ကျောက်မျက်အလှဖြင့်
ပိုမိုတောက်ကြွားနေသည့် ဒေါ်လာ(၁၀၀,၀၀၀) တန် iPhone 5 ကာဗာ(cover) တစ်ခုသည် အမျိုးသမီးထုအကြိုက်ဖြစ်နိုင်မည့်
ကျောက်မျက်ရတနာရောင်စုံတို့ဖြင့် အရောင်အသွေးစုံစွာ ဒီဇိုင်းဖော်၍ လှပအောင် စီမံထားသည့်
iPhone 5 ကာဗာတစ်ခုအား ဈေးကွက်အတွင်း စတင်မိတ်ဆက်လိုက်သည်ကို စက်တင်ဘာ (၁၆) ရက်နေ့
Redmond Pie နည်းပညာသတင်းမှ ထုတ်ပြန်ကြေငြာထားသည်။
iPhone 5 ကာဗာသည် အဖြူရောင်ရွှေနှင့်တွဲကာ(၁၈) ကာရက်
Ceylon နီလာ အပြာရောင်ကျောက်ငယ် (၂၃၈၀) လုံးနှင့် ပတ္တမြားအလုံးသေး(၃၈) လုံးတို့ဖြင့်
သပ်ရပ်စွာ မြုပ်နှံ၍ ဒီဇိုင်းဖော် စီခြယ်ထားသည်ကို တွေ့ရှိရပြီး၊ Apple ကုမ္ပဏီအတွက်
မရှိမဖြစ်အရေးပါသော (logo) အမှတ်တံဆိပ် ပန်းသီးပုံကိုမူ ပတ္တမြား(၃၈) လုံးဖြင့် ဝန်းရံကာ
ပုံဖော်ထားသည်ကိုလည်း တွေ့ရှိနိုင်ပါသည်။
ကြိုတင်မှာယူနိုင်သော
ယင်း iPhone 5 cover (ကာဗာ) ၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၀၀၀၀၀)ဖြစ်ပြီး၊ iPhone ချစ်သူများအတွက်
တစ်မျိုးအမြင်ဆန်းစေပြီး မိမိရဲ့ ပြည့်စုံ ကြွယ်ဝမှုကို လူကြားထဲမှာ ဝင့်ထည် မှာဖြစ်သည်။
Apple ကုမ္ပဏီမှ
iphone ချစ်သူပရိသတ်တို့အတွက် မိမိတို့ဖေ့ဘွတ်အတွင်း Apple အကောင့် (account) အား ထည့်သွင်းထားပါက
Apple ကုမ္ပဏီမှ နောက်ဆုံးအသစ်ထွက်ရှိလာမည့်သတင်းအချက်အလက် တို့သည် သင့်ထံသို့ အချိန်နှင့်
တစ်ပြေးတည်း ရောက်ရှိအောင်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သတင်းရ ရှိပါသည်။
အဖြူရောင်ရွှေ၊
နီလာ နှင့် ပတ္တမြားတို့ ဖြင့် ဖန်တီးမည့် ယခုဒေါ်လာ ၁ သိန်း တန် Cover Case နဲ့ အားမရသူတို့အဖို့လည်း
မိမိတို့ စိတ်ကြိုက် ဒီဇိုင်နာမှ အခြား အဖိုးတန်ကျောက် မျက်များဖြင့် လှပသစ်ဆန်းစွာ
ဖန်တီးထားသော အဖိုးတန် iPhone 5 Cover Case များကို မှာယူနိုင်ကြောင်းလည်း သိရှိရပါသည်။
copy from http://burmeseclassic.com
copy from http://burmeseclassic.com








0 comments:
Post a Comment