Home » , » Feminist Forum နဲ့ ကျွန်မတို့ အတွေး

Feminist Forum နဲ့ ကျွန်မတို့ အတွေး

Written By Unknown on Tuesday, 10 January 2012 | 18:50

Feminist Forum နဲ့ ကျွန်မတို့ အတွေး



 ချင်းမိုင်မှာ လုပ်မယ့် Feminist Forum အတွက် အက်ဆေးရေးဖို့ကို သူငယ်ချင်းက ....

Htaike

အနှမ်း

မေးးချင်လို့

မြန်မာပြည်ရဲ့ အမျိုးသမီးတွေက

ဘယ်နေရာမှာ အမျိုးသမီးအခွင့်အရေး နိမ့်ကျတယ် ထင်လည်းဟင်

me

မထင်ပါဘူး ။

နင်ရော.. ဘယ်နေရာမှာ နိမ့်တယ် ထင်လဲ

ပြော

Htaike

တခြားနေရာက အမျိုးသမီးတွေထက်တော့

အခွင့်အရေးနှိမ့်မကျဘူးလို့ နင်လည်း ထင်တယ်မဟုတ်လား

ဥပမာ အာဖရိကမှာ အမျိုးသမီးလေးတွေ FGM တွေလုပ်ရတယ်

me

အာဖရိက က ဟုတ်တယ်လေ

Htaike

အိရှာလို ယောက်ျားကိုမပေါင်းချင်လို့ ထွက်ပြေးတာ နှာခေါင်းဖြတ်ခံရတယ်

အဲ့နေရာထက်စာရင်တော့သာမယ်ထင်တာပဲ

မနေ့ညကတောင် ဖိုးသူတော်နဲ့ဒီအကြောင်းတွေဆွေးနွေးဖြစ်သေးတယ်

me

ဟိ အင်း ဟုတ်တယ်

Htaike

female genital mutation ဆိုလား

me

ငါ တို့ မြန်မာအမျိုးသမီးတွေက အနှိမ်ခံရသလိုလိုနဲ့ တကယ်က သူတို့ချည်းနိုင်တာ

Htaike

အေး

me

အပြင်မှာ နဲ့ အတွင်းမှာ ကွာပြထားတာ

အပြင်မှာ မောင်ရေ.. ဟုတ်ကဲ့နဲ့

Htaike

ယောက်ျားယူပြီးနာမည်တောင် ငါတို့မပြောင်းရဘူး

me

နောက်က ကြိုးကိုင်နေတာ တစ်မိသားစုလုံးကို

ဆယ်တဲ့ ကန်သင်းဆိုပြီး ရှာသမျှ ငွေလည်း ကိုင်ထားသေးတာ..

မိန်းကလေး.. မင်းပိုင်သကွာ.. ဟိဟိ။

Htaike

လင်ကိုဘုရားသားကိုသခင်ဆိုတာကတော့ တို့တွေအတွက် ဒိတ်အောက်တဲ့စကားပုံ

me

ကျောင်းဆိုလည်း တက်ခွင့်တော့ ရတာပဲ

ဘယ်ကလာ ဒိတ်အောက်ရမှာလဲ

အဲဒါ ကာကွယ်ပေးထားတာ

အပြင်မှာ လေးစားသလိုလေး ခေါင်းငုံခံပြပြီး အတွင်းမှာ အဲဒီ အဖိုးအခပြန်ယူတာ လူရှေ့သူရှေ့မှာ 

မီးကို နိုင်တယ်နော် ဆိုပြီး။ နောက်ဆုံးတော့ ယောင်္ကျားတွေခမျာ ကိုယ့်အတက်နဲ့ ကိုယ်စူးပြီး လူရှေ့ 

ဂုဏ်ယူရြ့ပီးရော နောက်ကွယ်မှာ မင်းသဘောကြီးပဲ။ ငါ့ဦးလေးနဲ့ အဒေါ်ဆို အဲ့အတိုင်းပဲ။

Htaike

ဒါကြောင့်မြန်မာပြည်မှာ women rights ကိစ္စတွေသိပ်မအော်ကြတာ

me

ဟုတ်တယ်

အပေါ်ယံဆို သိပ်ကြောက်ပြ.. အတွင်းကနေ ကျိတ်ဆော်..။

ဟိ.. အို.. သနားလိုက်တာ..

