လူတစ်ကိုယ်လုံးကို ကျောက်တုံးဖြစ်စေသော ရောဂါ
Written By Unknown on Saturday 8 December 2012 | 15:32
ကမ္ဘာကျော် လူသိများသွားသူကတော့ အမေရိကန်နိုင်ငံ၊ Philadelphia မြို့ က Harry Raymond Eastlack, Jr. (1933 – 1973) ဖြစ်ပါတယ်။ အသက် ၁၀ နှစ်တုန်းက ဆော့ကစား ရင်း ခြေထောက်မှာ အရိုးဒဏ်ရာ အနည်းငယ် ဖြစ်ပါတယ်။ ယင်း အရိုးဒဏ်ရာကနေ အရိုး ဖြစ်ပေါ်စေတဲ့ ဖိုက်ဘာ တစ်ရှုးများ တဖြည်းဖြည်း ဆပွား တိုးလာပြီး တစ်ကိုယ်လုံးကို အရိုး အဖြစ်သို့ တဖြည်းဖြည်း ချင်း ပြောင်းလဲစေပါတယ်။ အသက် ၄၀ ပြည့်ဖို့ ရက်ပိုင်း အလိုမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ခါနီး ကာလမှာဆိုရင် နှုတ်ခမ်းက လွဲလို့ ကျန်တဲ့ ဘယ် ခန္ဓာကိုယ် အစိတ်အပိုင်းမှ လှုပ်ရှားလို့ မရတော့ပါဘူး။ Harry ကိုအခြေခံလို့ Tell-Tale အမည်ရ ရုပ်ရှင်ကိုလည်း ၂၀၀၉ ခုနှစ်က ရိုက်ကူး ခဲ့ပါတယ်။ မင်းသား Josh Lucas က သရုပ်ဆောင်ပေးထားပါတယ်။
FOB အတွက် ယနေ့အထိလည်း ဆေးမတွေ့ သေးပါဘူး။ Harry ကတော့ သူ့အလောင်းကို Philadelphia ပြတိုက်ကို လှူဒါန်းခဲ့ပါတယ်။ ယနေ့တိုင် လည်း ရောဂါအတွက် အဖြေရှာဆဲ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်တုန်းက ငါးမန်းမှာ ရှိတဲ့ ဓတ်တစ်မျိုးက ပျောက်စေမယ်လို့ တွေ့ရှိပြီး ဆန်းသပ်ရာ ဘာမှ မထူးခြားခဲ့ပါဘူး။
FOP က မွေးရာပါလည်း ဖြစ်တတ်ပါတယ်။ အသက် ၁၀ နှစ်အောက်မှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါ လက္ခဏာကတော့ ခြေမ အရွယ်အစားက သာမန်ထက် ပိုမိုကြီးထွားလာခြင်း ဖြစ်ပါတယ်။ တစ်ကိုယ်လုံး အရိုးဖြစ်သွားပုံကတော့ လည်ပင်းက စပါတယ်။ လည်ပင်မှ ပုခုံး၊ ပုခုံးမှ လက်မောင်း၊ လက်မောင်းမှ ဗိုက်၊ ဗိုက်မှ ခြေထောက် အထိ နေက်ဆုံး အပေါ်ကနေ အောက်အထိ တဖြည်းဖြည်း ကူးစက် တာ ဖြစ်ပါတယ်။ ခေါင်းပါပါဝင်ပြီး နှုတ်ခမ်းသာ လှုပ်ရှားလို့ ရတဲ့အထိလည်း အခြေအနေ ဆိုးပါတယ်။
ဒါကြောင့် လူတစ်ကိုယ်လုံးကို အရိုးစု အဖြစ်သို့ ပြောင်းလဲစေတဲ့ FOP (ကျောက်တုံး ရောဂါ) ကို ကြောက်စရာကောင်းတဲ့ ရောဂါ တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
--
Ref :rare medic facts.
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment