Home » , » ကမ္ဘာ့အကျော်အမော် တရုတ် အားကစားသမားများ

ကမ္ဘာ့အကျော်အမော် တရုတ် အားကစားသမားများ

Written By Unknown on Wednesday, 29 February 2012 | 17:35

တရုတ်က စီးပွားရေးမှာတင် စူပါပါဝါဖြစ်လာရုံ မဟုတ်ဘဲ၊ အားကစားမှာလည်း ကမ္ဘာ့အင်အားကြီးဖြစ်အောင် တည်ဆောက် နေသည်။ ပြီးခဲ့တဲ့ ပေကျင်းအိုလံပစ်မှာ တရုတ်အားကစားသမားတွေက အခြားနိုင်ငံတွေထက် ရွှေတံဆိပ်ပိုမို ရရှိခဲ့ကြသည်။လာမယ့် ဇူလိုင်လ လန်ဒန်မှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲမှာလည်း တရုတ်က ရွှေတံဆိပ် အများဆုံးရဖို့ အသားကုန် ပြန်ဆင်နေကြသည်။


အထူးသဖြင့် လန်ဒန် အိုလံပစ် အမျိုးသမီးပြိုင်ပွဲအရပ်အရပ်မှာ ရွှေတံဆိပ်အားလုံးကို တရုတ်အမျိုးသမီးတွေက အားလုံး သိမ်းကျုံးရယူဖို့ ပြင်ဆင်နေခြင်း ဖြစ်သည်။
တရုတ်အစိုးရ အားကစား အကယ်ဒမီကျောင်းကလည်း တစ်နေ့ကို ရှစ်နာရီနှုန်းနဲ့ တစ်ပတ်ကို ခြောက်ရက် မောင်းသည်။ ၄င်း အားကစားသိပ္ပံကျောင်းက နာမည်ကြီး တရုတ်အားကစားသမားအများအပြား မွေးထုတ်ပေးခဲ့သည်။ ယခုလည်း တရုတ် ပြည်နယ်အသီးသီးက ကျေးလက်တောရွာတွေဆင်းပြီး ဇရှိတဲ့ အားကစားသမားတွေကို လိုက်လံရှာဖွေ လစာ ထိုက်ထိုက်တန်တန်ပေး လေ့ကျင့်ပေးနေသည်။
အောက်တွင် ကမ္ဘာကျော်ခဲ့သော တရုတ် အားကစားသမားအချို့ကို ဖော်ပြလိုက်ပါသည်။



Guo Jingjing က ရေကူးကန်ပျဉ်ချပ်ပေါ်ကနေ လေထဲခုန် ဂျွန်းဘားကစားရင်း ဒိုင်ဗင်ထိုးရာမှာ ပရိသတ်ကို ရင်သတ်ရှုမောစေသူ ဖြစ်သည်။ အိုလံပစ် ရွှေတံဆိပ်လေးခုနဲ့အတူ နိုင်ငံတကာဆုများစွာ ဆွတ်ခူးထားသည်။

Ma Long က စားပွဲတင် တင်းနစ်မှာ ကမ္ဘာ့နံပါတ်တစ် နေရာ ရယူထားသည်။ စားပွဲတင်တင်းနစ် ကမ္ဘာ့ထိပ်တန်း ၁၀ ဦးမှာ Ma Long နှင့် အခြား တရုတ်ကစားသမား ၅ ဦးက ထိပ်ဆုံးမှာ နေရယူထားသည်။



Li Na က ၂၀၁၁ ပြင်သစ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲမှာ Grand Slam ချန်ပီယံဆု ရယူထားသူဖြစ်သည်။ အဲဒီဆုကို အာရှတိုက်မှ ပထမဆုံး ရယူနိုင်သည့် တင်းနစ်သမား ဖြစ်လာသည်။ လက်ရှိ အမျိုးသမီး တင်းနစ် လက်စွမ်းပြမှု အဆင့်အရ ကမ္ဘာ့အဆင့် (၉) တွင် ရှိသည်။




