Home » , » ရင်သားကင်ဆာ နှင့် သင့်ကျန်းမာရေး

ရင်သားကင်ဆာ နှင့် သင့်ကျန်းမာရေး

Written By Unknown on Saturday, 18 August 2012 | 10:46

ရင်သားကင်ဆာသည် အမျိုးသမီးများ အားဒုက္ခပေးသော ကင်ဆာရောဂါ တစ်မျိုးဖြစ်သည်။ လူအမြောက်အများ ငွေကြေး အကုန်အကျခံကာ ကျန်းမာရေး အားဖြည့်ဓါတ်စာ များကို ဝယ်ယူ စားသုံးပီး ကင်ဆာရောဂါကိုရှောင်ရှားလိုကြသည်။ တစ်ကယ်တမ်း ဆိုပါက နေ့စဉ်နေရောင်ခြည် (၁၀)မိနစ်ခန့် လူ့ခန္ဓာကိုယ်၏ အရေပြား ကို ထိတွေ့ စေနိုင်ခဲ့ပါလျှင် ခန္ဓာကိုယ်မှ လုံလောက်သော ဗီတာမင်ဒီ ကို ထုတ်လုပ်နိုင်ခဲ့ပြီး ရင်သားကင်ဆာ ဖြစ်နိုင်မူ အားလျော့ကျစေနိုင်
သည်ဟု ဆေးဘက်ဆိုင်ရာ ပညာရှင် များက ဆိုကြသည်။

ဗီတာမင်ချို့တဲ့သောကလေးများသည် အရိုးပျော့ ရောဂါ ဖြစ်တတ်ပြီး သာမန်ကလေးများထက် အရပ်ပုတတ်သည်ကိုသိရှိကြသည်မှာ ကြာပြီ ဖြစ်သည်။ သို့သော် ပို၍ပို၍ များသော သုတေသန ပြုချက် ရလာဒ်များသည် ဗီတာမင်ဒီ၏အကျိုးအာနိသင်သည် ဆဲလ် များ၏ ကွဲကြေ ပြောင်းလဲခြင်း တိုးတက် ဖြစ်ပေါ်ခြင်း စသည်တို့တွင်လည်း များစွာအထောက် အကူပြု ပက်သက်မူ ရှိသည်ကိုပြသ နိုင်ခဲ့ပေသည်။
လတ်တလော သုတေသနတွေ့ရှိချက်များအရ သွေးအတွင်း ဗီတာမင်ဒီ ပြည့်ဝနေသော အုပ်စုသည် ဗီတာမင်ဒီ ချို့တဲ့နေသော အုပ်စုထက် ရင်သားကင်ဆာ ဖြစ်နိုင်မူ ၅၀ ရာခိုင်နှုန်း လျော့ကျ နိုင်ကြောင်း ၊ ရင်သားကင်ဆာဖြစ်ခဲ့လျှင်သော်မှ ပျောက်ကင်းမူသည် သွေးအတွင်း ဗီတာမင် ဒီ အနည်း
အများပေါ်တွင်မူတည်ပါသည်။
 
သဘာဝ အစားအစာတွင် ပင်လယ်ငါးသလောက်မှအပ ဗီတာမင်ဒီ ပါဝင်မူ နည်းပါးသည် နေရောင်ခြည်နှင့်လူ့ခန္ဓာကိုယ်ထိတွေ့ပြီး ဗီတာမင်ဒီ ထုတ်လုပ်ပေးခြင်းသည်သာ လူ့ခနာကိုယ်အတွက် လိုအပ်သော ဗီတာမင်ဒီ အား ၉၀ ရာခိုင်းနှုန်းနှင့်အထက် ရရှိစေနိုင်သည်။ သို့သော် ယနေ့ခေတ် လူငယ်များသည် အသားမည်းမည် စိုး၍ နေရောင်ခြည် နှင့်မထိတွေ့လိုကြပေ ၊ထို့ကြောင့် ခန္ဓာကိုယ်အတွင်း ဗီတာမင် ဒီ ချို့တဲံစေနိုင်သည်။ နေရောင်ခြည်(UVB) နှင့် ထိတွေ့မူအဆင့်နှင့်
ရင်သားကင်ဆာ ဖြစ်ပွါးမူနှင့် ပြောင်းပြန်အချိုးကျနေသည်ဟု ကူးစက်ရောဂါ စူးစမ်းလေ့လာရေးအဖွဲ့ မှ ဖေါ်ပြထားပါသည်။ ထို့ကြောင့် သာမာန်လူများအား နေ ရောင်ခြည် ထိတွေ့ခြင်း ဖြင့် ကင်ဆာရောဂါအား ကာကွယ်ရန်တိုက်တွန်းထားပါသည်။
 