နောက်များဆို… အမျိုးသား အခွင့်အရေး အတွက်များ..လုပ်ရင် ကောင်းလေမလား အဟက်.. ဟက်..။

Htaike

ငါလည်းအဲ့လိုပဲထင်ပါတယ်.မြန်မာပြည်က သာတယ်လို့

အိရှာလေးသနားပါတယ်

အို.ချစ်သောအိရှာ..နဘလ ကဗျာလေးအတိုင်းပေါ့

me

ဟဟ

Htaike

ဘာသာရေးအရကန့်သတ်ချက်တွေကိုကော

ဘယ်လိုမြင်လည်းဟင်

အမျိုးသမီးမဝင်ရတွေ အမျိုးသမီးမတတ်ရတွေကို.

me

အမှန်တော့ ဒါကလည်း ကိုယ့်ဘာသာကို အမွှမ်းတင်ချင်လို့ လုပ်တဲ့ အချက်တွေပါ

နောက်ပြောရရင်

Htaike

အင်း..ဟင်

me

အမျိုးသမီးတွေရဲ့ အကြံတောင် ဖြစ်နိုင်သေးတယ်... :D

Htaike

ခွီးး

me

နောက်တစ်ခုက နင်စဉ်းစားကြည့်လေ အပေါ်ကို လူတိုင်းတက်နေရင် မကြာခင် ပျက်စီးသွားမှာပေါ့

ဘုရားတရားကြည်ညိုတာက အမျိုးသမီး အများစုလေ ဒါလည်း ထည့်စဉ်းစားစရာပဲ သူတို့တွေ ကတီး 

ကတီးတက်နေရင် အပျက်စီး မြန်မှာ

Htaike

အပေါ်တတ်ရတာ ပင်ပန်းလို့လည်းဖြစ်မှာ

me

အဲဒီတော့ ဘုရားတည်တဲ့ အလှူ့ ဒကာမက အကြံထုတ်ရတော့တာပေါ့

Htaike

တမင် တက်လို့မရဘူးဆိုပြီး အကြောင်းပြတာ..ခွစ်

me

အေးလေ

Htaike

ငါသာ ဆိုအဲ့လိုလုပ်မှာ

အမျိုးသမီးမတတ်ကောင်းဘူး

me

ဘယ် ငပျင်းမ အကြံပေးလိုက်တာလဲ မသိဘူး

ကြာတော့သည်လည်း မောင့် စကား ဖြစ်ကုန်တာပေါ့.. ဟိဟိ

Htaike

ကတောက်.. တကယ်ဆို .. အမျိုးသမီး မချက်ကောင်းဘူး

မီးဖိုချောင်လည်းမဝင်ကောင်းဘူး.. အဲဒါတွေပါ ဖြစ်ရမှာ

ခွီး

me

နောက်ပြီး ထီးတင် ဘာတင် အထက်တက်ပြီး လုပ်ရတာတွေ က

ပင်ပန်းတယ်

အန္တရာယ်များတယ်

မြှောက်ပေးပြီး ခိုင်းတာလား မသိဘူး

ယောင်္ကျားတွေ အမြှောက်ကြိုက်တာ မိန်းမတွေ အသိဆုံး

Htaike

ဟုတ်တယ် ပင်ပန်းတယ်

me

အာဖရိကက မိန်းကလေးတွေ အ လို့ ခံရတာပါဟယ်

ငါတို့ မြန်မာမတွေက ဥာဏ်ကောင်းတာ

နွားလှည်းမောင်းသလို လိုတဲ့ ဆီ ရောက်ဖို့

အလျှော့ အတင်း တစ်ဖက်စီ လုပ်တတ်တာ..

ငါတို့ ဂုဏ်ယူသင့်တယ်.. မြန်မာမိန်းကလေးများအဆက်ဆက်.. 

ဥာဏ်ရည် အဆင့်အတန်းမြင့်မား လှတယ်ဆိုတာကို..

ဟိ

Htaike

ဒါပဲ

အားနွဲ့တဲ့ မိန်းမသားဆိုပြီး အခွင့်အရေးတောင်ရသေး.. 