Liu Xiang ပေကျင်း အိုလံပစ်ပြိုင်ပွဲမှာ အကျော်ကြားဆုံး တရုတ် အားကစားသမားဖြစ်ခဲ့သလို၊ မီတာ ၁၁၀ တန်းကျော် ပြိုင်ပွဲ ရွှေတံဆိပ်ရခဲ့သည်။ နောက်ထပ် တန်းကျော်ခုန် နိုင်ငံတကာဆုအများအပြားရရှိထားသည်။ ၂၀၁၁ ခုနှစ် တောင်ကိုရီးယားမှ နိုင်င်ငံတကာပြိုင်ပွဲမှာ ဆုရပြီးနောက် ခြေထောက်ဒဏ်ရာကြောင့် အားကစားလောကနေ စောစီးစွာ စွန့်ခွာသွားခဲ့ရသည်။ သူ အားကစားလောကကို ကျောခိုင်းသွားလို့ တရုတ်လူထုက အင်တာနက်ပေါ်မှာ အတော်ကြာအောင် ငိုကြွေးခဲ့ကြသည်။




အရပ် ၇ ပေ ၆ လက်မ ရှိတဲ့ Yao Ming က NBA ဘတ်စကက်ဘောပြိုင်ပွဲကြီးမှာ တရုတ်အသင်းနှင့် ရှန်ဟိုင်းအသင်း ကိုယ်စားပြုပြီး ငါးနှစ် ဆက်တိုက် ပါဝင်ကစားပြီး ဆုတံဆိပ်များစွာ ရရှိထားသည်။ ကမ္ဘာကျော် ဘတ်စကက်ဘောသမား အဖြစ် ထင်ရှားပြီး၊ အသက် ၃၀ မတိုင်မီ ဒဏ်ရာများကြောင့် ၂၀၁၁ တွင် အနားယူခဲ့ရသည်။


Lin Dan ကို ကြက်တောင် လောကမှာ ‘ဆူပါ ဒင်’ လို့ ချစ်စနိုး ခေါ်ကြသည်။ ကမ္ဘာ့ကြက်တောင်ပြိုင်ပွဲ ၉ ခုစလုံးက ဆုတွေကို သိမ်းယူထားသူဖြစ်သည်။



စကိတ်စီး သရုပ်ပြသူ Xue Shen နှင့် Hongbo Zhao တို့ စုံတွဲက အိုလံပစ် ဆုတံဆိပ်အပါအ၀င်၊ နိုင်ငံတကာ ရွှေတံဆိပ် အများအပြား ရထားသူနှစ်ဦး ဖြစ်သည်။

ဝင့်ထန်း
http://maukkha.org/


FWD Mail

Posted: 28 Feb 2012 02:12 PM PST


အခုပြောပြမယ့်သူတွေက မွေးဖွားလာစဉ်တုန်းကတော့ အမျိုးသမီး တယောက်လို မွေးဖွါးလာခဲ့ ကြပေမယ့်လို့ သူတို့စိတ်က ကိုယ့်ကိုယ်ကို အမျိုးသားတယောက်လိုပဲ ခံယူသတ်မှတ်ထားကြသူတွေဖြစ်တဲ့ အတိုင်း ဘ၀ကို အမျိုးသားတယောက်လို ပြောင်းလဲနေထိုင်ပြီး အသက်ရှင်နေထိုင် သွားခဲ့ကြသူတွေပါ။ ဒါပေမယ့် ဒီလူတွေကို ပေါ့သေးသေးတော့ မထင်လိုက်ပါနဲ့၊ ရွေးထားတဲ့ ဆယ်ယောက်စလုံးက သူတို့ ကျွမ်းကျင်တဲ့ လုပ်ငန်းနယ်ပယ်မှာ အောင်မြင်မှုရနေတဲ့သူတွေဖြစ်သလို လှပခန့်ညားတဲ့ အမျိုးသားစစ်စစ်တွေ လုံးလုံးကို ဖြစ်နေတဲ့သူတွေဖြစ်ပါတယ်။

