Home » , » ဧရာဝတီဘဏ် (မြဝတီ) က ယူရိုငွေ၊ စင်ကာပူဒေါ်လာ နှင့် အမေရိကန် ဒေါ်လာ တို့ကို တရားဝင် လဲလှယ် ပေးမည်

ဧရာဝတီဘဏ် (မြဝတီ) က ယူရိုငွေ၊ စင်ကာပူဒေါ်လာ နှင့် အမေရိကန် ဒေါ်လာ တို့ကို တရားဝင် လဲလှယ် ပေးမည်

Written By Unknown on Monday, 5 March 2012 | 01:45





မြ၀တီမြို့တွင် ဖေဖော်ဝါရီ ၂၃ ရက်က ထပ်မံ ဖွင့်လှစ် လိုက်သော ၁၉ ခုမြောက် ပုဂ္ဂလိကဘဏ်တစ် ခုဖြစ် သည့် ဧရာဝတီ ဘဏ်ခွဲက ငွေ လွှဲပြုလုပ်ရာတွင် ကျပ် ၁၀၀ လျှင် ပြား ၂၀ နှုန်းသတ်မှတ်ဆောင်ရွက် မည်ဖြစ်သော် လည်း ယခင်ဖွင့်လှစ် ထားသော ပုဂ္ဂလိကဘဏ်အချို့ နှင့်ပြန်လည် ညှိနှိုင်းကာ ဧရာဝတီ (မြ၀တီဘဏ်ခွဲ)မှလွှဲလျှင် ၁၅ ပြား နှုန်းနှင့် အခြားမြို့များ ကလွှဲလျှင် ပြား ၂၀ နှုန်း သတ်မှတ်လုပ်ဆောင် ပေးမည်ဖြစ်ပြီး နိုင်ငံခြားငွေ(ဘတ်) လဲလှယ်မှုကိုလည်း မကြာမီတရား ၀င်လဲလှယ် ပေးသွားမည်ဖြစ်ကြောင်း ယင်းဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းဇော်က မြန်မာပို့စ်သို့ထုတ် ဖော်ပြောကြားသည်။
ထိုသို့ ငွေလဲလှယ်ပေးရာတွင် တာချီလိတ်၊ မြ၀တီနှင့် မူဆယ်မြို့ တို့တွင် ထိုင်းဘတ်ငွေနှင့် တရုတ် ယွမ်ငွေ များကို လဲလှယ် ပေးသွားမည် ဖြစ်ပြီး လတ်တလောအနေဖြင့် ယူရို ငွေ၊ စင်ကာပူဒေါ်လာနှင့် အမေရိ ကန်ဒေါ်လာ တို့ကို လဲလှယ်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။
“ဒီဒေသကို အထူးဒေသအနေနဲ့ လာရောက်ဖွင့်လှစ်ပေးတာဖြစ်ပါတယ်။ နိုင်ငံခြား သား ၀င်ရောက်မှု တွေလည်း ရှိနေပြီ။ ဘဏ်ရဲ့ဝန်ဆောင်မှု လုပ်ငန်း တွေဖြစ်တဲ့ငွေလွှဲ၊ ငွေချေးနဲ့ အပ်ငွေ လုပ်ငန်း တွေအပြင် အခြား ၀န်ဆောင်မှု လုပ်ငန်း တွေကို အမြန်ဆုံး ဖြစ်အောင် ဆောင်ရွက် ပေးသွားမှာပါ။ ထိုင်းငွေ ကြေးလဲလှယ်မှု ကိုတော့ မကြာမီလုပ် ပေးသွား ဖို့ရှိပါတယ်”ဟု ယင်းကထပ် လောင်းပြောကြားသည်။

