့်။ အဲဒါဟာ ဘာကြောင့်ပါလဲရှင့်။ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ စားသောက်နေထိုင်မှုနဲ့ ဆိုင်ပါသလားရှင့်။ ဒါမှမဟုတ် ကူးစက်မှုတစ်ခုလား။ မွေးလာမယ့် ကလေးမှာ အသားဝါ မပါအောင် ဘယ်လို လုပ်သင့်ပါသလဲရှင့်။

(hCG) ကိုယ်ဝန်ရှိ-မရှိစစ်တဲ့ ဟော်မုန်း


အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၂၆)
ကိုယ်ဝန်စစ်ဆေးလို့ ရနိုင်မယ့် နည်းလမ်းတွေရယ်၊ ဘယ်လို ဘယ်အချိန်မှာ သိနိုင်မယ်ဆိုတာကို ဖော်ပြပေးစေချင်ပါတယ်ခင်ဗျာ။

Sun, Jan 15, 2012 at 11:59 AM
အခု အဲဒီလို (ကိုယ်ဝန်ပျက်ဆေးသောက်ပြီး) သွေးဆင်း ပြီးသွားမှ အဖြူတွေ တအားဆင်းနေတော့ ကြောက်တာလည်း ပါတယ်။ နောက်ပြီး တစ်ခါတစ်ခါ ပျို့အန်ချင်သလိုဖြစ်တော့ စိတ်က မပြီးသေးဘူး ထင်နေပါတယ်။ ဆီးစစ်ကြည့်တော့ အဲဒီ Result တွေ့တော့ ပိုပြီး စိတ်ထဲ ထင့်နေပါတယ်။ ဖြစ်နိုင်ရင် ဘယ်အချိန်လောက် ပြန်စစ်ကြည့်ရင် Result အမှန် သိရမလဲ။ အခုထိ အဖြူဆင်းနေတာ ဘာလုပ်ရမလဲဆရာ။

Baby Boy ကလေးမွေးရင် (ယောက်ျားလေး) ရချင်သလား



ဆရာ သားယောက်ျားလေး ရနိုင်မယ့်နည်းလေး ရှိရင် ညွှန်ကြားပေးစေလိုပါတယ်။
Wed, Feb 22, 2012 at 4:06 PM
ကျွန်မက အသက် ၃၆ နှစ်ရှိပါပြီ။ သမီးလေး ၂ ယောက်မွေးထားပါတယ်။ ကျွန်မကြားဘူးတာတခုရှိလို့ပါ။ ကိုယ်ဝန်ဆောင်မှာ သား(သို့)သမီးအတိအကျ လိုခြင်လျှင် တွက်ချက်ပြီး ကိုယ်ဝန်ဆောင်ရတယ်လို့ ကြားဖူးပါသဖြင့် မည်သည့်နည်းနှင့် တွက်ချက်ယူရမလဲ ဆိုတာသိပါရစေရှင်။

Boy Diet ယောက်ျားလေးရစေမဲ့ အစားအသောက်တွေဆိုတာကို အရပ်စကား ပြောကြတာရှိတယ်။
• Meat အသား၊ Red meat အထူးသဖြင့် အမဲသား၊ ဆိတ်သား၊

ဖေ့စ်ဘွတ်ခ်မိတ်ဆွေများကို တမလွန်ကနေ နောက်ဆုံးစကား လှမ်းပြောနိုင်

Written By Unknown on Saturday 11 February 2012 | 22:29


ကိုယ့် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ကိုယ်တင်ချင်ရာများကို အသက်ရှင်နေစဉ်သာမက ကိုယ် ကွယ်လွန်သွားပြီး ချိန်မှာပင် တမလွန်က လှမ်းတင်လိုက်သည့်အလား ဖန်တီးပေးနိုင်မည့် စနစ်တစ်ခုကို ဖေ့စ်ဘွတ်ခ်က တီထွင်လိုက်ကြောင်း သိရသည်။


ထိုစနစ်အရ အသက်ရှင်နေစဉ် တစ်လျှောက် မည်သူ့ကိုမျှ အသိမပေးခဲ့သော လျှို့ဝှက်ချက်များကို ကိုယ့် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် တမလွန်ရောက်ခါမှ လှမ်းတင် အသိပေးလိုက်သကဲ့သို့ဖြစ်အောင်လည်း ဖန်တီးပေးနိုင်ကြောင်း သိရသည်။

ထိုစနစ်ကို If I Die ဟု အမည်ပေးထားပြီး ကွယ်လွန်ပြီးချိန်တွင် မည်သည့်အကြောင်းအရာကို အသိပေးချင်သနည်းဟူသော မေးခွန်းဖြင့် ထိုအပလီကေးရှင်းက ကိုယ့်ကို ကြိုဆိုမည်ဖြစ်သည်။ ကိုယ် ကွယ်လွန်ပြီးနောက် ကျန်ခဲ့သူများကို ပြောချင်သည်များ အသိပေးချင်သည်များကို စာသားများဖြင့်သော်လည်းကောင်း၊ အသံဖိုင်များဖြင့်သော်လည်းကောင်း၊ ဗီဒီယို ရုပ်သံများဖြင့်သော်လည်းကောင်း ကြိုတင်ရိုက်ကူးပြီး ထိုစနစ်တွင် ထည့်သွင်းထားနိုင်ကြောင်း သိရသည်။

ထိုစနစ်ကို အသုံးပြုလိုသူအနေဖြင့် ထိုသို့ ဖန်တီးပြီးပါက ယုံကြည်စိတ်ချရဆုံး မိတ်ဆွေ

