အသက်(၃၀)
နှစ်အရွယ် အဲလက်ဇီ ဘုင်ကို့ဗ် ဆိုသူ အမျိုးသားသည်
သူ၏ချစ်သူအားမိမိကိုအမှန်တကယ်ချစ်မြတ်နိုးသည် ဟုတ်မဟုတ်ကို သိရှိလို၍ လှပသောစွန့်စားမှုတစ်ရပ်
ပြုလုပ်ခဲ့သည်။ ဘိုင်ကို့ဗ် သည် ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ မိတ်ကပ်ပညာရှင်နှင့် စတန့်မင်းသား
တို့ကို ငှား၍ လမ်းမပေါ်တွင် ကားနှင့် ပတ်သက်၍ ထိခိုက်မှုဒဏ်ရာရမှုတစ်ခု ဖြစ်သည့်အသွင်
ဖန်တီးစေ၍ သူမ၏ ချစ်သူ ကိုလိုကို့ဗ် နှင့်တွေ့ဆုံစေရန် သဲထိတ်ရင်ဖို ဇာတ်လမ်းဆင် တင်ဆက်ထားသည်။မိမိချစ်သူကမိမိအားအပြီးတိုင်စွန့်ခွာသွားပြီအထင်ဖြင့်
ဝမ်းနည်းလွန်း၍
မျက်ရည်များစီးကျလာသောချစ်သူ
မိန်းခလေးအား ဤအဖြစ်အပျက်သည် အမှန်တကယ် မဟုတ်ကြောင်း သွေးအတုအလိမ်းလိမ်းဖြင့်ပြုံးရွှင်ကာရှင်းပြ၍
ချစ်ခွင့်ပန်ခဲ့ကြောင်း ဘိုင်ကို့ဗ် မှပြောကြားခဲ့သည်။
ကျွန်တော့်အနေနဲ့
ကျွန်တော့်မိန်းခလေးကို သိစေချင်တာက သူမဘဝမှာ ကျွန်တော်မရှိရင် မဖြစ်ဘူးဆိုတာရယ်၊ ကျွန်တော်က
သူမဘဝမှာ ဘယ်လောက်အရေးပါလဲ ဆိုတာကို ပြောပြချင်လို့ အခုလို ကိုယ် တိုင်ဇာတ်လမ်းဆင်ပြီး
စွန့်စားခဲ့တာဗျ ဘိုင်ကို့ဗ် မှ ရယ်ရယ်မောမော သတင်းပေးသွားခဲ့သည်။
သူ၏မေတ္တာကို
သိရှိခံစား၍ နားလည်သွားသောချစ်သူ ကိုလိုကို့ဗ် မှ ယင်းသို့ချစ်ခွင့်ပန်မှုအား အားရဝမ်းသာလက်ခံခဲ့သည်။
လူတိုင်းကိုယ့်ချစ်သူတွေကိုပုံစံအမျိုးမျိုးနဲ့ကိုယ်ချစ်တဲ့အကြောင်းကို ဖော်ပြကြတယ်...ဘော်ဘော်တို့လည်းကိုယ့်ရဲ့ ချစ်သူကိုဘယ်လိုပုံစံနဲ့ ကိုယ်ချစ်တာကို ဖော်ပြကြမလဲ
? တစ်ကယ်လို့ မလုပ်ရသေးဘူးဆိုရင်လည်း ကိုယ့်ရဲ့ချစ်သူအံ့`ဩဝမ်းသာစေသော ဆောင်ရွက်ချက်တွေနဲ့ကိုယ့်ချစ်သူရဲ့တစ်ကယ်အချစ်စစ်ကိုရယူကြစို့နော်.
........ဘိုင်းဘိုင်
........ဘိုင်းဘိုင်
copy from http://burmeseclassic.com







0 comments:
Post a Comment