ငှက်ကလေးတစ်ကောင်ဟာ ကောင်းကင်ကြီးအနှံ့ ပျံသန်းအစာရှာထွက်ရင်း တစ်နေ့တော့ အပြောကျယ်လှတဲ့
ပန်းခင်းကြီးထဲက အဖြတ်မှာ လေယူရာတိမ်း ယိမ်းနေတဲ့ ပန်းခန်းကြီးထဲမှာ လှသွေးတွေကြွယ် လှပလွန်းတဲ့
နှင်းဆီပန်းးလေး တစ်ပွင့်ကို မြင်မြင်ခြင်းမှာပဲ နှင်းဆီပန်းလေးကို နှစ်သက်မြတ်နိုး ချစ်စိတ်တွေဝင်သွားပါသတဲ့.။

ငှက်ကလေးဟာ နှင်းဆီပန်းလေးနား သွာပြီး သူချစ်တဲ့ နှင်းဆီပန်းလေးကို သူ့ရင်ထဲက အချစ်တွေအကြောင်း
ဖွင့်ပြောတော့ အလှဂုဏ်တွေ မှောက်နေတဲ့ နှင်းဆီပန်းလေးက
“ငါ နင့်ကို လုံးဝ မချစ်နိုင်ဘူး” ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ ငြင်းဆန်လိုက်ပါတယ်။
နှင်းဆီပန်းလေးရဲ့ အငြင်းစကားကို ကြားခဲ့ရပေမဲ့ ငှက်ကလေးဟာ ဇွဲမလျော့ပါဘူး.......။ သူချစ်တဲ့ နှင်းဆီပန်း
လေးရှေ့ နေ့စဉ်ရောက်လာပြီး သူရင်ထဲက အချစ်တွေအကြောင်း နှင်းဆီပန်းလေးသိအောင် လာရောက်
ပြောဆိုတာပေါ့။
အချိန်တွေ ကြာလာတာနဲ့ အမျှ ငှက်ကလေးရဲ့ ဇွဲရှိတဲ့ အချစ်တွေအပေါ်မှာ နှင်းဆီပန်းလေးဟာ တိမ်းညွှန့်လာ
ခဲ့ပြီးငှက်ကလေးကို ချစ်မိသွားပါလေရော။
ဒါပေမဲ့ မာနကြီးတဲ့ နှင်းဆီပန်းလေးဟာ သူ ငှက်ကလေးကို ချစ်မိတဲ့ အကြောင်းကို ပွင့်လင်းစွာ ဝန်ခံချင်စိတ်
မရှိခဲ့ဘူးလေ။ အဲ့ဒီလိုနဲ့ နှင်းဆီပွင့်လေးဟာ ငှက်ကလေးကို စကားတစ်ခွန်း ပြောလိုက်တယ်။
“ငါ ဒီတိုင်းဆိုရင်တော့ နင့်ကို ချစ်လို့ရမှာ မဟုတ်ဘူး ။ အနီရောင်ရဲရဲ နှင်းဆီတစ်ပွင့်အဖြစ် ပြောင်းလဲသွားတဲ့
အချိန်မှပဲ နင့်ကို ချစ်နိုင်လာပါလိမ့်မယ်”
ဘယ်လိုမှ အနီရောင် ပြောင်းလဲဖို့ မဖြစ်နိုင်တဲ့ နှင်းဆီပန်းရဲ့ စကားလေးကိုကြားပြီး ငှက်ကလေးဟာ စကား
တစ်ခွန်းမှ မဆိုပဲ ပြန်သွားခဲ့တယ်။
ဒါပေမဲ့ နောက်တစ်နေ့ မနက်စောစောမှာပဲ ငှက်ကလေးဟာ နှင်းဆီပန်းလေးဆီရောက်လာပြီး တစ်စုံတစ်ရာကို
နှင်းဆီပန်းလေးရဲ့ ခန္ဓာကိုယ်ပေါ် သွန်ချလိုက်တယ်လေ။

သူသွန်ချလိုက်တဲ့ အရာကြောင့် အနီရောင်ရဲရဲ ပြောင်းလဲသွားတဲ့ နှင်းဆီပွင့်လေးဟာ အံ့ဩမှင်သက်ပြီး
ငှက်ကလေးကို ငေးမောနေမိခဲ့တယ်။ ငှက်ကလေးရဲ့ ရင်ထဲက သူ့အပေါ်ချစ်တဲ့ အချစ်စစ်တွေကိုလဲ
ခံစားမိလိုက်တော့...
“ငှက်ကလေးကို ချစ်ပါတယ်”
ဆိုတဲ့ စကားတစ်ခွန်းကို ရိုးသားစွာ ဖွင့်ပြောလိုက်ဖို့ ငှက်ကလေးဆီ လှည့်အကြည့်မှာ ငှက်ကလေးဟာ
မြေပြင်ပေါ် လဲကျသေဆုံးနေပြီလေ။

စောစောက နှင်းဆီပန်းလေးအပေါ်ကို လောင်းချလိုက်တဲ့ အနီရောင် တစ်စုံတစ်ရာဆိုတာ ငှက်ကလေးက
သူ့ရဲ့ တောင်ပံကို ချိုးပြီး ခန္ဓာက သွေးတွေ နှင်းဆီပန်းလေး အပေါ် လောင်းချပေးခဲ့လိုက်တာကိုး။ တစ်စက်စက်
ကျဆင်းနေတဲ့ သူ့ရဲ့ သွေးတွေထဲမှာ သူချစ်ခြင်းတွေ ထည့်ဝင်ပြီး နှင်းဆီပန်းလေး ဖြစ်စေချင်တဲ့ ဆန္ဒလေးကို
ဖြည့်ဆည်းပေးခဲ့တာပါ။
ငှက်ကလေး မရှိတော့တဲ့ အချိန်မှ ငှက်ကလေးရဲ့ သူ့အပေါ် ချစ်တဲ့ လေးနက်တဲ့ အချစ်တွေကို သိမြင်သွားတဲ့
နှင်းဆီပန်းလေးဟာ နောင်တ များစွာနဲ့ နေ့စဉ် ငိုကြွေးနေခဲ့ရတာပေါ့။

နှင်းဆီပန်းလေးရဲ့ အဖြစ်လေးကို ပမာယူပြီး မိမိချစ်နေတဲ့ သူကို ချစ်တယ်လို့ ပြောခွင့်ရချိန်လေးမှာ
ဖွင့်ဟ ဝန်ခံလိုက်ပါနော်။
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကို မာနတရားတွေနဲ့ ဖုံးကွယ်ထားစရာမလိုပါဘူး။
ရိုးသားမှုနဲ့ တန်ဖိုးထားတတ်မှုသာ လိုပါတယ်။
အချစ်မှာ မာယာတွေ မပါပါဘူး...........။
အချစ်ကြောင့် နောင်တတွေ မရစေချင်ဘူး...........။
မိမိနှလုံးသားလေးကို သေချာ ဆန်းစစ် ၊ မာနဆိုတဲ့ လက်နက်ချပြီး အချစ်ရဲ့ အောက်ကို ညင်ညင်သာသာ
ခိုဝင်ကြည့်လိုက်ပါ။
ငြိမ်းချမ်းခြင်းတစ်ခုကို သင် ရှာဖွေတွေ့ရှိသွားမှာပါ။
အမ မေလေး ရေးသားခဲ့တဲ့ပိုစ်တစ်ပုဒ်ဖြစ်ပါတယ်
FWD : http://www.mmcfamily.org






0 comments:
Post a Comment