
ကားတစ်စီးလုံး ရှိမှန်း မသိရအောင် ကိုယ်ယောင် ဖျောက်နိုင်တဲ့ ကိုယ်ပျောက်ကားကို ဂျာမနီ သိပ္ပံပညာရှင်တွေက
တီထွင်လိုက်ပြီလို့ သိရပါတယ်။ အဆိုပါ ကိုယ်ပျောက်ကားဟာ ကိုယ်ထည်ကြီး တစ်ခုလုံး ပျောက်တဲ့အထိ ကားရဲ့
တစ်ဖက်မှာ ရှိတဲ့ အရာတွေကို အတိုင်းသား တွင်းဖောက် မြင်နေရပါတယ်။ ဒီ့အတွက် သိပ္ပံ ပညာရှင်တွေဟာ LED
မီးသီးတွေ တွဲဆက်ထားတဲ့ LED ပြားတွေကို Mercedes-Benz F-CELL ရဲ့ ယာဉ်မောင်း ဘက်ခြမ်းမှာ ဖုံးအုပ်ထားပြီး
ကျန်တစ်ခြမ်းမှာတော့ ဒီဂျစ်တယ် SLR ကင်မရာကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။
ကင်မရာက သူနဲ့ကပ်လျက် အခြမ်းက ရှုခင်း မြင်ကွင်းတွေကို ဗီဒီယို ရိုက်ယူပြီး ယာဉ်မောင်း ဘက်ခြမ်းက LED ပြား
တွေပေါ်မှာ အချိန်နဲ့တပြေးညီ ပြပေးတာ ဖြစ် တယ်လို့ သိရပါတယ်။ ဒီ ကိုယ်ပျောက်ကားကို မှတ်တမ်းတင် ရိုက်ကူး
ထားတဲ့ ဗီဒီယိုကို ယူကျုဘ် ၀က်ဘ်ဆိုက်မှာ ၀င်ရောက် ကြည့်ရှုသူ အမြောက်အမြား ရှိနေပြီး အကောင်း ၊ အဆိုး
ဝေဖန် နေကြတယ်လို့ သိရပါတယ်။






0 comments:
Post a Comment