လတ်တလောပြည်ပငွေလွှဲအနေ ဖြင့် မလေးရှားနိုင်ငံရှိ မလက္ကာ၊ ကွာလာ လမ်ပူ၊ ၀ီဒုန်နှင့် ဟူရိုဘာ ၀ူးမြို့များမှငွေ လွှဲနိုင်ပြီး ကျန်ရှိသောခုနစ်မြို့မှလည်း ငွေလွှဲနိုင်အောင် ဆောင်ရွက်ထားရှိကာ မလေးရှား ငွေရင်းဂစ် ၁,၅၀၀ လျှင် ၁၂ ရင်းဂစ်၊ ၁,၅၀၀ နှင့်အထက် ၃,၀၀၀ လျှင် ၁၅ ရင်းဂစ်၊ ၃,၀၀၀ နှင့်အထက် ၆,၀၀၀ လျှင် ရင်းဂစ် ၂၀ နှုန်းသတ် မှတ်ထားရှိကြောင်း သိရသည်။
မြ၀တီမြို့ ဧရာဝတီ ဘဏ်ခွဲအနေ ဖြင့် မိမိတို့ဘဏ်ခွဲ အချင်းချင်းအပြင် အခြားပုဂ္ဂလိက ဘဏ်များဖြစ်ကြသော ကမ္ဘောဇဘဏ်၊ သမ၀ါယမ ဘဏ်၊ စည် ပင်သာယာရေး ဘဏ်၊ မြန်မာနိုင်ငံသား များဘဏ်၊ မြန်မာ့ အရှေ့တိုင်းဘဏ်၊ မြန်မာ့ရှေ့ ဆောင်ဘဏ်၊ အာရှစိမ်းလန်း မှုဖွံ့ဖြိုးရေး ဘဏ်၊ မြ၀တီ ဘဏ်နှင့် ရိုးမ ဘဏ်စသော ဘဏ် ၉ ဘဏ်နှင့် ချိတ် ဆက်လုပ်ဆောင်လျက်ရှိကာ မြို့ပေါင်း ၄၃ မြို့အပြင် ဘဏ်ခွဲမရှိ သောမြို့များ သို့လည်း ချိတ်ဆက်ထားသည့်ဘဏ် များဖြင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ “ဘဏ်တွေ ဘယ်လို ပဲဖွင့်ဖွင့် ၀န်ဆောင်မှုကောင်းရင် တော့ကောင်းတဲ့ ဆီလာမှာပဲ။ မြ၀ တီမြို့မှာ ထိုင်းဘတ် ငွေကို မကြာ ခင် တရားဝင်လဲပေးမယ်ဆိုတော့ ဒီဘဏ်ရဲ့ဝန်ဆောင်မှုက အခြား ဘဏ်တွေ ထက်အားသာမှုတစ်ခု ဖြစ်တာပေါ့။ နောက်ပိုင်း ထိုင်းနိုင်ငံ ဘက်ကနေငွေလွှဲပြီး ဒီဘက်မှာ ပေါက်ဈေး အတိုင်း မြန်မာကျပ်ငွေ ပြန်ထုတ်ပေးနိုင်ရင်အဆင်ပြေမယ်” ဟု မြ၀တီမြို့မှငွေလွှဲလုပ်ငန်းလုပ် ကိုင်သူတစ်ဦးက ဆိုသည်။
အပ်ငွေပြုလုပ် ရာ၌ စာရင်းရှင် စာရင်းသေ နှစ်မျိုးထားရှိကာ အနည်းဆုံးငွေကျပ် ၁၀,၀၀၀ ဖြင့် ဖွင့်လှစ် ရမည်ဖြစ်ပြီး စာရင်းရှင်အပ် ငွေအပေါ် အတိုး ၈ ရာခိုင်နှုန်းနှင့် စာရင်းသေအပ်ငွေအပေါ် ၉ ဒသမ ၅ ရာခိုင် နှုန်းပေး အပ်သွားမည်ဖြစ် ကြောင်းသိရသည်။ လတ်တလော မြ၀တီမြို့ရှိလုပ်ငန်းရှင်များအနေဖြင့် ဘဏ်ချေးငွေ အတွက် ကုန်စည် စီးဆင်းမှု အနေအထား ကိုကြည့်ကာ စိတ်ဝင်စားမှု နည်းပါး နေသေးကြောင်း သိရသည်။
ရဲဒွေး(မြ၀တီ)
Share this article :

0 comments:

Post a Comment