နောက်ဆုံး ဆုတောင်း


နှလုံးသားတစ်ခုကို
လက်ဝါးကပ်တိုင်မှာကပ်
သပ်ရိုက်ပြီး
မသေမချင်း သတ်စေလို့
အမိန့်ချမှတ်ထားရင်တောင်
ချစ်သူ ငါ့လိုသောက
နင့်မှာ ကင်းလို့
ထာဝရ ပျော်ရွှင်နိုင်ပါစေ
ချစ်သူ  ငါ့လိုလောဘ
နင့်မှာ ကင်းလို့
ထာဝရ လိုဘပြည့်ပါစေ....
ချစ်သူ ငါ့လိုဒေါသ
နင့်မှာ ကင်းလို့
ထာဝရ ကြည်နူးသာယာပါစေ....
ချစ်သူ ငါ့လိုမောဟ
နင့်မှာ ကင်းလို့
ချစ်သောသူနှင့် ထာဝရ လက်တွဲနိုင်ပါစေ....
လို့  ငါဆုတောင်းပေးလိုက်ပါတယ်....။
သြော်........ချစ်သူ
ဒါတွေဟာ
သေမိန့် ကျနေတဲ့ နှလုံးသားတစ်ခုရဲ့ 
ငြှိုးမာန်ဖွဲ့ကင်း  ဖြူစင်ခြင်းအတိနဲ့
နောက်ဆုတောင်းတွေပါပဲ........။

Happy Valentine For နှင်းဆီပွင့် တို့ရဲ့ သင်္ကေတ

ချစ်သူများနေ့ နီးလာတော့ ကိုယ့်ရဲ့ ချစ်သူ ကောင်မလေးတွေဆီ သို့မဟုတ် ကောင်လေးတွေဆီကို ချောကလက်တို့ ပန်းစည်းတို့ ပေးတတ်ကြပါတယ်. ချစ်သူများနေ့မှာ ပန်းစည်းတွေ ပေးကြတဲ့ အခါမှာ နှင်းဆီပွင့်လေး တွေကို ပေးတတ်ကြပါတယ်။ အဲဒီလို ပေးတဲ့အခါ မှာ နှင်းဆီပွင့် ဘယ်နှစ်ပွင့် ပေးလဲ ဆိုတဲ့ အပေါ် မှာ မူတည်ပြီး တော့ နှင်းဆီပွင့် တွေ ရဲ့အနက် အဓိပ္ပာယ် လေး တွေကို ဖွင့်တတ်ကြပါတယ်။ နှင်းဆီ တစ်ပွင့် စီ ရဲ့ အဓိပ္ပာယ် ဖော်ဆောင်မှု လေး တွေကို ရှာဖွေပြီးတော့ စာဖတ်သူ သူငယ်ချင်းများသို့ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ နှင်းဆီ ၁ ပွင့် ………….ရင်ထဲမှာ မင်းပဲရှိတယ်
နှင်းဆီ ၂ ပွင့်……………ဒီကမ္ဘာမှာ ကိုယ်တို့နှစ်ယောက်တည်း
နှင်းဆီ ၃ ပွင့်……………မင်းကို ငါချစ်တယ်
နှင်းဆီ ၄ ပွင့်……………သေတောင်မခွဲဘူး
နှင်းဆီ ၅ ပွင့်……………တန်ဖိုးထားမြတ်နိုး
တယ်
နှင်းဆီ ၆ ပွင့်……………တစ်ယောက်ကို တစ်ယောယက် လေးစားချစ်ခင် ခွင့်လွှတ်တယ်
နှင်းဆီ ၇ ပွင့်……………မင်းကို တိတ်တခိုးလေး ချစ်နေမယ်
နှင်းဆီ ၈ ပွင့်……………မင်းရဲ့ ကြင်နာမှုနဲ့ အားပေးမှု ကို ကျေးဇူးတင်တယ်
နှင်းဆီ ၉ ပွင့်……………အမြဲတမ်း
နှင်းဆီ ၁၀ ပွင့်………….အပြစ်ကင်းစင်သော ချစ်သူ
နှင်းဆီ ၁၁ ပွင့်………….မင်းတစ်ယောက်တည်းကိုပဲ ဂရုစိုက်တယ်
နှင်းဆီ ၁၂ ပွင့်………….တစ်နေ့ထက်တစ်နေ့ တိုးလို့ချစ်တယ်
နှင်းဆီ ၁၃ ပွင့်………….သူငယ်ချင်းအချစ်
နှင်းဆီ ၁၄ ပွင့်………….ဂုဏ်ယူပါတယ်
နှင်းဆီ ၁၅ ပွင့် ………....I’M SORRY! ငါ့ကိုခွင့်လွှတ်ပေးနိုင်မလား
နှင်းဆီ ၁၆ ပွင့်………….မတည်ငြိမ်သော အချစ်
နှင်းဆီ ၁၇ ပွင့်………….ပြန်မရနိုင်တော့တဲ့ အချစ်
နှင်းဆီ ၁၈ ပွင့်………….ရိုးသားပွင့်လင်းခြင်
နှင်းဆီ ၁၉ ပွင့်…………မျှော်လင့်စောင့်စားခြင်း
နှင်းဆီ ၂၀ ပွင့် ………...ငါ့မှာ ရိုးသားတဲ့ အချစ်တစ်ခုတည်း ရှိပါတယ်
နှင်းဆီ ၂၁ ပွင့်………….ရိုးသားတဲ့ အချစ်
နှင်းဆီ ၂၂ ပွင့်………….မင်းကံကောင်းပါစေ
နှင်းဆီ ၂၅ ပွင့်………….မင်း ပျော်ရွှင်ပါစေ
နှင်းဆီ ၃၀ ပွင့်…………..ဖူးစာကို ယုံတယ်
နှင်းဆီ ၃၆ ပွင့် ……….....Romantic
နှင်းဆီ ၅၀ ပွင့်…………...မမျှော်လင့်ပဲ တွေ့ကြတယ်
နှင်းဆီ ၉၉ ပွင့်…………...Forever!
နှင်းဆီ ၁၀၀ ပွင့်………….၁၀၀% အချစ်
နှင်းဆီ ၁၀၁ ပွင့်…………..အရမ်း….အရမ်း…..ချစ်
နှင်းဆီ ၁၀၈ ပွင့် ……….....လက်ထပ်ခွင့်ပေးပါ
နှင်းဆီ ၁၁၁ ပွင့်…………...အဆုံးမဲ့အချစ်
နှင်းဆီ ၁၄၄ ပွင့်…………...နေ့တိုင်း၊ လတိုင်း၊ အသက်ရှင်နေသရွေ့ မင်းကို ချစ်တယ်
နှင်းဆီ ၃၆၅ ပွင့်………...…နေ့တိုင်းလွမ်းတယ်
နှင်းဆီ ၉၉၉ ပွင့် ……….....မချုပ်ငြိမ်းတဲ့ အချစ်၊ အမြဲတမ်း ထာဝရ
နှင်းဆီ ၁၀၀၁ ပွင့်………….သက်ဆုံးထိတိုင် အချစ်မိုးတွေ သည်းနိုင်ကြပါစေ။


