Googleသည်အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းများအပြင် နည်းပညာ ထိုးထွင်းတီထွင်မှု ကဏ္ဍတွင်လည်း ခြေလှမ်းကျယ်ကျယ်လှမ်းနေရာ ယခုကားအသစ်သည်မသန်စွမ်းသူ မျက်မမြင်များအတွက် ကားအမျိုးအစားသစ်ကို တီထွင်လာခဲ့ခြင်းဖြစ်သည်။ Googleသည် အဆိုပါ ပရောဂျက်ကို (၂၀၁၀)ပြည့်နှစ်၊ အောက်တိုဘာလ ကတည်းက အတည်ပြု ကြေညာထားသည်။ ယခုအခါ Googleသည် မျက်မမြင် ပုဂ္ဂိုလ်များကို ယာဉ်မောင်းသူ ထိုင်ခုံပေါ် ဖိတ်ခေါ်ကာ ကိုယ်တိုင် ကားမောင်းစေခြင်ြး
Googleသည် Self-Driving Car User #0000000001ဟု သတ်မှတ်ထားသည့် စတိဗ်မေဟန်က အဆိုပါကားကိုမောင်း နှင်ကာ နေ့စဉ် လုပ်ငန်းများ ဆောင်ရွက်နေသည့် ဗီဒီယိုကို ထုတ်လွှင့် ပြသခဲ့သည်။ မေဟန်သည် မျက်စိအမြင် (၉၅)ရာခိုင်နှုန်း ဆုံးရှုံးထားသူဖြစ်ပြီး ကားကို ကိုယ်တိုင်မောင်းကာ အစားအသောက် ထွက်ဝယ်ခဲ့သည်ကိုတွေ့ရသည်။ ထိုကား၏ လမ်းညွှန်နည်းပညာ စနစ်က ကယ်လီဖိုးနီးယားရှိ မော်ဂန်ဟေးလ် ဒေသတစ်ဝိုက်ကို မှတ်တမ်းတင်ထားပြီးအလိုရှိတိုင်
Googleသည် Toyotaထုတ် Prius အမျိုးအစား မော်တော်ကားတွင် ထိုစနစ်ကို တပ်ဆင်ထားပြီး ကားတွင် ကင်မရာစနစ်၊ရေဒါစနစ်၊ လေဆာ အာရုံခံစနစ်များ ဖြည့်တင်းပေးရသည်။ အကြိုစမ်းသပ်မှုများအရ လုံးဝ ဘေးအန္တရာယ်မရှိနိုင်ဟု Googleမှာ ပညာရှင်များက ဆိုသည်။ မေဟန်က “ကျွန်တော်တော့ ခြေထောက်မသုံး၊ လက်မသုံးဘဲအေးဆေး ကားမောင်းနေပြီလေ”ဟု ရယ်ရယ်မောမော ပြောဆိုသွားသည်။ ၎င်းသည် ကားနှင့်အတူ ခရီးသည်အချို့ကို ခေါ်သွားပြီး ကားရပ်လိုက်ချိန်တွင် “ကိုယ့်လူတို့ ထွက်တော့။ ကျွန်တော် တခြားနေရာတွေ သွားရဦးမယ်”ဟုပင်နောက်ပြောင်ြေ
copy from : http://www.mailsfromfriends.co.cc/









0 comments:
Post a Comment