Home » , » Google Search မှာ ပိုမိုပြည့်စုံအောင် ရှာချင်ရင်..

Google Search မှာ ပိုမိုပြည့်စုံအောင် ရှာချင်ရင်..

Written By Unknown on Thursday, 21 June 2012 | 15:03

ဒီတစ်ခါတော့ ကျနော်တို့ အများဆုံးအသုံးပြုနေတဲ့ Google Search Engine မှာ ကျနော်တို့ ရှာချင်တဲ့ အကြောင်းအရာတွေ ပိုမိုပြည့်စုံစွာ ဖော်ပြနိုင်ဖို့အတွက် နည်းလမ်းလေး တစ်ခု မျှဝေချင်ပါတယ်။ သိပ်ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တော်တော်အသုံးဝင်တာ တွေ့ ရပါတယ်။ စမ်းကြည့်လိုက်ပါအုံးခင်ဗျာ။ ပထမဆုံး ကိုယ်ရှာချင်တဲ့ စာလုံးတွေကို ရိုက်ထည့်ပြီး Enter ပေးလိုက်ပါတယ်။ ဆိုပါတော့ .. အောက်က ပုံထဲကလို.. latest Myanmar News ဆိုပြီး ရိုက်ထည့်လိုက်ရင်.. News Links တွေတော့ အများကြီးတွေ့ရမှာပဲ။ ဒါပေမယ့်လို့ အဲဒီထက်ပြည့်စုံအောင်... ကိုယ်ရှာလိုက်တဲ့ အကြောင်းအရာကို ဖော်ပြပေးနိုင်အောင် ဆိုရင်တော့ ကိုယ်ရှာလိုက်တဲ့ link ရဲ့ နောက်ဆုံးမှာ =&as_qdr=d စာသားလေး ထည့်ပေးလိုက်ပါ။ ပိုရှင်းအောင် အောက်က ပုံလေးကို ကြည့်လိုက်ပါအုံး...
 

ဒီပုံထဲကအတိုင်း အပြာရောင်နဲ့ ပြထားတဲ့နေရာမှာ =&as_qdr=d ဆိုတဲ့ word လေးထည့်ပေးလိုက်ပါ။

သဘောပေါက်ကြမှာပါ။ အခုလိုရှင်းပြရတာက မသိသေးတဲ့ သူများအတွက် ဖြစ်ပါတယ်။ သိပြီးသားသူများအတွက် ကလေးကလားဆန်နေပါလိမ့်မယ်။
ဒီပုံကတော့ ပုံမှတ်အတိုင်း ရှာထားတဲ့ result ပါ။
ဒီပုံကတော့ အထက်ပါ စာလေး ထည့်ပြီး ပြန်ရှာလိုက်တဲ့ result ပဲ ဖြစ်ပါတယ်။
 
fwd : http://www.mmcfamily.org
Share this article :

0 comments:

Post a Comment