လေးစားစွာဖြင့်
လရိပ်အိမ်

ပလတ်စတစ်ကိုသာ အဟာရထင်တဲ့ သူလေး..

Written By Unknown on Friday 10 February 2012 | 18:34

ထူးထူးဆန်းဆန်းသူစွဲလမ်း အစီအစဉ်များတင်ဆက်ပြသလေ့ ရှိသည့် TLC ရုပ်သံအစီအစဉ်
ဟာ အများနဲ့ မတူတစ်မူထူးခြားသည့် ပြောင်းဆန်မှုန့် ကိုသာစားတတ်သည့် သူ၊ ဆံပင်အ
ခြောက်ခံစက်ဖြင့် သာအိပ်တတ်သည့် သူ စသည်ဖြင့်  ထူးထွေဆန်းပြားသည့် လူများ၏အကျင့်
စရိုက်များအားတင်ဆက်လေ့ ရှိပါတယ်...
ယခုသတင်းပါတ်တွင် စတင်မည့် အစီအစဉ်သစ်များတွင်တော့ ယခင်ပြသခဲ့ သည်များထက်ပိုမို
ဆန်းပြားသည့် အဖြစ်အပျက်များပါရှိမှာဖြစ်တယ်လို့ ကတိပေးထားပါတယ်...
တတိယနှစ်ပါတ်လည်အစီအစဉ်မှာဆိုယင် ထူးထူးဆန်းဆန်း ပလတ်စတစ်များကို စားရမှကျေ
နပ်သည့် ဆယ်ကျော်သက်ရွယ်ကာင်မလေး ကေလင်း ရဲ့ အကြောင်းလည်း ပါဝင်နေပါတယ်...
ကယ်လီဖိုးနီးယားပြည်နယ်၊ စက္ကရာမင်တို အရပ်မှ အသက် ၁၈ နှစ်အရွယ်ရှိ ဆယ်ကျော်သက်
မလေးဟာ လွန်ခဲ့ သည့် ၁၁ နှစ်အတွင်း သူမအနေဖြင့် ပလတ်စတစ်ပစ္စည်းပေါင်း ၆၀၀၀၀ 
ကျော်ကိုစားခဲ့ ပြီးဖြစ်သည်ဟု ယုံကြည်နေပြီး သူမဟာ သာမာန်အစားအစာထက် ပလတ်စတစ်
ကိုသာ ပိုပြီးစွဲလမ်းနေပါတယ်....


Strange addiction: Kailyn, 18, from Sacramento, California, is hooked on eating plastic and believes she has eaten over 60,000 items over the past 11 years
ရေသန့် ဗူးခွံများစားလို့ ကတော့ ကြိုက်သလောက်သာစားပါကွယ်...
ကောက်ပေးပါ့ မယ်...
Strange addiction: Kailyn, 18, from Sacramento, California, is hooked on eating plastic and believes she has eaten over 60,000 items over the past 11 years


နမူနာပြသည့် ရုပ်သံပြကွက်အတိုလေးတွင် သူမအား ရေပုလင်းခွံများမှသည် စီဒီချပ်ပြားများ
အထိ ပလတ်စတစ်ပစ္စည်းမျိုးစုံအား စားနေသည်ကိုတွေ့ ရှိရမှာဖြစ်ပါတယ်...
သူမစားခဲ့ သည့် ပစ္စည်းများစာရင်းတွင်တီဗီရီမုဒ်ကွန်ထရိုး ၁၂ခု၊ ပုတီးစေ့ ၅၀၀၀ ကျော်၊ ဖျော်
ရည်ခွက်များတွင် အသုံးပြုသည့် ပလတ်စတစ်မွှေတံ ၁၀၀၀ ကျော်၊ ပလတ်စတစ်ခရင်း ၁၀၀၊
ရေပုလင်းခွံ ၁၀ ဗူးခန့် ၊ ချိုလိမ်ကလည်း ၂ ခု၊ စီဒီဗူး ၃ခု၊ ပလတ်စတစ်အင်္ကျီချိတ် ၅၀ နှင့် ပ
လတ်စတစ် ခွက်အဖုံး ၂၅ ခု တို့ ပါဝင်ကြောင်း ရိုက်ကူးနေသည့် ရုပ်သံကင်မရာရှေ့ တွင်ပြော
ကြားခဲ့ ပါတယ်....
ပလတ်စတစ်ဟာ ကျွန်မလိုအပ်နေတဲ့ အရာတစ်ခုလို့ ခံစားရပါတယ် လို့ လည်းသူမက ၀န်ခံ
ပြောကြားခဲ့ ပါတယ်...
ပလတ်စတစ်ကိုဘာကြောင့် များနှစ်သက်စွဲလမ်းနေပါသလည်းလို့ မေးမြန်းခဲ့ ရာမှာတော့ သူမ
က ပလတ်စတစ်ရဲ့ ဖွဲ့ စည်းပုံ၊ ပုံသဏ္ဍာန်က အရသာထက်ပိုပြီးသူမကိုစွဲဆောင်စေပါတယ်လို့ 
ဖြေကြားခဲ့ ပါတယ်....



