Home » , » Huawei C8650/8800 ကို ROOT လုပ်ကြရအောင်၊ မြန်မာဖောင့်သွင်းကြရအောင်....

Huawei C8650/8800 ကို ROOT လုပ်ကြရအောင်၊ မြန်မာဖောင့်သွင်းကြရအောင်....

Written By Unknown on Friday, 15 June 2012 | 19:25





ခု C8800 ကိုင်တဲ့သူအတွက် ROOT လုပ်နည်းနဲ့ မြန်မာဖောင့်သွင်းနည်း ရေးပေးလိုက်ပါတယ်။ သူငယ်ချင်းဆုဆုလည်း အဆင်ပြေပါစေနော်.....

Huawei C8800/8650 ကို ROOT လုပ်နည်း
  1. အရင်ဆုံး အောက်က ဖိုင်သုံးခုလုံးကို Download လုပ်လိုက်ပါ။
  2. C8650_ShunYea_Recovery_4.0.1.4_RC1
  3. update.zip
  4. Font Changer.apk
  5. သုံးခုလုံးကို ဆွဲပြီးပြီဆိုရင် အရင်ဆုံး update.zip ဖိုင်ကို မိမိဖုန်းရဲ့ SD Card ထဲထည့်ထားပေးပါ။
  6. ပြီးရင် မိမိဖုန်းကို Power ပိတ်လိုက်ပါ။
  7. Volume Down + Power ခလုတ်ကို ကြာကြာဖိထားပါ။ Huawei Logo မှာ ရပ်နေပါမယ်။ ဒါဆိုရင် First Mode၀င်ပါပြီ။
  8. ပြီးရင် C8650_ShunYea_Recovery_4.0.1.4_RC1 ကို Extra လုပ်ပြီးတော့ အထဲမှာပါတဲ့ 双击..Recovery ကိုRUN ပါ။
  9. ပြီးလျှင် မိမိဖုန်းကို USB Cable ကြိုးဖြင့် ကွန်ပျူတာနှင့် ချိတ်လိုက်ပါ။ Driver က မိမိစက်မှာ မရှိသေးဘူးဆိုရင် အစိမ်းရောင်စာသားတွေ ဟိုပြေး ဒီပြေး ဖြစ်နေပါမယ်။
  10. ပြီးလျှင် Enter ခေါက်လိုက်ပါ။ အစိမ်းရောင်စာသားတွေ အလုပ်လုပ်နေပါမယ်။ ငြိမ်သွားရင် မိမိဖုန်းက Recovery Mode အလိုလိုတက်လာပါမယ်။
  11. မတက်လာရင် Volume Up + Power ခလုတ်နဲ့ဝင်ပါ။ ပြီးလျှင် -apply update from sdcard >> -Yes >> – Insatll /sdcard/update.zip ထိ အဆင့်ဆင့် ရွေးပေးပါ။
  12. ပြီးလျှင် စက်က Restart ကျသွားပါမည်။ မကျပါက Reboot system now ကို ရွေးလိုက်ပါ။ ပြန်တက်လာရင်တော့ မိမိဖုန်းရဲ့ Application ထဲမှာ Superuser ရောက်ရှိနေပြီဖြစ်ပါတယ်။

ROOT လုပ်ခြင်းပြီးဆုံးသွားပါပြီ။

Myanmar Font သွင်းခြင်း

မြန်မာဖောင့်သွင်းတာကတော့ လွယ်လွယ်လေးပါ။ Myanmar Mobile APP  Product ဖြစ်တဲ့ Zawgyi Changerလေးနဲ့ပဲ အသုံးပြုသွားမှာပါ။ အဲအတွက် မိမိဖုန်းဟာ ROOT လုပ်ပြီးသားဖြစ်ရပါမယ်။ အပေါ်ကအဆင့်တွေအားလုံး အဆင်ပြေသွားပြီဆိုရင်တော့ Font Changer ကို မိမိဖုန်းရဲ့ SD Card ထဲထည့်ပြီး Install လုပ်လိုက်ပါ။ ပြီးလျှင် ဖွင့်လိုက်ပါ။ Superuser Request တောင်းလာလျှင် Allow လုပ်ပေးပါ။ ပြီးလျှင် Zawgyi Changer ထဲရောက်သွားပါပြီ။ ဇော်ဂျီဖောင့်ပြောင်းရန်ဆိုတာကို ရွေးပေးပါ။ ပြီးလျှင် ခဏစောင့်ပေးလိုက်ပါ။ မိမိစက်က Auto Reboot ကျသွားပြီး ပြန်တက်လာလျှင် မြန်မာလို မြင်ရပြီ ဖြစ်ပါတယ်။

Myanmar Keyboard သွင်းခြင်း

ROOT လည်းပြီးပြီ။ မြန်မာလိုလည်းရပြီ။ မြန်မာလိုရိုက်ဖို့အတွက် Keyboard လိုပါတယ်။ ဒါကြောင့် Myan Droid Soft Keyboard လေးတင်ပေးလိုက်ပါတယ်။ ဒီနေရာလေး မှာ Download သွားဆွဲလိုက်ပါ။
  1. ပြီးလျှင် SD Card ထဲထည့်ပြီး Install လုပ်လိုက်ပါ။
  2. ပြီးလျှင် မိမိဖုန်းရဲ့ Setting ထဲသွားပါ။
  3. Language & Keyboard ထဲကိုဝင်ပြီး MyanDroidSoftKeyboard ကို အမှန်သွားခြစ်ပေးလိုက်ပါ။

Keyboard အသုံးပြုရန် မိမိစာရိုက်မည့်နေရာမှာ 3စက္ကန့်လောက် ဖိထားလိုက်ပါ။ Input Method ကို ရွေးပေးပါ။ ပြီးလျှင် MyanDroid Keyboard ကိုရွေးပေးပါ။ ဒါဆို မြန်မာလိုရိုက်လို့ရပါပြီ။

အားလုံးအဆင်ပြေကြပါစေ......
သူငယ်ချင်းများ အားလုံးကို KNOWLEDGE PALACE BLOG သို့ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။
သွားချင်လျှင် ဒီနေရာလေး ကို နှိပ်ပြီး သွားလိုက်ပါ။ 
အားလုံးကိုကျေးဇူးတင်ပါတယ်။
အောင်ခိုင်မိုး
 
 
Share this article :

0 comments:

Post a Comment