Home » , » သက်သေနှင့်တကွ

သက်သေနှင့်တကွ

Written By Unknown on Saturday, 3 March 2012 | 06:57

       တစ်နေ့မှာ အဘွားအိုတစ်ယောက်က ကုန်စုံဆိုင်တစ်ဆိုင်ကို သွားပြီးတော့ သူ့အိမ်ကခွေးအတွက်   ခွေးစာသွား
ဝယ်တယ်။ ခွေးစာဝယ်ပြီး ကောင်တာမှာ ငွေရှင်းမယ်လုပ်တော့ ကောင်တာက ငွေကိုင်တဲ့ ကောင်မလေးက
"ကျွန်မတို့ဆိုင်မှာ ခွေးစာဝယ်မယ်ဆိုရင် အဘွားရဲ့ခွေးကို ပြနိုင်မှ ခွေးစာရောင်းလို့ရပါတယ်" လို့ပြောတယ်။
ဒါနဲ့ အဘွားလည်း အိမ်ပြန်ပြီး အိမ်က ခွေးကို ယူလာခဲ့ပါမှ  ခွေးစာဝယ်ခွင့်ရခဲ့တယ်။

      နောက်တစ်နေ့မှာလည်း အဲ့ဒီဆိုင်မှာပဲ သူ့အိမ်က ပူစီအတွက် ကြောင်စာသွားဝယ်ပြန်တယ်။ ဒီတစ်ခါမှာလည်း
ကောင်တာက  ငွေကိုင်တဲ့ကောင်မလေးက မနေ့ကနဲ့ အလားတူပဲ "ကျွန်မတို့ဆိုင်မှာ ကြောင်စာဝယ်မယ်ဆိုရင်
အဘွားရဲ့ကြောင်ကို ပြနိုင်မှ   ကြောင်စာရောင်းခွင့်ရပါတယ်" လို့ပြောပြန်တယ်။ ဒါနဲ့ အဘွားလည်း ဒီကောင်မလေး
တယ်ရစ်ပါလားလို့တောင် မစဥ်းစားတော့ဘဲ အိမ်ပြန်ပြီး သူ့အိမ်ကကြောင်မကို ခေါ်ယူပြလိုက်တယ်။
ဒါနဲ့ အဘွားလည်း ကြောင်စာဝယ်ခွင့်ရသွားရှာတယ်။

     တတိယနေ့မှာ အဘွားဟာ အဲဒီဆိုင်ကို ထပ်မံရောက်ရှိလာပြန်ပါတယ်။ ဒီတစ်ခါတော့ လက်ထဲမှာ ကဒ်ထူပုံး
ငယ်တစ်ခုလည်းပါတယ်။ အဘွားက ကောင်တာက ငွေကိုင်တဲ့ကောင်မလေးဆီ တန်းသွားခဲ့တယ်။ နောက်..
ကောင်တာရှေ့မှာ ရပ်ရင်း ကဒ်ထူပုံးငယ်လေးကို ဆန့်ပေးရင်း.... "ငါ့မြေး.. အထဲကို လက်ကလေးနှိုက်စမ်း
ကြည့်လိုက်စမ်းပါ.."လို့ ပြောလိုက်တယ်။ မိန်းကလေးကလဲ သူ့လက်ကလေးကို ဆန့်တန်းရင်း နှိုက်စမ်းကြည့်
လိုက်တော့ ပူနွေးပြီး နူးညံ့နေတဲ့ အတွေ့အထိကို သူ့လက်ဖျားများတွင် ခံစားမိလိုက်ပါတော့တယ်။
ဒါနဲ့ မိန်းကလေးလည်း ဇဝေဇဝါဖြစ်နေတုန်း အဘွားက ဒီလိုပြောလိုက်ပါတယ်။

"အဘွားကို အိမ်သာသုံးစက္ကူလေးတစ်လိပ်လောက် ရောင်းပါ" ဟူသတည်း။။
Share this article :

0 comments:

Post a Comment