Home » , » ၀မ်းဗိုက်အဆီတွေ လျှော့နည်းစေဖို့

ဝမ်းဗိုက်အဆီတွေ လျှော့နည်းစေဖို့

Written By Unknown on Friday, 17 August 2012 | 20:03

<အသက် ၂၀ ကျော်လာပြီဆိုရင်ကို ဗိုက်ခေါက်လေးက ထွက်လာပြီနော်။ ၀တဲ့လူတွေဆို ပိုဆိုးတာပေါ့။ စားတာ
များပြီး လှုပ်ရှားမူနဲရင်၊ အထိုင်များရင် တခြားနေရာတွေထက် ဗိုက်မှာအရင် အဆီတွေစုလာပါလေရော။
ဗိုက်ခေါက်ထွက်လာပြီ ဗိုက်ပူလာပြီဆိုထဲက အ၀တ်အစားဆိုရင်လည်း ၀တ်ချင်တာ ၀တ်လို့မရတော့ဘူး။
ဗိုက်ခေါက်ကို ထင်သာမြင်သာရှိမယ့် အ၀တ်အစားဆိုရင် ရှောင်နေရလို့လေ။ :D လူရှေ့သူရှေ့ ထွက်ရမှာကိုလည်း
ယုံကြည်မှုမရှိတော့ဘူး။ ယောကျာ်းလေးတွေက တော်သေးတယ်။ ရင်နှင်းတို့ မိန်းကလေးတွေက ပိုဆိုး..
ကျပ်ကျပ်ညပ်ညပ် ၀တ်ချင်ကြတာကိုး။ အဲဒီတော့ ချပ်ချပ်ရပ်ရပ် ဖြစ်ဖို့လိုတာပေါ့။ ဒီတော့ ရင်နှင်းက နည်းလမ်း

လေးတွေ ပေးမယ်။ မပျင်းဖို့တော့ လိုတာပေါ့။ :) အလှပဂေးတွေဖြစ်ဖို့ သေချာလေး လိုက်လုပ်ပေးနော်။

Eat A Low Fat Diet (စားသောက်မှုပုံစံမှားယွင်းခြင်း) ဗိုက်ပူစေတဲ့ အကြောင်းအရင်းက ၂ ခုပဲရှိတယ်။ စားသောက်
မှုပုံစံ မှားယွင်းတာနဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတာ။ အဲဒီတော့ အဲဒီ ၂ ခုကို ပြင်ရမယ်ပေါ့နော်။ ၂ ခု လုံးကို ပြင်ရမှာ
နော်။ လေ့ကျင့်ခန်း ဘယ်လောက်လုပ်လုပ် တ၀တပြဲစားနေရင် ဘာမှထူးလာမှာမဟုတ်ဘူးလေ။ ဗိုက်အဆီအတွက်
အဓိကကတော့ အစားအစာပါ။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကို တော်သင့်ရုံပဲ စားမယ်ဆိုရင်
လှုပ်ရှားမှုသိပ်မရှိရင်တောင် အချိန်အတိုင်းအတာ တစ်ခုအထိတော့ ဗိုက်အဆီတွေ တတ်လာမှာမဟုတ်ဘူး။

အဲဒီတော့ အစားအသောက်ပုံစံကို ပြောင်းပါ။ အမျှင်ဓာတ်ပါတဲ့ ဟင်းသီးဟင်းရွတ်တွေ သစ်သီးဝလံတွေ များများ
စားပါ။ အသားဓာတ်အတွက်တော့ အဆီနဲတဲ့ ကြက်ရင်အုံသား၊ ပဲအမျိုးမျိုး ကိုစားပေးပါ။ ဆီကြော်တွေ၊ အဆာ
ပြေအသင့်စားစရာတွေ၊ အနီရောင်အသားတွေကို မေ့လိုက်တာ အကောင်းဆုံးပါပဲ။ အရမ်းစားချင်ရင်တော့ နဲနဲ
လောက်ပဲစားနော်။ သုတေသနတွေအရ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ကြက်သား၊ ငါး၊ ဥတွေ စားတဲ့သူတွေဟာ
တခြားအစားအစာတွေကို စားသုံးသူတွေထက် ဗိုက်အဆီတွေ ပိုကျလွယ်တာကို တွေ့ရပါတယ်တဲ့။ Drink More
Water (ရေများများသောက်ပါ) ရေများများသောက်ပါ။ ရေဟာ ရင်နှင်းတို့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ပိုလျှံတဲ့ပစ္စည်း
တွေ၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်လေ။ အဲဒီအခါ အသည်းမှာ ခန္ဓာကိုယ်က စွန့်ပစ်ပစ္စည်းတွေ
စုပုံမနေတော့ဘဲ အသည်းက ကောင်းကောင်းအလုပ်လုပ်နိုင်တယ်။ အဆီတွေကို ချေဖျက်ပေးတဲ့ သည်းခြေရည်
တွေကို ကောင်းကောင်းထုတ်ပေးနိုင်တော့ အဆီတွေလည်း ခန္ဓာကိုယ်ထဲမှာ စုပုံမနေတော့ဘူးပေါ့။ ရေတွေပဲ
အများကြီးမသောက်ချင်ရင်လည်း သစ်သီးဖျော်ရည်တွေ သောက်လို့ရတယ်နော်။ Exercise
(လေ့ကျင့်ခန်းပုံမှန်ယူပါ) ကိုယ်လက်လေ့ကျင့်ခန်းတွေလည်းလုပ်ပါ။ လှုပ်လှုပ်ရှားရှားနေပါ။