အလေးအပင်မစရာ မလိုတာတွေ ပင်ပင်ပန်းပန်း မလုပ်ရတာတွေ ထားပါ အသေးအဖွဲတွေ။

Decision making တွေ ဘာတွေ တကယ်က အုပ်ချုပ်သူပါဆိုတဲ့ ထူးချွန်ထက်မြက်တဲ့ 

ယောင်္ကျားတွေ နောက်မှာ ထက်မြက်တဲ့ မိန်းမတွေက ဒီလို..ဒီလိုနော် ဆိုပြီး ကပ်ပြီး 

လေသံပျော့လေးနဲ့ အကြံပေးပြီး နေတာ ထင်သာမြင်သာပါအေ။ 

လူရှေ့ကြတော့ သူတို့မဟုတ်သလိုလေးပေါ့။ 

မှားရင် သူတို့တောင် အပြစ်လွတ်သေး။ တော်ထှာာာ။


me

အဲဒီတော့ ဒီလိုလုပ် အဲဒီ Feminist Forum မှာ Culture-Based Negotiation Styles of Burmese

Women ၊ ဒါမှ မဟုတ်how to negotiate with men using culture and myths as tools ဆိုပြီုး်

Seminorဖြစ်ဖြစ် Workshop ဖြစ်ဖြစ် သွားပေးရအောင်.. ဟီးဟီး


Htaike

ပျော်ထှာ

အေး ကောင်းတယ်


me

နင်နဲ့ ငါနဲ့ ပေးလို့ ဘူမှ ယုံမှာ မဟုတ်ဘူး… တို့များ တော်ပြီအေ မလျှောက်တော့ဘူး… တို့များ 

အမျိုးထဲက ယောင်္ကျားနိုင်တဲ့ အဒေါ်ကြီးတွေ ရှာလျှောက်ခိုင်းရအောင်..

ငါတို့က နောက်က ပံ့ပိုးပေးပြီး.။

Htaike

အင်း ဘယ်သူ ဖြစ်နိုင်လဲ.. စဉ်းစားစမ်းးး

me

ငါ့အမေကတော့ မဖြစ်လောက်ဘူး ၊

အဲ… ပြောလို့တော့ မရဘူးဟ.. ငါ့အမေ သူ့ယောင်္ကျားကို စကားလေးတောင် မာမာမပြောဘဲ 

ချစ်ပြထားတာ ဒါကြောင့်လည်း ငါ့အဖေခမျာ သေသာသွားရော အရက်မသောက်၊ 

ဆေးလိပ်မသောက်နဲ့ မိုးချုပ်တာနဲ့ အိမ်ပြန်ရောက်ပြီ အဝင်းရေ.. အဝင်းရေနဲ့..

Htaike

အဟက်..အဟက်..ရိုမန့်တစ်ပဲ..။

me

ငါတောင် ငါ့ မောင်လေးနဲ့ ပြောဖြစ်သေးတယ်.. တို့များ အဖေ အတာ.. အဲဒါကြောင့် တို့ခမျာ 

မုန့်ဖိုးတောင်းစရာ အမေ တစ်ယောက်ပဲ ရှိတယ်။ တကယ်ဆို မေမေကြီးဆီက မရရင် မေမေလေး.. 

မေမေလေး မရရင် မေမေထွေး၊ အဲလိုဆို ဘယ်လောက်ကောင်းလိုက်မလဲ။

သူတို့ချင်းတွေ ကိုယ့်ကို ပြိုင်ချစ်ပြဆိုရင် ငါတို့ ဘယ်လောက် အေးဆေးမလဲလို့။ 

အခုလို သူဆုံးသွားတဲ့ အခါလည်း သူ့နာရေး လူပိုစည်တာပေါ့။ အမျိုးလည်း အင်အားတောင့်တာပေါ့လို့။ 

ခုတော့ တို့ခမျာမောင်နှမလေး နှစ်ယောက်တည်း.. အားငယ်လိုက်တာ..အဖေ ရက်စက်တယ်လို့.. ဟိဟိ။

Htaike

ဒါနဲ့ နင့်အခု အိုင်ဒီယာတွေနဲ့ဆို ငါက ဘယ်လို Feminist Forum လျှောက်ဖို့ ဖောင် ဖြည့်မှာလဲ 

အရူးရ


me

အစကတည်းက နင်မှားတာ.. ငါ့ကို ငါသူငယ်ချင်း ဆရာဝန်တစ်ယောက်က တစ်ခါပြောဖူးတယ် 

နင်ကတော့ ဘယ်တော့မှ Feminist ဖြစ်လာမှာ မဟုတ်ဘူးတဲ့ သူများတောင် သိတယ် နင်က 

အနီးကပ်နေပြီး ညံ့ချက်ပဲ…


Htaike

အံ့ရော… အံ့ရော..နှမ်းသွားရှာပြီ ။


****သူငယ်ချင်းနဲ့ ပျော်စေပျက်စေကလက်စေ နောက်ထားတာသာ ဖြစ်သောကြောင့်
ဆွေးနွေးထားသမျှကို အတည်ဟု မယူဆ စေလိုပါကြောင်း ***** :D
Share this article :

0 comments:

Post a Comment