(၁) Balian Buschbaum

ထမဦးဆုံးတယောက်ကို မိတ်ဆက်ပေးပါရစေ။ သူ့နာမည်က ဘာလီယံ ဘွခ်ျဘွေမ် လို့ ခေါ်ပါတယ်။ ၁၉၈၀ ခုနှစ်မှာ မွေးခဲ့တဲ့သူဖြစ်ပြီး ဂျာမဏီနိုင်ငံမှာ ဒုတိယ အကောင်းဆုံး တုတ်ထောက် အမြင့်ခုံ အားကစားသမားတယောက် ဖြစ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ သူ့ကျန်းမာရေး အခြေအနေကြောင့် အားကစားလောက ကနေ အနားယူခဲ့သူပါ။ သူဟာ ငယ်ငယ်ကတည်းကနေ လိင်ပြောင်းလဲခွဲစိတ်ချင်နေခဲ့သူ တယောက်ပါ။ အဲဒါကြောင့် ၂၀၀၈ ခုနှစ်မှာတော့ တရားဝင် အမျိုးသားတယောက်အနေနဲ့ လိင်ပြောင်းလဲ ခွဲစိတ်ခဲ့ယုံသာမကဘဲ နာမည်ကိုပါ တရားဝင်ပြောင်းလဲနိုင်ခဲ့တဲ့ သူတယောက်ဖြစ်ပါတယ်။

(၂) Buck Angel
အပြာရုပ်ရှင်ဇတ်ကားလို့ပဲပြောရမလား လူကြီးကားလို့ပဲပြောရမလား မသိဘူးနော်။ အဲလိုအဲလို ဟိုဟာမျိုးဇာတ်ကားတွေကို ရိုက်ကူးဖန်တီးသူတယောက်အနေနဲ့ နာမည်ကျော်တဲ့ ဘတ်အိန်ဂျယ်ကို လိင်တူချစ်သူအသိုင်းအ၀ိုင်းက မသိတဲ့သူ မရှိသလောက်ပဲလို့ ဆိုပါတယ်။ ဘတ်တယောက်ကိုလည်း ပေါ့သေးသေးတော့ မထင်လိုက်ပါနဲ့ဦး။ ၂၀၀၇ ခုနှစ်မှာ အဲဒီလိုမျိုးဇာတ်ကားတွေနဲ့ ပတ်သက်တဲ့ ဗွီဒီယိုသတင်း ဖန်တီးသူဆုကိုတောင် လက်ခံရရှိခဲ့တဲ့သူပါ။ ဆုရတဲ့ခေါင်းစဉ်နာမည်က “ဆန့်ကျင်ဖက်လိင်လိုပြောင်းလဲ ၀တ်စားနေထိုင်သူများထဲက အကောင်းဆုံး ဖျော်ဖြေတင်ပြနိုင်သူ” လို့ ခေါ်ပါတယ်။ အခုလောလောဆယ်မှာတော့ လိုက်လံစေ့စပ်ဆော်သြသူ၊ ပညာပေးသူ၊ ကျောင်းဆရာ၊ စာရေးဆရာ စသဖြင့် အလုပ်မျိုးစုံမှာ အောင်မြင်နေတဲ့သူတယောက်ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်ပိုင် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတခုကိုလည်း တည်ထောင်ထားနိုင်ခဲ့တဲ့သူပါ။

(၃) Loren Cameron

လောရင်းရက်ဇ် ကယ်မရွန် ကတော့ လိင်ပြောင်းလဲခွဲစိတ်ထားပြီးတဲ့ အမေရိကန် ဓါတ်ပုံဆရာ၊ စာရေးဆရာနဲ့ လူ့အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူတယောက်ပါ။ အဓိကအားဖြင့် ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်စားနေထိုင်တဲ့ သူတွေရဲ့ ရုပ်ပုံတွေကို ပုံဖော်ရိုက်ကူးတဲ့အလုပ်ကို အများဆုံးလုပ်ဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ပြောင်းလဲလာတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ မှတ်တမ်းတင် ဗွီဒီယိုတခုကိုလည်း သူကိုယ်တိုင် ရိုက်ကူးနိုင်ခဲ့တဲ့ သူပါ။ သူရဲ့ဓါတ်ပုံတွေဟာ ဆန့်ကျင်ဖက်လိင်လိုပြောင်းလဲနေထိုင်တဲ့သူတွေကို မြင်တဲ့ သာမန်လူတွေရဲ့ အမြင်ကို ပိုရှင်းလင်းကြည်လင်အောင် လုပ်ဆောင်နိုင်တဲ့ ပုံရိပ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