ဒါပေမယ့် အားကစားခန်းမကို တကူးတက သွားနေစရာမလိုသလို လမ်းကိုလည်း တစ်ရက်ကို တစ်မိုင်လောက်လျှောက်
စရာမလိုပါဘူး။ လမ်းလျှောက်သွားလို့ရမယ့်နေရာကို ကားမစီးဘဲနဲ့ လမ်းလျှောက်သွားပါ။ ဖြစ်နိုင်ရင် လမ်းသွက်သွက်
လျှောက်ခြင်း၊ ပြေးခြင်းနဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ ရေကူးတာကလည်း တစ်ကိုယ်လုံးက အဆီတွေကို
ကျစေနိုင်တဲ့ လေ့ကျင့်ခန်းကောင်းတစ်ခုပါ။ ၀မ်းဗိုက်ကို အဓိကအသားပေးတဲ့လေ့ကျင့်ခန်းတွေကတော့ အိပ်ထမတင်
လေ့ကျင့်ခန်းနဲ့ ခါးလှည့်လေ့ကျင့်ခန်းတွေပါပဲ။ ကိုရီးယားမလေးလို သွယ်လျတဲ့ ခန္ဓာကိုယ် ဆိုတဲ့ ပို့စ်လေးကိုလည်း
ဖတ်ကြည့်ပါအုံးနော်။

Avoid Skipping Meals ( ညစာရှောင်ခြင်းမလုပ်ပါနှင့်) ညစာမစားတာမျိုးတွေ မလုပ်ပါနဲ့။ ခန္ဓာကိုယ်က
ပုံမှန်စားနေမှ ခန္ဓာကိုယ်ထဲက ဇီဝဖြစ်စဉ်တွေက ပုံမှန်ဖြစ်စေပြီး အဆီတွေကိုလည်း ကောင်းကောင်းလောင်ကျွမ်း
စေနိုင်မှာ ဖြစ်ပါတယ်။ လုံးဝမစားဘဲနေမယ့်အစား အစားလျှော့စားပါ။ Quit Alcohol (အရက်/ဘီယာလျော့သောက်ပါ)
ဘီယာဗိုက်ဆိုတာ ကြားဖူးတယ်မဟုတ် ??? အရက်တွေ ဘီယာတွေသောက်ပြီး ဗိုက်ရွှဲလာတာလေ။ အရက်ဘီယာ
တွေမှာ အာဟာရညီမျှမှုမရှိတဲ့ ကယ်လိုရီတွေ အများကြီးပါတယ်။ ဒါကြောင့် ၀မ်းဗိုက်ပိုင်းမှာ အဆီတွေစုလာတာပါ။

ဒါကြောင့် ဖြတ်နိုင်ရင်ဖြတ် မဖြတ်နိုင်ရင် လျှော့နော်။ အဆီကျဆေးတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဘေးထွက်
ဆိုးကျိုးတွေ ရှိတာမို့ သဘာဝအတိုင်း ကြိုးစားတာ အကောင်းဆုံးပါပဲ။ ရင်နှင်းကတော့ အားလုံးအတွက် လိုက်နာရ
အဆင်ပြေပြီး ထိလည်းထိရောက်တဲ့နည်းတွေ ရှာပေးထားတာပါ။ ဒါပေမယ့် ဒီနည်းလေးတွေက ဗိုက်ကအဆီတွေ
ကို လွယ်လွယ်မြန်မြန်နဲ့ ကျစေမှာမဟုတ်ပေမယ့် စိတ်ရှည်ရှည်နဲ့ လုပ်သွားမယ်ဆိုရင် လှလာမယ့်အပြင် ကျန်းမာ
လာမှာပါ။ ကြိုးစားကြစို့နော် သူငယ်ချင်းတို့..။

FWD MAIL : http://www.mmcfamily.org
Share this article :

0 comments:

Post a Comment