Favourite snack: Kailyn believes she has eaten over 60,000 plastic goods, and will even choose it over food
 ဘာဂါမကြိုက်၊ ဂျေဒိုးနတ် မခုံမင်...ဗူးခွံကိုသာ တွယ်တာမိပါတဲ့ 
အိုနှမငယ်...
Favourite snack: Kailyn believes she has eaten over 60,000 plastic goods, and will even choose it over food

Out of control: Kailyn says television remotes are one of her favourite things to eat, and demonstrated how she starts by biting off the buttons
Out of control: Kailyn says television remotes are one of her favourite things to eat, and demonstrated how she starts by biting off the buttons
ရီမုဒ်ကွန်ထရိုးကလည်း သူမရဲ့ အနှစ်သက်ဆုံး စားစရာထဲမှာပါနေပါသေးတယ်...
Out of control: Kailyn says television remotes are one of her favourite things to eat, and demonstrated how she starts by biting off the buttons
စားလိုက်ယင်ကျွတ်ကျွတ်လေးဖြစ်နေပြီး မာဆတ်ဆတ်နေပေမယ့် ချောမွေ့ တဲ့ တည်ဆောက်
ပုံလည်းရှိတာမို့ နှစ်သက်မိပါတယ်လို့ သူမကဆိုပါတယ်...

Staple diet: One of the things Kailyn eats most frequently are cocktail swords for drinks
ဒါစားနေရယင်ကို အဟာရမြောက်နေတော့ တာပါပဲ... 
Staple diet: One of the things Kailyn eats most frequently are cocktail swords for drinks


တီဗီရမုဒ်ရဲ့ ပုံသဏ္ဍာန်၊အရသာကိုက သူမကိုအကြိုက်ဆုံးအစားအစာတစ်ခုဖြစ်နေစေပါတယ်...
အဲဒီအကြိုက်ဆုံးအစားအစာကိုစားရမယ်ဆိုယင် ပထမဦးဆုံးခလုပ်ကလေးတွေကို ကိုက်ဖဲ့ ပြီး
စားရတာပါပဲလို့ လည်းသူမကဆိုပြန်ပါသေးတယ်...
သူမအနေနှင့် မကြာခဏ စားနေမိတဲ့ ပလတ်စတစ်ပစ္စည်းကတော့ သူမအလုပ်လုပ်နေသည့် 
စားသောက်ဆိုင်တွင် ရှိသည့် အဖျော်ယမကာမွှေတံကလေးများပင်ဖြစ်ပါတယ်...
" ကျွန်မက စားသောက်ဆိုင်ရဲ့ ဧည့် ကြိုတစ်ယောက်လေ...ဒါကြောင့် ဒီ ဓါးပုံစံပုလတ်စတစ်မွှေ
တံကလေးတွေကတော့ ဒီမှာအလွယ်တကူကို အများကြီးရနေနိုင်တာပါပဲ...
အဲဒါလေးတွေကိုတော့ ကျွန်မအကြိုက်ဆုံးပါပဲ...စိတ်မညစ်တဲ့ သာမန်နေ့ တစ်နေ့ ဆိုကျွန်မဖြင့်
၁၅ ကြိမ်လောက်စားဖြစ်ပါတယ်..." လို့ သူမကရှင်းပြခဲ့ ပါတယ်...
 တစ်ပါတ်၊ တစ်ပါတ် သည်လောက်များပြားသည့် ပလတ်စတစ်များအား စားသောက်နေခဲ့သည့်
သူမရဲ့ အကျင့် ဆန်းဟာ ကျန်းမာရေးကိုထိခိုက်နိုင်တယ်ဆိုတာ သူမ၀န်ခံခဲ့ ပါတယ်...
ယခုနှစ်တွင်တင်ဆက်မည့် ထူးဆန်းထွေလာ၊ စွဲလမ်းရာ အစီအစဉ်မှာ ကေလင်း ရဲ့ ထူးထူးခြား
ခြားစွဲလမ်းနှစ်သက်မှုက အထူးဆန်းဆုံးတော့ မဟုတ်သေးပါဘူး...
အာကင်ဆော့ ပြည်နယ်မှ နာသန်နီယယ် ဆိုသည့် လူတစ်ဦးရဲ့ သူ၏ကားအပေါ်အမျိုးသမီးတစ်
ဦးလိုနှစ်သက်မြတ်နိုးစွဲလမ်းနေသည့် အဖြစ်ဆန်းဖြင့် ရုပ်သံအစီအစဉ်ကို စတင်ခဲ့ တာဖြစ်ပါ
တယ်...

Concern: The teenager is aware that her plastic addiction could be harmful to her health
 ဒါတွေစားတာကျန်းမာရေးနဲ့ မညီညွတ်ကြောင်းသိပေမယ့် လည်း...
တွယ်တာလွမ်းတော့ လည်းခက်နေမိပါတယ်...
Concern: The teenager is aware that her plastic addiction could be harmful to her health
အဆိုပါရုပ်သံအစီအစဉ်တွင် လက်သည်းဆိုးဆေးကိုမှနှစ်သက်စွာသောက်နေတတ်သည့် အမျိုး
သမီးတစ်ဦးအကြောင်းနှင့် ကြောင်စားသည့် အစာလုံးလေး ၉၀၀ အားနေ့ စဉ်စားသုံးနေသည့်
သူတစ်ဦးအကြောင်းလည်းပါဝင်ပါသေးတယ်...





from ကိုပီတာ

♥ ♥ ♥ ချစ်ခြင်း ရင်ခုန် ယုံကြည်စွာဖြင့် ♥ ♥ ♥



ချစ်ခြင်းများစွာဖြင့်
ရှင်သန်ရာ ဘ၀ခရီးအတွက်
မိုင်တွေ ကွာဝေးနေတဲ့ အဝေးတနေရာဆီမှာ
သူရယ် ကျနော်ရယ်…။