(၄) Ian Harvie
အီယန် ဟာဗွီးကတော့ အမေရိကန်နိုင်ငံသား ဟာသလူရွင်တော်တယောက် ဖြစ်ပါတယ်။ သူရဲ့ ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲနေထိုင်တဲ့ ဘ၀အကြောင်းအရာတွေကို သူတင်ဆက်တဲ့ ဟာသတွေမှာ အမြဲအသုံးပြုလေ့ရှိတဲ့ သူတယောက်လည်းဖြစ်ပါတယ်။ နာမည်ကျော် ဟာသမယ် မာဂရက်ချို အပါအ၀င် အခြားနာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်တွေ အတော်များများနဲ့လည်း လက်တွဲပြီး ဖျော်ဖြေတင်ဆက်မှုတွေ ပြုလုပ်နိုင်ခဲ့တဲ့ သူတယောက်အနေနဲ့လည်း လိင်တူချင်းချစ်သူတွေအကြားမှာ နာမည်ကြီးတာဖြစ်ပါတယ်။

(၅) Lucas Silveira
လူကပ်စ် ဆီလ်ဗေးရာကို ကနေဒါနိုင်ငံမှာ ၁၉၇၉ ခုနှစ်ကမွေးဖွားခဲ့တာပါ။ သမိုင်းမှာတော့ ရော့ဒ်ဂီတလောကထဲကို ဆန့်ကျင်ဖက်လိင်လို ပွင့်ပွင့်လင်းလင်းပြောင်းလဲနေထိုင်ပြီး ၀င်ရောက်ခဲ့တဲ့ ပထမဦးဆုံးသောသူလို့ ပြောလို့ရနိုင်ပါတယ်။ ပြီးတော့ နာမည်ကျော် တေးထုတ်လုပ်ရေးကုမ္ပဏီတွေနဲ့ ချက်ချင်းဆိုသလို စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့သူပါ။ တေးသီချင်းနဲ့ပတ်သက်လို့ အဆို၊ အရေး၊ အတီး အကုန်ကျွမ်းကျင်တဲ့ သူတယောက်ဖြစ်ပါတယ်။ အဓိက တီခတ်တဲ့တူရိယာက ဂစ်တာ ဖြစ်တယ်လို့ သိရပါတယ်။

(၆) Katastrophe
ရိုကို ကာရီယာတိုးစ် လို့ခေါ်တဲ့သူကို အများစုက ကာတာစထရိုဖီ လို့ပဲ လူသိများကြပါတယ်။ သူကတော့ အမေရိကန်နိုင်ငံရဲ့ ပထမဦးဆုံးသော ဆန့်ကျင်ဖက်လိင်လိုပြောင်းလဲ ၀တ်စားနေထိုင်တဲ့ ရပ့်အဆိုတော် တယောက်အဖြစ်နဲ့ လူသိများကြတာဖြစ်ပါတယ်။ ကာတာစထရိုဖီလည်း တေးရေးဆရာနဲ့ တေးထုတ်လုပ်သူ တယောက်ဖြစ်ပါတယ်။

(၇) Thomas Beatie
သောမတ်စ်ဘီတီကိုတော့ ယောက်ျားပုံစံနဲ့ ကိုယ်ဝန်ဆောင် ကလေးမွေးခဲ့တဲ့သူတယောက်အနေနဲ့ တစ်ကမ္ဘာလုံးက သတိထားမိခဲ့တဲ့သူတယောက်ပါ။ ဘီတီတယောက် မွေးလာတုန်းကတော့ မိန်းကလေးဖြစ်ခဲ့ပေမယ့် အသက်နှစ်ဆယ်ကျော်အထိ ယောက်ျားလေးတယောက်လိုပဲ နေထိုင်လာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ယောက်ျားဟိုမုန်းတွေစားပြီး လိင်ပြောင်းလဲဖို့ ပြင်ဆင်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့ဇနီးကလေးမရနိုင်ဘူးဆိုတာကို သိသွားတဲ့ နောက်ပိုင်းမှာတော့ ယောက်ျားဟိုမုန်းဆေးစားတာတွေကိုပြန်ရပ်ပြီး အလှူရှင်တွေရဲ့ သုတ်ပိုးနဲ့ ကလေးရအောင် ကိုယ်ဝန်ပြန်ဆောင်ပေးခဲ့တဲ့သူပါ။ ကလေးသုံးယောက် ရပြီးတဲ့နောက်မှာတော့ ယောက်ျားဟိုမုန်းဆေးတွေကို ပြန်စားနေပြီလို့ ဆိုပါတယ်။
(၈) Ryan Sallans
ရိုင်ယန် ဆားလန်စ်ကတော့ လောလောဆယ်မှာ လိင်တူချင်းချစ်သူတွေရဲ့ အခွင့်အရေးတွေနဲ့ပတ်သက်လို့ တက်ကြွလှုပ်ရှားသူတယောက်အနေနဲ့ အမေရိကန်တ၀ှမ်းမှာ လိုက်လံဆော်သြော်နေတဲ့ သူတယောက်ဖြစ်ပါတယ်။ အထူးသဖြင့် ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲနေထိုင်ဝတ်စားသူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်ရရှိရေးအတွက် စွမ်းစွမ်းတမံ ကျိုးပမ်းနေသူတယောက်လည်း ဖြစ်ပါတယ်။ အမျိုးသမီးဘ၀ကနေပြီး အမျိုးသားဘ၀ရအောင် နှစ်ပေါင်းအတော်ကြာအောင် ပြင်ဆင်ကုသခဲ့ရပြီး ၂၀၀၅ ခုနှစ်မှာမှ ယောက်ျားစစ်စစ်ဘ၀ကို ရရှိခဲ့တဲ့သူပါ။ လယ်ရီကိန်းရဲ့ တွေ့ဆုံမေးမြန်းခန်းအစီအစဉ်၊ လိုဂို ချယ်နယ်ရဲ့ ရုပ်သံအစီအစဉ်နဲ့ အခြားမဂ္ဂဇင်းတွေ အတော်များများမှာ ဖော်ပြခံခဲ့ရတဲ့ သူတယောက်လည်းဖြစ်ပါတယ်။

