Home » , » အမှတ်မထင် တွေ့ရှိခဲ့သည့် ရှေးကျ၍ ထူးဆန်းသော နံရံဆေးရေးပန်းချီ

အမှတ်မထင် တွေ့ရှိခဲ့သည့် ရှေးကျ၍ ထူးဆန်းသော နံရံဆေးရေးပန်းချီ

Written By Unknown on Saturday, 15 September 2012 | 22:49




အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရှိ American Indian မိသားစုတစ်စု၏ အိမ်အတွင်းမှ ရှေးကျသော Wall painting (နံရံပေါ် ပန်းချီရေးဆွဲခြင်း) အနုပညာလက်ရာတစ်ခုအား အိမ်အတွင်း ပြုပြင်မွမ်းမံရာမှ အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့သည်ဟု Yahoo သတင်းတွင် ဖော်ပြပါရှိသည်။


စက်တင်လာ(၁၃) ရက်နေ့ပါအဆိုပါသတင်းအရChajulရွာမှမိမိတို့အိမ်အတွင်း ပြင်ဆင်မှုအချို့ပြုလုပ်ရာမှ ၎င်းရှေးဟောင်း နံရံပန်းချီအားထူးဆန်းစွာ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
နှစ်ရှည်လများ ကြာလာပြီဖြစ်သောကြောင့် အရောင်များ ပျက်ပြယ်နေပြီဖြစ်သော ၎င်းနံရံဆေးရေးပန်းချီအား တွေ့မြင်ရခဲ့ပြီး၊ ရှားပါးသော အနုပညာလက်ရာထဲတွင် ပါဝင်သည်ဟု ဘော့စ်စတွန် တက္ကသိုလ်မှ ရှေးဟောင်းသုတေသီ ဝီလီယမ်စက်တာနီမှရှင်းလင်းပြောကြားခဲ့သည်။

ယင်းနံရံဆေးရေးပန်းချီသည် American Indian နှင့် စပိန်လူမျိုးတို့၏ ဝတ်စားဆင်ယင်မှုမျိုးဖြင့် လူနှင့်တိရစ္ဆာန်တို့၏လှုပ်ရှားမှုအချို့အား ဖော်ပြာထားသည့်အနုပညာလက်ရာတစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
၎င်းပန်းချီသည် လွန်ခဲ့သော (၁၆) ရာစုအတွင်းက ရေးဆွဲခဲ့သည်ဟု မှတ်ယူရပြီး Chajul ရွာအတွင်းသို့ ဝင်ရောက်လေ့လာခဲ့သော ရှေးဟောင်းသုတေသီတို့မှ ၎င်းရွာအတွင်းရှိ ရွာသူရွာသားတို့သည် စိုးရိမ်သံသယမကင်းသော အကြည့်များကိုလည်း တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

Copy from http://www.burmeseclassic.com
Share this article :

0 comments:

Post a Comment