ရင်ခုန်ခြင်းများစွာဖြင့်
ရှင်သန်ရာ အနာဂတ်အတွက်
မိုင်တွေ ကွာဝေးနေတဲ့ အဝေးတနေရာဆီမှာ
သူရယ် ကျနော်ရယ်…။

ယုံကြည်ခြင်းများစွာဖြင့်
ရှင်သန်ရာ မနက်ဖြန်များစွာအတွက်
မိုင်တွေ ကွာဝေးနေတဲ့ အဝေးတရာနေရာဆီမှာ
သူရယ် ကျနော်ရယ်…။

ချစ်ခြင်း ရင်ခုန် ယုံကြည်စွာဖြင့်
ပျော်ရွှင်စရာ valentine-day မှာ
သူကလဲ ကျနော့်ကို ချစ်တဲ့အကြောင်း
ကျနော်ကလဲ သူ့ကိုချစ်တဲ့အကြောင်း
တယ်လီဖုန်းထဲမှာ စကားတွေပြောဖြစ်ကြတယ်
သူရယ် ကျနော်ရယ်…။

valentine-day နေ့ အတွက် အမှတ်တရ >>>>

from all myanmar 

အင်တာနက်သုံး ဖုန်းခေါ် ဆိုမှု (Y talk Calling) စနစ်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရ

Written By Unknown on Monday 6 February 2012 | 18:30




အင်တာနက်သုံး ဖုန်းခေါ် ဆိုမှု (Y talk Calling) စနစ်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့စတင် အသုံးပြုနိုင် မည်ဖြစ်ကြောင်းသိရှိရသည်။

Ytalk Calling စနစ်ဖြင့် အသုံးပြိုလိုသူများအနေဖြင့် Soft Phone နံပါတ်(ID) တစ်ခု လိုအပ်ပြီး ထို Soft Phone နံပါတ် (ID) အတွက် VoIP account card အား ကျပ်ငွေ တစ်သောင်းနှင့် ဝယ်ယူနိုင်ကြောင်း သိရှိရသည်။

ကိုယ့်ရဲ့ချစ်သူတွေအတွက်သီးသန့်...........

Written By Unknown on Saturday 4 February 2012 | 08:00

ကြိုက်ရာကိုကူသာယူသွားကြ....ချစ်သူများနေ့အတွက်သီးသန့်လက်ဆောင်နော်........























































ရေခဲရိုက်သံယောဇဉ်




နှလုံးသားချင်း နားမလည်ခဲ့ကြဘူးထင်ရဲ့
တွဲထားတဲ့ လက်နှစ်ဖက်က
အေးစက်နေလိုက်တာ။။

ထွေးဖက်ထားရင်းနဲ့ မနီးစပ်ခဲ့ကြတာ
ချည်နှောင်တဲ့ ကြိုးတွေမှားခဲ့လို့လား။။

သွားနေတဲ့ စက္ကန့်တစ်လှမ်းတိုင်းက
ကမ္ဘာကြီးကို ထမ်းထားရသလို
လေးတယ်။။

ဘယ်လိုစကားပါလိမ့် ခံစားချက်မပါတော့
ဟောင်ဖွာ...ဟောင်ဖွာကို ဖြစ်လို့
တကယ်ဆိုရင်တော့
ငါတို့ဝေးဖို့ မလိုသေးဘူး။။

နှလုံးသားချင်း နီးစပ်ဖို့လိုတယ်
မျက်နှာချင်းဆိုင်လျောက်ရင်း ခရီးမတွင်တာ
ဗေဒင်အလိုကျတော့ မဟုတ်ဘူးပဲ။။

မျဉ်းပြိုင်မို့ မတည်မြဲကြေးဆို
ရထားလမ်းတွေ ဖျက်သိမ်းကြစို့
တွေဝေတာနဲ့ မပြတ်သားတာ
စကားလုံးပဲ ကွာတယ်။။

လာကွယ်..အရှေ့ကိုတည့်တည့်လျောက်စို့
မရောက်လို့ကတော့
ကိုယ့်ကိုကိုယ် ရုံးတင်
ကိုယ့်တရား ကိုယ်စီရင်ကြရုံပေါ့။။

သေချာတယ်...
စီပွားရေးသမားအတွက်
အချစ်က ဈေးကွက်မဝင်ဘူး။။။
 
 
from အလင်းသစ်


ကြွေလွင့်သွားရှာတဲ့ ကွန်ပြူတာပညာရှင် အသက် ၁၆ နှစ်အရွယ် Arfa Karim

သူမ အကြောင်းကို ဖတ်လိုက်မိတော့ စိတ်ဝင်စားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမဟာ အသက် ၉ နှစ်အရွယ်မှာ Microsoft ၏ အသိအမှတ်ပြု အောင်လက်မှတ်ရ ပရိုဖက်ရှင်နယ် ကွန်ပြူတာပညာရှင်လေး (Microsoft Certified Professional, MCP) တစ်ဦးဖြစ်နေလို့ပါပဲ။ အသက်အငယ်ဆုံး ပညာရှင်လို့လည်း သိရပါတယ်။


Software ကုမ္ပဏီတစ်ခုဖြစ်တဲ့ Microsoft ကိုစတင်တည်ထောင်သူ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် Bill Gates ကိုယ်တိုင် အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ (Washington, America) ရှိ Microsoft ၏ ပင်မရုံး တည်ရှိရာသို့ လာရောက်ရန် သူမကို ဖိတ်ခေါ်ခဲ့သည်။ အဲ့ဒီအချိန်မှာ သူမအသက်က ၁၀ နှစ်၊ ဒါပေမယ့် ကွန်ပြူတာ programming ပညာရပ်တွေမှာ အသက်အရွယ်နှင့် မလိုက်အောင် ထူးချွန်ထက်မြတ်သည့် အရည်အချင်းတွေ ပြသခဲ့လို့ လူအများ အံ့သြကြရတယ်။ ပြည်တွင်းမှာလည်း ပါကစ္စတန် ၀န်ကြီးချုပ်ကိုယ်တိုင် သူမကို ဆုများ ချီးမြှင့်ခဲ့တယ်။