(၉) Andreas Krieger
အန်ဒရီစ် ကရိဂါ ကတော့ အရှေ့ဂျာမဏီနိုင်ငံရဲ့ နာမည်ကျော်သံလုံးပစ် အားကစားသမား တယောက်ဖြစ်ခဲ့ဖူးသူပါ။ သူမ မသိလိုက်ပဲ anabolic steroids လို့ခေါ်တဲ့ ဟိုမုန်းဆေးတွေအကြွေးခံရတဲ့ နောက်ပိုင်း ယောက်ျားနဲ့ပိုတူလာခဲ့တဲ့ သူတယောက်လည်းဖြစ်ပါတယ်။ လိင်ပြောင်းလဲခွဲစိတ်တာကိုတော့ ၁၉၉၇ ခုနှစ်မှာ အပြီးသတ်ခွဲစိတ်နိုင်ခဲ့သူပါ။ သူ့ကိုသာဆေးမတိုက်ခဲ့ဘူးဆိုရင် သူ့ရဲ့လိင်စိတ်အစစ်အမှန်ကို ကောင်းကောင်းရှာဖွေတွေ့ရှိနိုင်ခဲ့မှာပါလို့ အများပြည်သူကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသူပါ။ အားကစားလောကကနေပြီးတော့ ၁၉၉၀ ခုနှစ်မှာ အနားယူခဲ့ပြီးဖြစ်ပါတယ်။

(၁၀) Chaz Bono
ချက်စ် ဘာနားကတော့ ကမ္ဘာကျော်အဆိုတော် ရုပ်ရှင်မင်းသမီး ချာ ရဲ့ သမီးဖြစ်ပါတယ်။ အသက် ၂၅ နှစ်မှာ သူမကိုသူမ လိင်တူချင်းချစ်သူပါလို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့သူပါ။ အဲဒီနောက်မှာတော့ လိင်ပြောင်းလဲခွဲစိတ်ဖို့အတွက် နှစ်နှစ်တိတိ အချိန်ယူခဲ့ပြီး အခုခါမှာတော့ ပျော်ရွင်တဲ့ ယောက်ျားစစ်စစ်ဘ၀ကို လက်ဝယ်ပိုင်ဆိုင်ထားပြီးသူ ဖြစ်နေပါပြီ။ လောလောဆယ်မှာ ကြယ်ပွင့်များနဲ့ ကခုန်ခြင်းလို့ခေါ်တဲ့ (နာမည်ကျော်များနှင့် အတူယှဉ်တွဲအကပြိုင်ရခြင်း) အစီအစဉ်တခုမှာ ၀င်ယောက်ယှဉ်ပြိုင်နေတယ်လို့ သိရပါတယ်။

နေားနွဲ့နှောင်း

(မကူးမနေနိုင်လွန်းလို့ ထပ်ကူးလိုက်ပါပြီ) :P
Share this article :

0 comments:

Post a Comment