Home » , » လမ်းလျှောက်တတ်သော သစ်ပင် (Walking Palm)

လမ်းလျှောက်တတ်သော သစ်ပင် (Walking Palm)

Written By Unknown on Wednesday, 10 October 2012 | 04:36



လမ်းလျှောက်တတ်သော သစ်ပင် တကယ့်အပြင်မှာ ရှိပါတယ်။ သူ့ကို Socratea exorrhiza လို့ခေါ်ပြီး Walking Palm လို့လည်း လူသိများပါတယ်။

အလင်းရောင်ရရှိမယ့် နေရာကို သူ့အလိုအလျောက် လမ်းလျှောက်နိုင်ပါ တယ်။ လမ်းလျှောက်တတ်သော သစ်ပင်ဆိုတာထက်


အသက်ရှိသော သစ်ပင်လို့ဆိုရင် ပိုမှန်ပါတယ်။ အမြစ်ရဲ့  ကြီးထွားမှုနှုန်း၊ မြေထဲ စိုက်ဝင် မှုနှုန်းကို သူ့အလိုအလျောက် ထိန်းချုပ်နိုင်ပါတယ်။ သစ်ပင်တစ်ပင်ပင်က သူ့အပေါ် လဲကျရင် အလိုအလျောက် ပြန်ထနိုင်ပါတယ်။ မြေဇီမြေသြဇာ မကောင်းတော့ဘူးဆိုရင် အခြား နေရာတစ်နေရာကို အလို အလျောက် ပြောင်းရွေ့ ပါတယ်။

အပင်က ပျမ်းမျှအားဖြင့် ၁၅ မီတာမှ မီတာ ၂၀ ကြားမြင့်နိုင်ပြီး ပတ်လည် လုံးပတ်ကတော့ ၁၂ စင်တီမီတာပဲ ရှိပါတယ်။ ဒါကြောင့် အမြစ်ကို လည်း မြေထဲမှာပဲ အားလုံး မြှုပ်မနေစေပဲ ခြေထောက်များပမာ ထုတ်ထား တာမျိုးကိုလည်း ယခုလို မြင်တွေ့ရပါတယ်။ ဒါကြောင့် သူ့ကို လမ်းလျှောက် တတ်သော သစ်ပင် လို့ အများက အသိမှတ်ပြု ထားကြပါတယ်။
---
အသေးစိတ်ဝင်ရောက်လေ့လာရန် -http://en.wikipedia.org/wiki/Socratea_exorrhiza

COPY FROM : http://innewsmyanmar.blogspot.com
Share this article :

0 comments:

Post a Comment