ဒူဘိုင်း (Dubai) မှာ ကျင်းပခဲ့တဲ့ IT (Information Technology) Professionals များ၏ အခမ်းအနား တွေကိုလည်း သူမတက်ရောက်ခဲ့တယ်။ Microsoft ၏

ဘေ့(စ်)ဆရာမလေးးးးးးးးးးးးးးးးး

Written By Unknown on Friday 3 February 2012 | 07:52

bass lesson for blue

လုပ်ကြဦးမလားတရုတ်နိုင်ငံမှ အမျိုးသမီး ကိုယ်ရံတော်၊ သက်တော်စောင့် ....

လုပ်ကြဦးမလားတရုတ်နိုင်ငံမှ အမျိုးသမီး

ကိုယ်ရံတော်၊ သက်တော်စောင့် ....

ရေကူးဝတ်စုံ၊ မလုံ့ တလုံလေးများနဲ့ မို့ ရုတ်တရက်ကြည့် လိုက်ယင်တော့ တရုတ်မလေးများ
ဟာ ကမ်းခြေမှာအပန်းဖြေနေသလားလို့ ထင်မှတ်မှားစရာပါပဲ...
ဒါပေမယ့် အဆိုပါအမျိုးသမီးလေးများဟာ တရုတ်နိုင်ငံမှ လူချမ်းသာများရဲ့ ကိုယ်ရံတော်၊သက်
တော်စောင့် အဖြစ်တာဝန်ထမ်းဆောင်နိုင်ရန်အရည်အချင်းပြည့် မှီစေဖို့  ဟိုင်နန်ပြည်နယ်မှ
ဆန်ယ ကျွန်းတွင် ခက်ခဲပင်ပန်းဆင်းရဲလှသည့် သင်တန်းများအား တက်ရောက်လေ့ ကျင့် သင်
ကြားနေကြတာဖြစ်ပါတယ်...
အားလုံးနီးပါး တက္ကသိုလ်ဘွဲ့ ရများဖြစ်ကြသည့် အမျိုးသမီးအယောက် ၂၀ တို့ ဟာ သင်တန်း
ကာလအတွင်းအတွေ့ အကြုံရ၊ ကျွမ်းကျင်ဝါရင့် သည့် ကိုယ်ရံတော်၊သက်တော်စောင့် သင်တန်း
ဆရာများ၏ ကန်ကျောက်၊ထိုးကြိတ်ခြင်း၊ ရေနှစ်ထားခြင်း၊ လေးလံလှသည့် သစ်တုံးကြီးများ
အားသယ်ပိုးကာ ပြေးလွှားရခြင်း စသည့် လေ့ ကျင့် ခန်းများအား စခန်းချစဉ်ကာလအတွင်းအ
ပြင်းအထန်လေ့ ကျင့် သင်ကြားကြရပါတယ်...


Best foot forward: Two bikini-clad trainees are kicked and hit with pads as they crawl on the beach during a bodyguard training session in Sanya, China
ဘောစိနဲ့ တွေ့ ယင် ပျော့ စိမနေဖို့ ဒီလိုကန်ကျောက်ပြီးလေ့ ကျင့် ပေးတာခံကြရပါတယ်...
သနားတတ်တဲ့ ဆရာကတော့ အပျော့စားကူရှင်ပြားကိုသုံးပေမယ့် တိတိကျကျမှန်မှန်
ကန်ကန်လုပ်တဲ့ ဆရာကတော့ မြင်တဲ့ အတိုင်း ကန်ကျောက်ဖိနှိပ်ပါတယ်...
Best foot forward: Two bikini-clad trainees are kicked and hit with pads as they crawl on the beach during a bodyguard training session in Sanya, China

Lucrative: The trainees grab on to each others' ankles during an exercise supervised by an expert from Tianjiao Special Guard Consultant Ltd
ကျွမ်းကျင်လက်မှတ်ရ အထူးသက်တော်စောင့် သင်တန်းနည်းပြများကိုယ်တိုင်
အနီးကပ်ကြီးကြပ်ပြီးသင်ပေးတာမို့ စွမ်းရည်မျိုးစုံတတ်ကျွမ်းကြမှာ
အသေအချာပါပဲ...
Lucrative: The trainees grab on to each others' ankles during an exercise supervised by an expert from Tianjiao Special Guard Consultant Ltd


ရက်သတ္တပါတ် လေးပါတ်ကြာမြင့် သည့် အဆိုပါသင်တန်းကို တရုတ်နိုင်ငံတွင် ပထမဦးဆုံးအ
ဖြစ် အမျိုးသမီးကိုယ်ရံတော်များ လေ့ ကျင့် သင်ကြားပေးသည့် တျန်ကျောင်း အထူးသက်တော်
စောင့် ကိုယ်ရံတော်ဆိုင်ရာအတိုင်ပင်ခံကုမ္ပဏီမှ ပြုလုပ်ခဲ့ တာဖြစ်ပါတယ်...
သင်တန်းသူများဟာ သတင်းထောက်လှမ်းရယူခြင်း၊ အကြမ်းဖက်သမားများအား ဟန့် တားချေ
မှုန်းခြင်း၊ ကိုယ်ခံပညာတတ်မြောက်ခြင်းဆိုင်ရာအပြင် စီးပွားရေးနယ်ပယ်ဆိုင်ရာ လူမှုဆက်ဆံ
ရေးအတတ်ပညာများ စသည်တို့ အတွက်စွမ်းရည်ထက်မြက်စေရန်လည်း ၁၀ လကြာသင်ကြား
ကြရပါတယ်...
ထိုအထဲမှ အတော်ဆုံးသင်တန်းသူများအား အစ္စရေးနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးသင်
တန်းကျောင်းသို့ စေလွှတ်ပြီး ဆက်လက်လေ့ လာသင်ယူစေပါသေးတယ်...

