လွတ်လပ်ပေါ့ပါးမှု အသွင်ကိုဆောင်ပြီး ဘယ်လိုပွဲမျိုးမဆို အဆင်ပြေစေတဲ့ ဂျင်းဘောင်းဘီတွေကို လူတိုင်းလိုလို
ဝတ်ဆင်တက်ကြပါတယ်။ ဂျင်းသားဟာ ကြာရှည်ခံခြင်း၊ ဆွဲဆောင်မှုရှိခြင်း၊ လွတ်လပ်ပေါ့ပါးခြင်း၊ အကြမ်းခံခြင်း၊
အစွန်းအထင်း ခံနိုင်ခြင်း၊ ရာသီဥတုဒဏ် ခံနိုင်ခြင်းစတဲ့ ကောင်းကျိုးတွေကြောင့် လူအများက ကြိုက်နှစ်သက်ကြ
တာပဲ ဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်ပုံစံနဲ့ လိုက်ဖက်တဲ့ ဂျင်းဘောင်းဘီ စတိုင်လေးတွေကို ရွေးချယ်ကြည့်ပါ။
သင်ဟာ ပိန်သွယ်သူဆိုရင်
ပိန်ပြီး သေးသွယ်သူတွေဟာ အောက်ရှူးဘောင်းဘီတွေနဲ့ သိပ်ပြီး လိုက်ဖက်မှု မရှိလှပါဘူး။ အောက်ရှူး ဂျင်းဘောင်း
ဘီမျိုးဆိုရင် အပေါ်က အင်္ကျီ ခပ်ပွပွနဲ့သာ လိုက်ဖက်ပါတယ်။ ပိန်ပြီး သေးသွယ်တဲ့အပြင် အရပ်ပါရှည်သူဆိုရင်တော့
တင်ပါးနေရာနားမှာ ကျပ်ပြီး ခြေသလုံးနေရာနားမှာ ကားသွားတဲ့ ဂျင်းဘောင်းဘီမျိုးနဲ့ လိုက်ဖက်ပါတယ်။ ခြေသလုံး
နေရာ နားလောက်ရှိတဲ့ ကွာတား ဘောင်းဘီတွေက သင့်ကိုပိုပြီး အရပ်ရှည်စေပါတယ်။
ပန်းသီးပုံစံခန္ဓာကိုယ်
သင့်ခန္ဓာကိုယ်က ခါးနေရာနားမှာ တုတ်ပြီး တင်ပါးနေရာနားမှာ ရှူးတယ်ဆိုရင်တော့ ပန်းသီးပုံစံ ခန္ဓာကိုယ်ပါ။ ဒီလို
ခန္ဓာကိုယ်တွေက ချက်နေရာနားထိသာ ဝတ်ရတဲ့ ဂျင်းဘောင်းဘီမျိုးနဲ့ ဆွဲသားပါဝင်တဲ့ ဂျင်းသားမျိုးကို ရွေးချယ်သင့်
ပါတယ်။ ဒူးနေရာနားလောက်သာ ဝတ်ဆင်ရတဲ့ ကွာတားဘောင်းဘီမျိုးနဲ့ လိုက်ဖက်ပြီး ဂျင်းဘောင်းဘီအရှည်ကြီး
တွေက သင့်ခန္ဓာကိုယ်ကို ပိုပြီး ထင်ပေါ်စေတာကြောင့် အောက်ရှူးနေတယ်လို့ ထင်ရစေပါတယ်။ ဂျင်းဘောင်းဘီ
အရှည် ဝတ်မယ်ဆိုရင်တော့ တစ်ပြေးတည်း အရှည်ပုံစံမျိုးကို ရွေးပါ။
ပေါင်တံကြီးသူ
ဝလွန်းတဲ့သူတွေဟာ ခါးနေရာနဲ့ ခြေသလုံးနေရာနားမှာ ချောင်ပြီး ပေါင်တံနေရာနားမှာ ကျပ်နေတက်ကြပါတယ်။
ဒါဟာဝတဲ့ ခန္ဓာကိုယ် ပိုင်ရှင်တွေပါ။ ဂျင်းဘောင်းဘီ ဝတ်မယ်ဆိုရင် သင့်ပေါင်တံနဲ့ အဆင်ပြေပြီး တင်ပါးနေရာကို
အကောင်းဆုံး ပင့်တင်ပေးထားနိုင်တဲ့ အရွယ်အစားကို ရွေးပြီးမှ ခါးနေရာနဲ့ ခြေသလုံး နေရာနားကို
ပြင်ဆင်ကာ ဝတ်ဆင်ပါ။
အရပ်ပုသူ
အရပ်ပုပြီး ခန္ဓာကိုယ် သေးသူတွေကတော့ ခြေသလုံး နေရာနားလောက်ရှိတဲ့ ကွာတားဂျင်းတွေနဲ့ အဆင်ပြေပါ
တယ်။ ဂျင်းအရှည်ဆိုရင်လည်း လိုင်းအစင်းတွေပါတဲ့ ဂျင်းသားမျိုးကို ဝတ်ဆင်ပြီး ခါးပတ်ကို ခါးနေရာနားမှာ
တင်ပြီး ဝတ်ဆင်ပေးပါ။ အင်္ကျီကို ဂျင်းဘောင်းဘီ အတွင်းထဲထည့်ပြီး အပေါ်က ခါးပတ်လှလှလေးတွေနဲ့
တွဲဖက်ဝတ်ဆင်ပေးပါ။
By Good Health Originally
copy from : www.mmcfamily.org






0 comments:
Post a Comment