သုတေသီများ၏ အဆိုအရ လူကြီးတစ်ယောက်၏ တစ်နေ့တာလိုအပ်သော ဗိတာမင်ဒီသည် ခန့်မှန်ခြေ ၁၀၀၀ မှ၄၀၀၀ IU (အပြည်ပြည် ဆိုင်ရာ ယူနစ်) ဖြစ်သည်။ တစ်ကိုယ်လုံး အရေပြားကို ၁၀မိနစ် ခန့် နေရောင်ခြည် ပြလျှင်၂၀၀၀ IU ထုတ်လုပ်နိုင်ကာ တစ်နေ့တာလိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်နိုင်လိမ့်မည်။အကယ်၍ နေရောင်ခြည်မှဗီတာမင် ဒီ ကိုမထုတ်လုပ်နိုင်မှသာ ဗိတာမင်ဒီ ပါဝင်သော ဆေးဝါးများ စားသုံးသင့်ပါသည်။
 
နေရောင်ခြည်ပြသရန်လိုအပ်သလို အနောက်တိုင်းမှို နှင့် စပျစ်စေ့ တို့သည်လည်းရင်သားကင်ဆာ ကို ကာကွယ် နိုင်သော အာနိသင် ရှိသည်ဟု အမေရီကန်ရှိ ကင်ဆာသုတေသန မှ အဖု အကြိတ် ရောဂါ ဌာနမူး ချန်ရွမ်း က ထုတ်ဖော်ပြောဆိုထားသည်။ ၆၀ ရာခိုင်နှုန်းသောရင်သားကင်ဆာအား ဟော်မုန်းဓါတ်နှင့် သက်ဆိုင်သည့် စပျစ်စေ့ အတွင်းမှ
ဓါတ်တစ်မျိုး နှင့် အနောက်တိုင်း မှို တွင်ပါဝင်သော မပြည့်ဝ အဆီ အက်ဆစ် တို့က အမျိုးသမီးတို့၏ ခန္ဓာကိုယ် အတွင်းမ ဟော်မုန်းဓါတ်ကို မျှတ စွာ ဖြစ်ပေါ်မူကို ထိန်းချုပ်နိုင်သည်ဟုချန်ရွမ်းက ပြောဆိုသည်။ ရင်သားကင်ဆာ ရှိသော
ကြွက် များအား အုပ်စု နှစ်စု ခွဲလိုက်သည်။ တစ်အုပ်စုကို နေ့စဉ် မှို သို့မဟုတ် စပျစ်စေ့ ကို အစာနှင့်ရောကျွေးသည်။ကျန်တစ်အုပ်စုအား ရိုးရိုးအစာများကိုသာ ကျွေးခဲ့သည် ။ ပထမ အုပ်စု သည် အဖု အကြိတ် ကြီးထွားနှုန်း ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်:ထိ လျော့နည်းသွားကြောင်း တွေ့ရှီရပေသည်။သို့သော် ကင်ဆာ ရောဂါ ရှင်သည် ဆေးကို အစာ နှင့်အစားထိုးရန် မဖြစ်ပေ။ တစ်နေ့လျှင် မှို (၆ ကျပ်သား ခန့် တစ်ဂရမ် စားသုံးလျှင် လုံလောက်သည်ဟုဆိုသည်။
တန် ဆေး လွန် ဘေး ဟု လည်း ဆို သည်။

ကင်ဆာရောဂါ ကာကွယ်ရန် သတိပြုရမည့်အချက် (၈) ချက် အကြံ ပြုထားသည်။

(၁) အပိန် အဝ သင့်ရမည်။ ခန္ဓာညွန်းကိန်းEMI=21 သို့မဟုတ် 33 အတွင်းထိန်းသိမ်းထားရမည်။

(၂) နေ့တိုင်းကိုယ်လက်လှုပ်ရှားမူရှိရမည်။ နေ့စဉ် မိနစ် ၃၀ ခန့် လမ်းအမြန် လျောက်ပေးရမည်။

(၃) အစားအသောက် ၁၀၀ ဂရမ် လျှင် ၁၂၅၄ ကယ်လိုရီ ပေးသော အစားအစာများကိုရှောင်ရမည်။
      အချိုရေ ဗူး ၊ အမြန် အသင့်စားနိုင်သော အစားအစာများ ရှောင်ရမည်။

(၄) သားကြီး ငါးကြီး နှင့် တာရှည်ခံ အောင် ပြုပြင်ထားသော သား ငါးများကို ရှောင်ရမည်။

(၅) နေ့စဉ် ဟင်းသီးဟင်းရွက် ၅-မျိုး ၊စပါး ၊ပဲ ၊ ပြောင်း၊ ဂျုံ ၊နှံ စာနိုင်ရင်ပိုကောင်းသည်။

(၆) ဆေးလိပ် ၊ အရက် သောက်ခြင်း၊ မူးယစ်းဆေးဝါး ရှောင် ရမည်။

(၇) လက်သုပ်ချဉ်၊ ငါးပိ ၊ ငံ ပြာရေ များရှောင်ရမည် ၊တစ့်နေ့တာ ဆားသုံးစွဲမူ ၂.၄ ဂရမ်အောက် လျော့နည်းရမည်။

(၈) သဘာဝ အစားအစာများမှ လိုအပ်သော သတ္တုဓါတ်များ နှင့် အာဟာရ ဓါတ်များ ရယူရမည်။




 ZHI YOU RIBAO တရုတ်သတင်းစာမှ ဘာသာပြန်ဆိုတင်ပြသည်။

FWD : http://www.mmcfamily.org
Share this article :

0 comments:

Post a Comment