Put through their paces: A trainer dunks the head of one of the would-be bodyguards in the sea
သက်တော်စောင့် တစ်ယောက်ဟာ ရေထဲလည်းငုပ်နိုင်ရမည်မို့ အခုလို
ရေမွန်းအောင်လည်းလေ့ ကျင့် ကြရပါတယ်...

Put through their paces: A trainer dunks the head of one of the would-be bodyguards in the sea

No let up: The woman is then doused in sea water as she comes up for air
အသက်ရှူမ၀လို့ ရေပေါ်ကိုပေါ်လာယင်တောင် ထပ်ပြီးရေနဲ့ ပက်ခံရသေးတယ်...
No let up: The woman is then doused in sea water as she comes up for air

In demand: The trainees carry a heavy log on their shoulders as they walk through the sea
 လွယ်မယ်လို့ တော့ မထင်လိုက်လေနဲ့ ...ရေထဲမှာတောင် သစ်တုံးကြီးထမ်းပြီး
လျှောက်ကြရတယ်...
In demand: The trainees carry a heavy log on their shoulders as they walk through the sea
တစ်ကမ္ဘာလုံးတရုတ်နိုင်ငံထုတ်ပစ္စည်းများတင်ပို့ ရောင်းချနေရမှုကြောင့် ဖွံ့ ဖြိုးတိုးတက်လာနေ
သောစီးပွားရေးအရ လူချမ်းသာများလည်းတိုးပွားလာသောကြောင့် သက်တော်စောင့် ကိုယ်ရံ
တော်လုပ်ငန်းများလည်း အလျင်အမြန်များပြားလာခဲ့ ပါတယ်....
ချမ်းသာကြွယ်ဝသည့် စီးပွားရေးသမားများကသာ ငှားရမ်းခဲ့ ပါက လစာကောင်းကောင်းရနိုင်
သည့် အသက်မွေးဝမ်းကျောင်းဖြစ်သည်မို့ ကိုယ်ရံတော်သင်တန်းအောင်များအဖြင့် စိတ်ကူးယဉ်
မျှော်လင့် ချက်များမြင့် မားနိုင်ကြတာလည်းဖြစ်ပါတယ်.... 
အမျိုးသားကိုယ်ရံတော်များထက်အမျိုးသမီးကိုယ်ရံတော်များကို ပိုမိုခန့် အပ်လာကြရတာက
လည်း ၎င်းတို့ အနေဖြင့် အမျိုးသားများထက် သိသာထင်ရှားမှုလျော့ နည်းခြင်း၊ ၎င်းတို့ အား
ကိုယ်ရေးအတွင်းရေးမှူအဖြစ်၊ ကလေးထိန်းအဖြစ်များပါ စွယ်စုံ ခိုင်းနိုင်သည့် အတွက်ဖြစ်ပါ
တယ်...
အမျိုးသမီးသူဌေးများ၊ ထင်ပေါ်ကျော်ကြားသည့် အနုပညာရှင်များကလည်းအမျိုးသမီးကိုယ်
ရံတော်များကိုရွေးချယ်ခန့် ထားလာကြတာလည်း ပိုမိုများပြားလာနေပါတယ်...
 
Glamorous: The women, many of them college graduates, line up before the start of the training session. Demand for female bodyguards has risen sharply in China as they booming economy as made wealthy business people look to their own security
တက္ကသိုလ်ဘွဲ့ ရပြီးရုံလောက်နဲ့ တော့ ဘ၀အခြေမခိုင်သေးပါဘူး...
သူဌေးကိုယ်ရံတော်ဖြစ်ဖို့ သင်တန်းတက်ရဦးမယ်...
Glamorous: The women, many of them college graduates, line up before the start of the training session. Demand for female bodyguards has risen sharply in China as they booming economy as made wealthy business people look to their own security

Not quite Baywatch: Splashing through the surf, the trainees are driven hard by their instructors
ဘောစိသဘောရှိ စေဖို့ အမောလည်းလုံရပါ့ မယ်...
ဒါကြောင့် အပြေးလည်းလေ့ ကျင့် ရပါတယ်...
Not quite Baywatch: Splashing through the surf, the trainees are driven hard by their instructors

No pain, no gain: This trainee walks over her colleagues' stomachs as they wince in pain
ကျန်တဲ့ နေရာနင်းချင်နင်းသွားပါ...ဒါလေးတစ်ခုတော့ ချမ်းသာပေးပါ...
No pain, no gain: This trainee walks over her colleagues' stomachs as they wince in pain

အမျိုးသားသက်တော်စောင့် ပုံမှန် တစ်လ ဒေါ်လာ ၁၅၀၀ လောက်ရနေချိန်မှာ အလုပ်အမျိုး
မျိုး၊ နေရာမျိုးစုံတာဝန်ထမ်းဆောင်နိုင်တဲ့ အမျိုးသမီးသက်တော်စောင့် များကတော့ သူတို့ 
ထက်ပိုပြီး တစ်နေ့ ဒေါ်လာ ၁၀၀ အထိ ၀င်ငွေရရှိနေနိုင်ပါတယ်...
 
