နှလုံးသားချင်း နားမလည်ခဲ့ကြဘူးထင်ရဲ့
တွဲထားတဲ့ လက်နှစ်ဖက်က
အေးစက်နေလိုက်တာ။။
ထွေးဖက်ထားရင်းနဲ့ မနီးစပ်ခဲ့ကြတာ
သွားနေတဲ့ စက္ကန့်တစ်လှမ်းတိုင်းက
ကမ္ဘာကြီးကို ထမ်းထားရသလို
လေးတယ်။။
ဘယ်လိုစကားပါလိမ့် ခံစားချက်မပါတော့
ဟောင်ဖွာ...ဟောင်ဖွာကို ဖြစ်လို့
တကယ်ဆိုရင်တော့
ငါတို့ဝေးဖို့ မလိုသေးဘူး။။
နှလုံးသားချင်း နီးစပ်ဖို့လိုတယ်
မျက်နှာချင်းဆိုင်လျောက်ရင်း ခရီးမတွင်တာ
ဗေဒင်အလိုကျတော့ မဟုတ်ဘူးပဲ။။
မျဉ်းပြိုင်မို့ မတည်မြဲကြေးဆို
ရထားလမ်းတွေ ဖျက်သိမ်းကြစို့
တွေဝေတာနဲ့ မပြတ်သားတာ
စကားလုံးပဲ ကွာတယ်။။
လာကွယ်..အရှေ့ကိုတည့်တည့်လျောက်စို့
မရောက်လို့ကတော့
ကိုယ့်ကိုကိုယ် ရုံးတင်
ကိုယ့်တရား ကိုယ်စီရင်ကြရုံပေါ့။။
သေချာတယ်...
စီပွားရေးသမားအတွက်
အချစ်က ဈေးကွက်မဝင်ဘူး။။။
from အလင်းသစ်






0 comments:
Post a Comment