Home » , » နောက်ဆုံး ဆုတောင်း

နောက်ဆုံး ဆုတောင်း

Written By Unknown on Saturday, 11 February 2012 | 22:08


နှလုံးသားတစ်ခုကို
လက်ဝါးကပ်တိုင်မှာကပ်
သပ်ရိုက်ပြီး
မသေမချင်း သတ်စေလို့
အမိန့်ချမှတ်ထားရင်တောင်
ချစ်သူ ငါ့လိုသောက
နင့်မှာ ကင်းလို့
ထာဝရ ပျော်ရွှင်နိုင်ပါစေ
ချစ်သူ  ငါ့လိုလောဘ
နင့်မှာ ကင်းလို့
ထာဝရ လိုဘပြည့်ပါစေ....
ချစ်သူ ငါ့လိုဒေါသ
နင့်မှာ ကင်းလို့
ထာဝရ ကြည်နူးသာယာပါစေ....
ချစ်သူ ငါ့လိုမောဟ
နင့်မှာ ကင်းလို့
ချစ်သောသူနှင့် ထာဝရ လက်တွဲနိုင်ပါစေ....
လို့  ငါဆုတောင်းပေးလိုက်ပါတယ်....။
သြော်........ချစ်သူ
ဒါတွေဟာ
သေမိန့် ကျနေတဲ့ နှလုံးသားတစ်ခုရဲ့ 
ငြှိုးမာန်ဖွဲ့ကင်း  ဖြူစင်ခြင်းအတိနဲ့
နောက်ဆုတောင်းတွေပါပဲ........။
Share this article :

0 comments:

Post a Comment