Instruction: A trainer uses a megaphone to get his point across as the women prepare to complete another exercise
သင်တန်းတွေကတော့ တစ်မျိုးပြီးတစ်မျိုးမရိုးနိုင်လောက်အောင်ပါပဲ...
Instruction: A trainer uses a megaphone to get his point across as the women prepare to complete another exercise

Splash down: The women shout as they carry a log on their shoulders. Because they can adopt roles including as a secretary, female bodyguards are in high demand in China
ပွဲမ၀င်ခင်၊ အပြင်ကပင်ကြိုတင်လေ့ ကျင့် ကြဆိုသလို ကြီးမားလေးလံတဲ့ တာဝန်တွေ
ပခုံးထမ်းကြရမှာမို့ ဒီလိုလေ့ ကျင့် ကြရတာဖြစ်ပါတယ်...
Splash down: The women shout as they carry a log on their shoulders. Because they can adopt roles including as a secretary, female bodyguards are in high demand in China

Extreme methods: An instructor smashes a bottle over a female recruit's head during a training session for China's first female bodyguards in Beijing
ဘောစိအတွက်အသက်ပါပေးရမှာမို့ ခေါင်းကိုပုလင်းနဲ့ ရိုက်ခွဲတာလောက်တော့ 
အပျော့ ပေါ့ ... ( သူအရက်မူးပြီး ပုလင်းနဲ့ ရိုက်လည်းခံနိုင်ရည်ရှိသွားတာပေါ့ )
Extreme methods: An instructor smashes a bottle over a female recruit's head during a training session for China's first female bodyguards in Beijing

တရုတ်ပြည်မှာလည်းဒီလိုရှိတယ်အစ်ကို.... (၁)



ဒီတစ်ခါတော့ ဆွေမျိုးပေါက်ဖော်...အချစ်တော်ကြီးတို့ တိုင်းပြည်က အရယ်အမောနဲ့ ပြန်
ပြောပြချင်တဲ့ ဓါတ်ပုံလေးများပါပဲ...



အောင်မယ်လေး...သေပါပြီရှင်...
လုပ်ရက်ပါပေ့ ဘတ်စ်ကားဒရိုင်ဘာရယ်...

မြန်မြန်ဘေးဖယ်...အရေးပေါ်လူနာတင်ကားလာနေတယ်...
ဆေးသွင်းနေတဲ့ ပုလင်းကို တုတ်နဲ့ အပြင်ထုတ်ထောင်ထားတော့ တစ်ခြားကားတွေ
သိရတာပေါ့ ...

အင်္ဂလန် ချမ်းသာသမျှ....

ငွေကြေးအကြပ်အတည်း၊ စီးပွားရေးကပ်ဆိုက်နေသည့် ဗြိတိန်နိုင်ငံသားများအနေဖြင့် ယခုမြင်
တွေ့ လိုက်ရသည့် အံ့ သြချီးမွမ်းဖွယ် နိုင်ငံတော်ရတနာရွှေချောင်းများကြောင့် နိုင်ငံ့ အရေးကို
တော့ ဖြင့် စိတ်အေးသက်သာသွားကြရပါပြီ...
စီးပွားရေးပျက်ကပ်ဆိုက်နေသည့် တိုင် အင်္ဂလန်ဗဟိုဘဏ်ပိုင်၊ လန်ဒန်မြို့ မြေအောက်ခန်းရှိ 
ရွှေချောင်းများကိုကြည့် ခြင်းအားဖြင့် နိုင်ငံအနေဖြင့် ငွေကြေးဥစ္စာချမ်းသာကြွယ်ဝနေသေးတယ်
ဆိုတာ ပြသနေပုံရပါတယ်...
မြို့ တော်လန်ဒန်၏ လမ်းများအောက်၊ မြေတိုက်ထဲမှ ယခင်စားသောက်ခမ်းမဟောင်းနေရာတွင်
စုဆောင်းသိုမှီးသိမ်းဆည်းထားသည့် နိုင်ငံတော်ဘဏ္ဍာ၊ ရွှေချောင်းများ၏ စုစုပေါင်းတန်ဖိုးမှာ
ပေါင်စတာလင် ၁၅၆ ဘီလီယံ ( ၂၄၇ ဘီလီယံနီးပါ ) ရှိတာဖြစ်ပါတယ်...


Treasure trove: The Bank of England's vault under central London contains 4,600 tons of the precious metal, worth an incredible £156billion
ဒါကမှ တန်ချိန် ၄၆၀၀ ရှိတဲ့ ရွှေချောင်း ရတနာသိုက်ကြီးပါပဲ...
တန်ဖိုးကတော့ ပေါင်စတာလင် ၁၅၆ ဘီလီယံ ( ဒေါ်လာ ၂၄၆.၈ ဘီလီယံ ) ပါ....
Treasure trove: The Bank of England's vault under central London contains 4,600 tons of the precious metal, worth an incredible £156billion

Rich pickings: The rows of simple shelves are stacked high with 28lb 24-carat gold bars
တစ်ချောင်းလျှင် ၂၈ ပေါင်အလေးချိန်ရှိ ၂၄ ကာရက်ရွှေချောင်းများ...
Rich pickings: The rows of simple shelves are stacked high with 28lb 24-carat gold bars


ဒါတောင် ကျေးဇူးရှင်ယခင်ဝန်ကြီးချူပ် ဂေါ်ဒွန်ဘရောင်းလက်ထက်က ရွှေချောင်းတန် ၄၀၀ ကို သူခိုးဈေး ( အနိမ့် ဆုံးဈေး )

လူသေမိန်းကလေးကိုလက်ထပ်ခဲ့သောအမျိုးသား

လူသေမိန်းကလေးကိုလက်ထပ်ခဲ့သောအမျိုးသား




ထိုင်းနိုင်ငံမှ အမျိုးသားတစ်ယောက်ဟာ အချစ်အတွက် သူပေးထားတဲ့ကတိကို တည်ဖို့အ တွက် သေ ဆုံးနေပြီဖြစ်တဲ့ အမျိုးသမီးနဲ့လက်ထပ်ခဲ့ပါတယ် ။ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ Sarinya Kamsook နဲ့ သူမရဲ့ ချစ်သူ ကောင်လေးအသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ Chadil Deffy ဆို့ဟာ ယခုနှစ်ထဲမှာ လက်ထပ်ကြဖို့ အစီအစဉ် ရှိထားပြီးသားဖြစ်ပါတယ် ။ မမျှော်လင့်ပဲ ရုတ်တရက် Sarinya Kamsook